လုံထိန်းတပ်ဖွဲ့ဝင်များကို ရဟန်းတော်များက တိုင်တွင်ကြိုးဖြင့် ချည်နှောင်ပြီး ဆိုဆုံးမ

လုံထိန်းတပ်ဖွဲ့ဝင်များကို ရဟန်းတော်များက တိုင်တွင်ကြိုးဖြင့် ချည်နှောင်ပြီး ဆိုဆုံးမ
ရခိုင်ပြည်နယ် မောင်တောမြို့ (၃) မိုင် ကျေးရွာတွင် ယမန်နေ့က စတင် ပြုလုပ်သော အပါး ၁၀၀ ရှင်ပြုပွဲတွင် လုံးထိန်း တပ်ဖွဲ့ တဖွဲ့မှ အရက်သေစာ သောက်စား မူးယစ်ပြီး လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်းရိုက်နှက်ကာ လုံထိန်း ၂ ဦးကို လူမိုက်တိုင်တွင် ချည်နှောင် ထားခဲ့သည်ဟု...

ရခိုင်ပြည်နယ် မောင်တောမြို့ (၃) မိုင် ကျေးရွာတွင် ယမန်နေ့က စတင် ပြုလုပ်သော အပါး ၁၀၀ ရှင်ပြုပွဲတွင် လုံးထိန်း တပ်ဖွဲ့ တဖွဲ့မှ အရက်သေစာ သောက်စား မူးယစ်ပြီး လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်းရိုက်နှက်ကာ လုံထိန်း ၂ ဦးကို လူမိုက်တိုင်တွင် ချည်နှောင် ထားခဲ့သည်ဟု အမည်မဖေါ်လိုသူ မျက်မြင် တဦးက ပြောသည်။

“လုံထိန်းတွေက အရက်သေစာ မူးယစ်သောက်စားပြီး ဇာတ်ပွဲရှေ့မှာ လာသောင်းကျန်းတော့ ရဟန်းတော်တွေက ၀ိုင်းရိုက်ပီး အဲဒီထဲက လုံထိန်း နှစ်ဦးကို လူမိုက် လူရမ်းကားတွေကို ချည်နှောင်ဖို့ ပြုလုပ်ထားတဲ့ တိုင်မှာ ချည်နှောင်ထားခဲ့ပါတယ်။ ကျန်တဲ့ လုံထိန်းတွေကတော့ ဦးဇင်းတွေ ရိုက်တော့ ကြောက်ပီး စခန်းကို ပြန်ပြေး သွားကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ရှင်ပြုပွဲတွင် ရွှေရတနာ ဇာတ်အဖွဲ့မှ လာရောက် ဖြေဖျော်ရာ လုံထိန်းများက အရက်သေစာ မူးယစ်ကာ လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်း ရိုက်နှက်ပြီး ယခုကဲ့သို့ ချည်နှောင်ထားခဲ့ရခြင်း ဖြစ်သည်။

“ရဟန်းတော်တွေက အပါး ၂၀၀ လောက်ရှိမယ် ထင်ပါတယ်။ တမြို့နယ်လုံးက ပင့်ထားတော့ ရဟန်းတော်တွေ ကွင်းမှာ အပြည့်ဘဲ။ လုံထိန်းတွေ ွစော်ကားတာကို မြင်တော့ ရဟန်းတော်တွေက သည်းမခံနိုင်ဘဲ ရိုက်ပုတ်ပီး နှစ်ဦးကို ကြိုးနဲ့ ချည်နှောင်ပြီး ထားခဲ့ရပါတယ် ” ဟု သူက ပြောသည်။

ရှင်ပြုပွဲသို့ လာရောက်လာသူ အရှင် ဦးသောဘိတက “ ဦးဇင်းတွေမှာ အပြစ်မရှိဘူး။ အပြစ်ရှိတာက လုံထိန်းတွေပါ။ သူတို့က သိပ်ကို ရမ်းကားလွန်းတော့ ဦးဇင်းတွေက နည်းနည်းပါးပါး ဆိုဆုံးမလိုက်တာ ဖြစ်ပါတယ်။ နံနက် မလင်းမှီ ဆရာတော်ကြီးတွေက အဲဒီ လုံထိန်းနှစ်ဦးကို ရဲတာဝန်ရှိသူတွေ လက်ထဲ အပ်လိုက်ပါတယ်” ဟု ပြောသည်။

ယခုကဲသို့ ရဟန်းတော်များက လုံထိန်း တပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းရိုက်နှက်မူကြောင့် ဇာတ်ပွဲ ကြည့်နေသူ လူအုပ်မှာ ဖရိုဖရဲ ဖြစ်သွားသော်လည်း ဆရာတော်များက ပွဲစောင့် ရဲအဖွဲ့၏ အကူအညီကို ယူကာ ပြန်လည် ငြိမ်ဝပ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု ဆရာတော်က ပြောသည်။

ယခုကဲ့သို့ လုံထိန်းများကို ရိုက်နှက်ပြီး တိုင်တွင် ချည်နှောင်ကာ ရဟန်းတော်များက ဆိုဆုံးမခဲ့ခြင်း အပေါ် ပွဲကြည့်ရန် လာရောက်သည့် ပရိသတ်များက သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်ဟု သိရသည်။

ယနေ့ညဉ့်တွင်လည်း ရွှေရတနာ ဇာတ်အဖွဲ့မှ စဉ်လာမပျက် ပုံမှန် တင်ဆက်ကပြရန် အစီအစဉ် ရှိနေကြောင်း သတင်း ရရှိသည်။

Most read this week