မောင်တော ဘုန်းတော်ကြီးပျံပွဲ ဓါးပြများ ခြိမ်းခြောက်စာပို့

မောင်တော ဘုန်းတော်ကြီးပျံပွဲ ဓါးပြများ ခြိမ်းခြောက်စာပို့
by -
ခိုင်ခိုင်စံ
ရခို်င်ပြည်နယ် မောင်တောမြိုနယ်တွင် အောင်မင်္ဂလာ ကျေးရွာတွင် ယနေ့ စတင် ကျင်းပမည့် ဆရာတော်ကြီး စျာပနာပွဲတော်အား ဓါးပြဝင်တိုက်မည် ဆိုပြီး ဓါးပြများက ခြိမ်းခြောက်စာ ပေးပို့ထားသဖြင့် လုံခြံုရေးကို အထူး တင်းကျပ်ထားသည်ဟု...

ရခို်င်ပြည်နယ် မောင်တောမြိုနယ်တွင် အောင်မင်္ဂလာ ကျေးရွာတွင် ယနေ့ စတင် ကျင်းပမည့် ဆရာတော်ကြီး စျာပနာပွဲတော်အား ဓါးပြဝင်တိုက်မည် ဆိုပြီး ဓါးပြများက ခြိမ်းခြောက်စာ ပေးပို့ထားသဖြင့် လုံခြံုရေးကို အထူး တင်းကျပ်ထားသည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ ခြိမ်းခြောက်စာ ရေးသားပေးပို့ထားခြင်းကို အောင်မင်္ဂလာ ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။

”ကျွန်တော်တို့ ရွာမှာ သီတင်းသုံးနေတဲ့ ဆရာတော်ကြီး ဦးသုဝဏ္ဏဟာ မောင်တောမြို ့နယ် သံဃာ့ နာယက ဥက္ကဌ ဖြစ်ပါတယ်။ အခု ဆရာတော်ကြီးရဲ ့ စျာပနကို မတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။ ပွဲကတော့ သုံးရက် တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပီး စိန်ရွှေရတနာ ဇာတ်အဖွဲ့က သုံရက် တိုင်တိုင် ကပြ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အဲသလို ဒီပွဲတော်ကို စည်ကားအောင် ကျင်းပရန် စီစဉ်နေချိန်မှာ စျာပန ပွဲတော်ကို ဓါးပြ ၀င်တိုက်မယ်ဆိုပီး လွန်ခဲ့တဲ့ အပတ်က ဓါးပြတွေက ရွာကို စာပေးထားပါတယ်။ ကျွန်တော်တို့ ရွာသူရွာသားတွေ ခုလို ခြိမ်းခြောက် ထားတာကို နစကဆီ အကြောင်းကြား ထားပါတယ်။ အခုရွာမှာ လုံခြုံရေးတွေ အထူး တိုးမြင့်ချက်ထားပါတယ်ဟု ” သူကဆက်ပြောပြသည်။

ယခုကဲ့သိုု့ ခြိမ်းခြောက်မူများကြောင့် ကျေးရွာသားများ အကြား အထူးစိုးရိမ်မူ တိုးပွား နေသည် ဟုလည်း သိရသည်။

funural-barishal

မောင်တော မြို ့သူတဦးကလည်း ” ကျွန်မတို့ ဆရာတော်ကြီး ဦးသုဝဏ္ဏ စျာပနပွဲ ကို မသွားလို့လည်း မဖြစ်ဘူး။ ကျွန်မတို့ အမေ အဖေ တို့ လက်ထက် ကတည်းက ကိုးကွယ်လာခဲ့တဲ့ ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။ အဲဒီပွဲကို ဓါးပြ ၀င်တိုက်မယ်လို့လည်း ပြောသံ ကြားနေရ ပါတယ်။ ဒါနဲ့ ကျွန်မတို ့မြိုက မြို့သူ မြိဲု့သားတွေက စိုးရိမ် နေကြပါတယ်။ ကျွန်မလည်း ဒီပွဲကို သွားမယ် မသွားဘူး ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ပြောသည်။

ဆရာတော်မှာ သက်တော် ၅၉ နှစ် ရှိပြီး ၀ါတော် ၃၇ ၀ါတွင် အစာအိ်မ် ရောဂါဖြင့် ပျံလွန်တော်မှု ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း နစကနှင့် ရဲတပ်ဖွဲ့က ဓါးပြတိုက်များကို နှိမ်နှင်း နိုင်မူ မရှိခြင်းကြောင့် ဓါးပြများ အထူးသောင်းကျန်းနေပြီး မကြာခဏ ဓါးပြတိုက်မူများ ပေါ်ပေါက်နေသည်။

အုပ်စုတစုတွင် ဓါးပြ အယောက် ၁၀ မှ ၂၀ထိ ပါ၀င်ပြီး တောလက် ကျေးရွာများကို သာမက မောင်တောမြို့ထိ ၀င်ရောက်တိုက်နေကြကြောင်း သိရှိရသည်။

အဆိုပါ ဓါးပြများ၏ ခြိမ်းခြောက်မူကြောင့် နစက အာဏာပိုင်များမှ ပွဲတော် စတင်မည့် ယနေ့မှ စပြီး လုံခြံုရေးကို တင်းကျပ်ထားသည်ဟု သိရသည်။

Most read this week