မောင်တောခရိုင် ဥက္ကဌ အလုပ်မှ အဖြုတ်ခံရ

မောင်တောခရိုင် ဥက္ကဌ အလုပ်မှ အဖြုတ်ခံရ
by -
မောင်အေး
ရခိုင်ပြည်နယ် မောင်တောခရိုင်ဥက္ကဌ ဦးအောင်ရွှေညွန့်ကို လာဒ်ပေး လာဒ်ယူမူကြောင့် အလုပ်မှ တရားဝင် ထုတ်ပယ် လိုက်သည်ဟု သတင်း...

ရခိုင်ပြည်နယ် မောင်တောခရိုင်ဥက္ကဌ ဦးအောင်ရွှေညွန့်ကို လာဒ်ပေး လာဒ်ယူမူကြောင့် အလုပ်မှ တရားဝင် ထုတ်ပယ် လိုက်သည်ဟု သတင်းရရှိသည်။

သူ့အား ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေ မကြာသေးမီက လာရောက်သည့် မောင်တောခရီးစဉ်တွင် ထုတ်ပယ် လိုက်ခြင်း ဖြစ်ကြောင်း မောင်တောမြို့ ခယက ရုံးဝန်ထမ်း တဦးက ပြောသည်။

ဦးအောင်ဆွေညွန့်မှာ မောင်တောခရိုင် ဥက္ကဌ အဖြစ် မပြောင်းရွှေ့မှီ ကရင်ပြည်နယ် မြဝတီ ခရိုင် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း အလားတူ ပြဿနာမျိုး ပေါ်ပေါက်ခဲ့သဖြင့် မောင်တောမြို့သို့ ပြောင်းရွှေ့ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးအောင်ဆွေညွန့်အား တာဝန် ရပ်ဆိုင်းလိုက်ကြောင်း စာကို ဗိုလ်မှူးချုပ် ဖုန်းဆွေ နေပြည်တော်မှ ယူဆောင်လာပြီး သူ့အား မတ်လ ၁၇ ရက်နေ့က အောင်ရိပ်သာသို့ ခေါ်ယူပြီး စာကို ဖတ်ပြကာ ထုတ်ပယ်လိုက်သည်ဟု အဆိုပါ ရုံးဝန်ထမ်းက ပြောသည်။

မောင်တောခရိုင် ဥက္ကဌ အဖြစ် တာဝန်ကျနေစဉ်တွင်လည်း ဦးအောင်ဆွေညွန့်သည် ကျပ် သိန်း ၆ဝဝဝ ဖိုးခန့် လာဒ်ပေး လာဒ်ယူမူ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း သီးခြား အတည်ပြုချက် ရယူ နိင်ခြင်း မရှိပါ။

ဦးအောင်ရွှေညွန့်မှာ လက်ရှိပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့်် အလွန်ရင်းနှီးသည့် ဆရာ တပည့်ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးအရ ဘူးသီးတောင် ဗျူဟာမှူး အပါအဝင် နစက ကွပ်ကဲရေးမှူးနှင့်လည်း အဆင် မပြေသဖြင့် နောက်ဆုံးတွင် အလုပ်မှ ထုတ်ပယ်ခံသွားရခြင်း ဖြစ်သည်။

Most read this week