ကေအိုင်အို တင်ပြချက်ပေါ် မြန်မာစစ်အစိုးရမှ ပြန်လည်ဖြေကြားခြင်း မရှိသေး

ကေအိုင်အို တင်ပြချက်ပေါ် မြန်မာစစ်အစိုးရမှ ပြန်လည်ဖြေကြားခြင်း မရှိသေး
နှစ်ဖက်ကြား ပြဿနာဖြစ်နေတဲ့ နယ်ခြားစောင့်တပ်ကိစ္စကို နောက်မှပြန် ဆွေးနွေးရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) မှ မြန်မာစစ် အစိုးရထံ နောက်ဆုံး တင်ပြထားချက်ပေါ် ယခုချိန်ထိ တုံ့ပြန်ခြင်း....

နှစ်ဖက်ကြား ပြဿနာဖြစ်နေတဲ့ နယ်ခြားစောင့်တပ်ကိစ္စကို နောက်မှပြန် ဆွေးနွေးရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) မှ မြန်မာစစ် အစိုးရထံ နောက်ဆုံးတင်ပြထားချက်ပေါ် ယခုချိန်ထိ တုံ့ပြန်ခြင်း မရှိသေး ကြောင်းသိရပါတယ်။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ နဲ့ စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း စစ်ဌာနာချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း တို့ကြား ဒီလ ၁၂ ရက်က မြစ်ကြီးနားမြို့တွင် တွေ့ဆုံစဉ် ကေအိုင်အိုရဲ့ တင်ပြချက်ကို တိုင်းမှူးမှတဆင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များထံ တင်ပြခဲ့ပါတယ်။

021610-kia-pyen-la

ကေအိုင်အို တင်ပြချက်တွင် လက်ရှိအပစ်ခတ်ရပ်စဲရေးအခြေနေကို ဆက်ထိန်းပြီး ယခုချိန် ကေအိုင်အို အား စစ်အစိုးရမှ နယ်ခြားစောင့်တပ် ပြောင်းလဲစေခြင်းကိစ္စ ကို နောက်မှဆွေးနွေး အဖြေရှာသွားရန် နဲ့ တဖက်မှာလည်း ဒီနှစ်ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရသစ်ကို ကေအိုင်အို မှ အသိမှတ်ပြုသွားရေးတို့ ဖြစ်တယ်လို့ ကေအိုင်အို အရာရှိများဆိုပါတယ်။

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကတော့ ကေအိုင်အို အနေဖြင့် နယ်ခြားစောင့်တပ် ကို “လက်ခံ သို့မဟုတ် လက်မခံ” ဆိုတဲ့ အဖြေကိုသာ လိုချင်ကြောင်းကို ကေအိုင်အို ထံ အတိအလင်းပြောကြားထားတယ်လို့ ကေအိုင်အို အရာရှိများ ပြောပါတယ်။

ဒါပယ့်မဲ့လဲ ကေအိုင်အို အနေနဲ့ကတော့ ယခုချိန်ထိ အဖြေ တိတိကျကျ မပေးဘဲ တဖက်မှာလည်း ပြည်တွင်းစစ်အတွက် စစ်ရေးပြင်ဆင်နေပါတယ်။

Most read this week