တက္ကသိုလ်ကျောင်းသူ မဖြူဖြူကို သတ်သူ တရားခံကို ဖမ်းဆီးပြီး တရားစွဲပြီ

တက္ကသိုလ်ကျောင်းသူ မဖြူဖြူကို သတ်သူ တရားခံကို ဖမ်းဆီးပြီး တရားစွဲပြီ
by -
မင်းဆက်ခိုင်


စစ်တွေတက္ကသိုလ်တွင် စာရင်းအင်းဘာသာရပ် နောက်ဆုံးနှစ် သင်ယူနေသူ မဖြူဖြူအား သတ်ဖြတ်ခဲ့သည့် တရားခံအား ရဲက ဖမ်းဆီးထားပြီး ယခုအခါ လူသတ်မူဖြင့် တရားစွဲဆိုထားပြီ ဖြစ်ကြောင်း...

စစ်တွေတက္ကသိုလ်တွင် စာရင်းအင်းဘာသာရပ် နောက်ဆုံးနှစ် သင်ယူနေသူ မဖြူဖြူအား သတ်ဖြတ်ခဲ့သည့် တရားခံအား ရဲက ဖမ်းဆီးထားပြီး ယခုအခါ လူသတ်မူဖြင့် တရားစွဲဆိုထားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မဖြူဖြူအား သတ်ဖြတ်ခဲ့သည့် တရားခံမှာ ကျောက်တော်မြို့နယ်မှ မောင်သန်းနိုင် အသက် (၂၂) နှစ် ဖြစ်ပြီး တရားခံအား အခင်းဖြစ်ပွားပြီး နောက် ၂ရက်ခန့် အကြာတွင် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ အကြားရှိ တိမ်ညိုတံတားတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သူ့အား ယခုအခါတွင် စစ်တွေအမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။

သေဆုံးသွားသူ၏ မိသားစုနှင့် နီးစပ် သူတဦးက“ သတ်တဲ့ ကောင်လေးက ဖြူဖြူရဲ့ ရည်းစားလို့ ပြောပါတယ်။ သူ့ကိုအခု ဖမ်းထားပီးပါပီ။ တရားလည်း စွဲထားပါတယ်။ ဖြူဖြူ အသတ်ခံရတဲ့နေ့က သူတို့ချိန်တွေ့ကြတဲ့ အချိန်မှာ အချင်းချင်း စကားများကြပြီး အဲဒီကောင်းလေးက လည်ပင်းကို လွယ်အိပ်ကြိုးနဲ့ ချဉ်နှောင်ပြီးတော့ သတ်ခဲ့တာလို့ ဖြောင့်ချက် ပေးထားပါတယ်။” ဟုပြောသည်။

တခြားတက္ကသိုလ် ကျောင်းသား တဦးကလည်း“ ကျွန်တော် သိရသလောက်ကတော့ ဖြူဖြူနဲ့ အဲဒီကောင်လေးက ချစ်သူတွေလို့ သိရတယ်။ အခင်းဖြစ်ပွားတဲ့နေ့က သူတို့ ချိန်တွေ့ကြတဲ့အချိန်မှာ အဲဒီကောင်လေးက ဖြူဖြူကို နေရာတခုကို သွားမယ်လို့ ခေါ်တယ်လို့ပြောပါတယ်။ ဒါကို ဖြူဖြူက ငြင်းတော့ စကားများကြပြီး ဖြူဖြူကို သတ်ပစ်ခဲ့တာလို့ သိရပါတယ်”ဟု ပြောသည်။

မဖြူဖြူအား ယခုလ ၁၄ရက်နေ့ တနင်္ဂနွေနေ့ ညအချိန်တွင် သတ်ဖြတ်ခံခဲ့ရပြီး ကုလားတန်မြစ်ထဲသို့ ပစ်ချခံခဲ့ရသည်။

ထိုနောက် နောက်တနေ့နံနက်ပိုင်းတွင် ဒေသခံများနှင့် သက်ဆိုင်ရာမှ မဖြူဖြူ၏ ရုပ်အလောင်းအား စစ်တွေမြို့ ရှိ City Point စားသောက်ဆိုင် အနီးတွင် တွေ့ရှိခဲ့ သည်။ မဖြူဖြူအလောင်းအား တွေ့ရှိပြီးနောက်ပိုင်းတွင် သူမ သေဆုံးမှုနှင့် ပတ်သက်ပြီး ဝေဖန်သံများ အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

မဖြူဖြူမှာ မောင်တောမြို့ အမှတ်(၆)ရပ်ကွက် ဝေသာလီကျေးရွာမှ ဦးအောင်ကျော်သိန်း နှင့် ဒေါ်မညွှန့်စိန် တို့၏ သမီးငယ် ဖြစ်သည်။

Most read this week