အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်က ကေအဲန်ယူကို တိုက်ခိုက်

အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်က ကေအဲန်ယူကို တိုက်ခိုက်
by -
ခွန်အောင်မြတ်
မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) ပူးပေါင်းတပ်တို့က ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ တပ်ဖွဲ့အား ယမန်နေ့ က လက်နက်ကြီးနှင့်...

မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) ပူးပေါင်းတပ်တို့က ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ တပ်ဖွဲ့အား ယမန်နေ့ က လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် မိုင် ၅၀ ခန့်ရှိတဲ့ ကေအဲန်ယူ တပ်မဟာ (၆) လက်အောက်ခံ တပ် ရင်း ၂၀၁နှင့် ၁၀၁ ပူးပေါင်းတပ်ဖွဲ့အား မြန်မာစစ်အစိုးရ တပ်နှင့် ဒီကေဘီအေ တပ်ရင်း ၉၀၁ နှင့် ၉၀၆က တိုက် ခိုက်ခဲ့သည်ဟု ကေအဲန်ယူ အရာရှိ တဦးက ပြောသည်။

“မနက်ပိုင်း ဆယ်နာရီ ကျနော်တို့ ရဲဘော်တွေ လယ်ခေါ်ရွာကို အလယ်သွားတာပေါ့နော်။ အဲဒီမှ ဒီကေဘီကေနဲ့ နအဖက ပူးပေါင်းပြီး ကျနော်တို့ ကျနော်တို့အဖွဲ့ကို လာပြီး ၀င်ပစ်သွားတယ်။ လက် နက်ကြီးနဲ့။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘူး။ ကျနော်တို့ ဘက်က ပြန်ပြီးမှ မပစ်တာ။ ဘယ်လို ပြောရမှာလဲ ရွာထဲမှာဆိုတော့ ပြန်ပြီး မပစ်ဘူးပေါ့နော်။ အဲမှာ ကနဲလေးကနေပြီးတော့ လက်နက်ကြီး နဲ့ (၆)ချက်လား (၇)ချက်လား အဲဒါ သူတို့လှမ်းပြီးတော့ ပစ်သေးတယ်။”

လာမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မဟာ(၆)နယ်မြေအတွင်းရှိ ဒေသခံ များကို ကေအဲန်ယူက လိုက်လံရှင်းပြနေသည်ကို ဒီကေဘီအေက အနှောက် အယှက်ပေးခြင်း ဖြစ်နိုင်သည်ဟု ယင်းအရာရှိက ပြော သည်။

“၂၀၁၀ ရွေးကောက်ပွဲမှာ နယ်စပ်ကို သူတို့ရှင်းဖို့ အစီအစဉ်ရှိတယ်။ သူတို့ရှင်းဖို့လည်း ကျနော်တို့ သတင်းတွေ ရထားပြီ။ သူတို့အဆင်သင့်ရှိနေတယ်ဆိုတာလည်းပဲ ကျနော်တို့သိတယ်။ ကျနော်တို့ လူထုလှုပ်ရှားနေတာက များတယ်လေ။ ရွာသားတွေနဲ့ ထိတွေ့မှုတွေ ကလည်း များနေတယ်။ ပြီး တော့ ၂၀၁၀ ရွေးကောက်ပွဲ အတွက်လည်း ကျနော်တို့ ပြည်သူတွေကို နိုးဆော်တာတွေ ရှိတာပေါ့ နော်။ အဲဒါကို သူတို့က တိုက်ဖျက်တယ်လို့ပဲ ပြောရမှာပေါ့။ အဲဒီအတွက် ဒီနယ်စပ်ကို သူတို့ရှင်း မယ်လို့ ကျနော်ကြားတယ်။”

မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်က ကေအဲန်ယူကို လက်နက်ကြီးငယ် နှင့် ပစ်ခတ်တိုက် ခိုက်သော်လည်း ကေအဲန်ယူဘက်က တုန့်ပြန်ပစ်ခတ်ခြင်း မပြုလုပ်သဖြင့် နှစ်ဖက်ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဒီကေဘီကေတပ်ဖွဲ့က ကျေးရွာသား များကို စည်းရုံးလှုံ့ ဆော်ခြင်း မရှိသော်လည်း မကြာခန ဆတ်ကြေး ကောက်ခံခြင်း၊ ကျေးရွာသားများအပေါ် အကြောင်းအမျိုးမျိုး ရှာကာ ဖမ်းဆီးပြီး ဒဏ်ငွေများ မတန်တဆ တောင်းသည်ဟု ကျေးရွာသားများက ပြောသည်။

“ရွေးကောက်ပွဲအနေနဲ့တော့ ဘာမှပြောသံမကြားဘူး။ ရွေးကောက်ပွဲဖို့ စိတ်ဝင်စားတာပေါ့။ ရွေး ကောက်ပွဲက ခပ်မြန်မြန်ရွေးဖို့ အဒေါ်တို့ လိုလားတာပေါ့။ ကောင်းတဲ့ဘက်က ရွေးချယ် ရမှာပေါ့။ အ ဒေါ်တို့က အလုပ်သမားဆိုတော့ ရွာသားဆိုတော့ အေးအေးဆေးဆေးနဲ့ ကောင်းတဲ့ဘက်ကို ရွေး ချယ်ရမှာပေါ့။”

ယခု ကျေးရွာသားများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ရသည့်အပြင် ဒီကေဘီအေ တပ်ဖွဲ့ က ရာသီထွက် သီးနှံနှင့် စီးပွားပြုလုပ်မှုများ အပေါ် အဆမတန် အခွန်ကောက်သဖြင့် ကျေးရွာသားများက အခက်အခဲနှင့် ရင် ဆိုင် ကြရသည်ဟု ကျေးရွာသားများက ပြောဆို ကြသည်။

Most read this week