စစ်အစိုးရတပ်နှင့် SSA-တောင်ပိုင်း တိုက်ပွဲဖြစ် နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြား

စစ်အစိုးရတပ်နှင့် SSA-တောင်ပိုင်း တိုက်ပွဲဖြစ် နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြား
by -
ခွန်အောင်မြတ်
မြန်မာစစ်အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S) တို့ ၂၀၁၀ ခုနှစ် အတွင်း အကြီးဆုံးတိုက်ပွဲ ဖြစ်ပွားပြီး နှစ်ဖက်တပ်ဖွဲ့များ ထိခိုက်သေဆုံးမှု...

မြန်မာစစ်အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S) တို့ ၂၀၁၀ ခုနှစ် အတွင်း အကြီးဆုံးတိုက်ပွဲ ဖြစ်ပွားပြီး နှစ်ဖက်တပ်ဖွဲ့များ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ယခုမတ်လ ၁၃ ရက်နေ့က စစ်အစိုးရ၏ လင်းခေး အခြေစိုက် ခလရ (၉) နှင့် ခလရ ၅၀၅ ပူးပေါင်းစစ်ကြောင်းနှင့် ရှမ်းပြည်တပ်မတော်- တောင်ပိုင်း တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ (၃) နာရီခန့် ဖြစ်ပွားခဲ့သည် ဟု SSA-S ပြောခွင့်ရသူ ဗိုလ်မှူးလောင်ဝ်ဆိုင်က ပြောသည်။

“တိုက်ပွဲအခြေအနေကတော့ ၁၁ နာရီကျော်ကျော်ကတည်းက စပြီးတော့တိုက်ပွဲ ဖြစ်တယ် ဆိုတော့  (၂)နာရီလောက်မှ ပြီးသွားတယ်လို့ ပြောပါတယ်။ သုံးနာရီ နီးပါးလောက် ရှိပါတယ်။ တော်တော်လေး ကြီးမားတဲ့ တိုက်ပွဲလို့လည်း ဆိုလို့ရပါတယ်။ အကျအဆုံး ကတော့ ကျနော်တို့ဘက်မှာတော့ စိစစ် နေတုန်းပဲ ဖြစ်ပါတယ်။ အတိအကျ အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမယ့် ဒဏ်ရာရတဲ့သူ တွေ တော့ ရှိပါတယ်။ နအဖဘက်ကတော့ အယောက် (၂၀) ကျသွားတယ်လို့ပြောပါတယ်။ ကျသွားတဲ့ အ ယောက်(၂၀) ထဲမှာ ဗိုလ်ကြီးတယောက်ပါပါတယ်။ နောက်ပြီးတော့ တပ်ကြပ်ကြီး တယောက်ရယ်၊ ဒုတပ်ကြပ် တယောက်ရယ်။ ဒဏ်ရာရတာကတော့ (၈) ယောက် ဒဏ်ရာ ရသွားတယ်လို့ ပြောပါ တယ်။”

ယင်းဒေသသည် စစ်အစိုးရတပ်များ ပိုမိုတိုးချဲ့ချထားသည့်အပြင် နယ်မြေဒေသစိုးမိုးရေး ချဲ့ထွင်လာ သည့်အ တွက် SSA-တောင်ပိုင်း စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“လောလောဆယ် ကျနော်တို့ အခြေအနေ အဘက်ဘက်အရ ဗဟိုရဲ့ဆုံးဖြတ်ချက် အရတော့ ဒီနအဖ တွေကို ထိုးစစ်ဆင်ဖို့သော်လည်းကောင်း၊ တိုက်ဖို့သော်လည်းကောင်း အစီရင်ခံချက် မရှိသေးပါဘူး။ အဲဒီအတွက်ကြောင့် အဲဒီတိုက်ပွဲဟာ မလွဲမရှောင်သာ ဖြစ်တဲ့ တိုက်ပွဲ သဘောမျိုးပဲ ဖြစ်ပါတယ်။”

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်အစိုးရတပ်က ယင်းဒေသဝန်းကျင်ရှိ ကျေးရွာသားများအား သောင်းကျန်းသူ၏ သတင်းကို ပေးပို့မှု ပျက်ကွက်သည်ဟု အကြောင်းပြပြီး ဖမ်းဆီးထားသည်ဟု ဗိုလ်မှူးလောင်ဝ်ဆိုင်က ပြော သည်။

“တိုက်ပွဲမှာလည်း ကျနော်တို့ ဆန်တွေ ကျည်ကဒ်တွေ ကျောပိုးအိတ်တွေ သေနတ်တွေ သိမ်းဆည်း ရမိတယ်လို့တော့ အစီရင်ခံထားပါတယ်။ ဒါကြောင့်မို့လို့ သူတို့ အကျအဆုံး များတဲ့အတွက်ကြောင့် သူတို့ ရွာသားတွေကိုသွားဖမ်းပြီးတော့ ခုထက်ထိပြန််မလွတ်သေးတဲ့ ရွာသားတွေရှိပါတယ်။ နောက် ပြီးတော့ အဲဒီမှာ သစ်ခုတ်နေတဲ့ အဖွဲ့တွေကိုလည်း ဖမ်းတယ်လို့ ပြောပါတယ်။ သူတို့ ခွင့်ပြုချက် ရထားတဲ့ သစ်ခုတ်သမားတွေကိုပေါ့နော်။ သွားပြီးတော့ ဖမ်းတယ် ဆီးတယ်လို့ ကြားသိရပါတယ်။”

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မေလတွင် ရှမ်းပြည်အလယ်ပိုင်းရှိ မြန်မာစစ်အစိုးရတပ်ကို SSA-တောင်ပိုင်းက နှစ်ကြိမ် တိုင်တိုင် စီးနင်းတိုက်ခိုက်ရာ SSA မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးမိန်းဇင့်နှင့် စစ်အစိုးရတပ်ဖက်မှ အရာရှိ နှစ်ဦး အပါအဝင် ၂၁ ဦး သေဆုံးသွားသည်။

ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း စစ်အစိုးရတပ်များက ရှမ်းပြည်အလယ်ပိုင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်မှ အိမ်ခြေ ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးရာ ကျေးရွာသားများ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ပြီး တောတောင်ထဲတွင် ပုန်းအောင်းခဲ့ရသည်။

Most read this week