၃၆ ကြိမ်မြောက်ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မညီလာခံကြီးအား ဗန်းမော်မြို့၌ စည်ကားစွာကျင်းပခဲ့

၃၆ ကြိမ်မြောက်ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မညီလာခံကြီးအား ဗန်းမော်မြို့၌ စည်ကားစွာကျင်းပခဲ့
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကေဘီစီ၏ ၄နှစ်တစ်ကြိမ် ပြုလုပ်ကျင်းပလေ့ရှိသည့် ၃၆ကြိမ်မြှောက်ပွဲတော်အား ကချင်ပြည်နယ်၊ ဗန်မော်မြို့၊ရောဘက် သာသနာဝင်း၌ ၂၇ရက်နေ့မှ ၃၁ရက်နေ့အထိ....

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကေဘီစီ၏ ၄နှစ်တစ်ကြိမ် ပြုလုပ်ကျင်းပလေ့ရှိသည့် ၃၆ကြိမ်မြှောက်ပွဲတော်အား ကချင်ပြည်နယ်၊ ဗန်မော်မြို့၊ရောဘက် သာသနာဝင်း၌ ၂၇ရက်နေ့မှ ၃၁ရက်နေ့အထိ ကျင်းပခဲ့သည်။  

ဗန်းမော်မှာကျင်းပနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မညီလာခံကြီးတွင် ကချင်ပြည်နယ်အပြင် မြန်မာနိုင်ငံတဝန်းမှ ယုံကြည်သူ ၃ သောင်းကျော် တက်ရောက်နေပါတယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန

ယင်းပွဲတော်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သင်းလုံးကျွတ်အစည်းအဝေးကြီး နှင့် အဖွဲ့ချုပ်ရာပြည့်ကျေးဇူးတော် ချီးမွမ်းခြင်းဓမ္မသဘင် ပွဲလည််းဖြစ်ပါသည်။ ယခုနှစ်ပွဲတော်သည် ကေဘီစီ၏ အကြီးမားဆုံးပွဲကြီးတစ်ခု ဖြစ်ကြောင်းပွဲလာသူအသင်းသားများက ပြောသည်။

ဤပွဲတော်တွင်အဓိကပြုလုပ်ခဲ့သည့်အစီအစဉ်များမှာ ကေဘီစီ အတွင်းရေးမှူးအသစ်ကို  ရွေးချယ်တင်မြောက်ခြင်းနှင့် ကေဘီစီ၏ အဖွဲ့ဝင်ဌာနလုပ်ငန်း တာဝန် အသီးသီး များကို ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။ ပူးတွဲအစီအစဉ်များမှာ အပြစ်ဝန်ချတောင်းပန်ခြင်း ပြည်သူလူထုများ၏ လုပ်ကိုင်စားသောက်မှု အသက်မွေးဝမ်းကျောင်း အတွက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ကောင်းကြီးများတောင်းခံဆုတောင်းခြင်း စသည့် အစီအစဉ်များပြုလုပ်ကျင်းပခဲ့သည်။

ပြည်သူလူများသည် အခက်အခဲအကျပ်အတည်းများနှင့် နိုင်ငံရေးအခြေအနေများ အတည်မငြိမ် ဖြစ်နေချိန်ဖြစ်သော်လည်း တွက်ချက်ထားသည်ထက်သာ၍ အသင်းသူ/ သား စာရင်းမှာ နှစ်သောင်းကျော်ရှိပြီး စာရင်း၌မပါ၀င်သည့်တက်ရောက်သူများအားလုံးမှာ ၅ သောင်းဝန်း ကျင်ရှိခဲ့သည်။  

တက်ရောက်သူထဲမှ အများစုသည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ အသင်းဝင် ဌာနေအသီးသီးမှ အဖွဲ့ ၂၀တို့ တက်ရောက်ခဲ့ကြပြီး အခြားလူမျိုးပေါင်းစုံ များလည်း  ပါ၀င်တက်ရောက်ခဲ့ကြသည်။  

ယချိန်သည် စစ်အစိုးရက ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ကေအိုင်အိုအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် တဖန်ဖိအားပေးဖို့ ဘာသာရေးဆရာများကို တိုက်တွန်း နေချိန်ဖြစ်ပြီး တဖက်မှာလည်း ရွေးကောက်ပွဲအတွက်ပြင်ဆင်နေချိန်တွင် ပြည်သူလူထုက ကေအိုင်အိုကြား တင်းမာမှု တစ်စုံတစ်ရာ ရှိလာမည်ကို စိုးရိမ်နေချိန် ဖြစ်သော်လည်း ပွဲတော်ကိုစည််စည်ကားကား ပြုလုပ်ကျင်းပ နိုင်ခဲ့သည်။

Most read this week