မီးခိုးကြောင့် တာချီလိတ် လေယာဉ်လိုင်းတချို့ ရပ်ဆိုင်း၊ ဒေသခံများ ကျန်းမာရေးထိခိုက်

မီးခိုးကြောင့် တာချီလိတ် လေယာဉ်လိုင်းတချို့ ရပ်ဆိုင်း၊ ဒေသခံများ ကျန်းမာရေးထိခိုက်
by -
ခွန်အောင်မြတ်
ရှမ်းပြည်အရှေ့ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူမှုန်များ အုပ်ဆိုင်းသဖြင့် တာချီလိတ် ခရီးသည် တင် လေယာဉ်ပျံသန်းမှုတချို့ ယခင်ပတ်ကတည်းက ရပ်ဆိုင်းထားရပြီး ဒေသခံများ မျက်စိ နှင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ဝေဒနာများ....

ရှမ်းပြည်အရှေ့ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူမှုန်များ အုပ်ဆိုင်းသဖြင့် တာချီလိတ် ခရီးသည် တင် လေယာဉ်ပျံသန်းမှုတချို့ ယခင်ပတ်ကတည်းက ရပ်ဆိုင်းထားရပြီး ဒေသခံများ မျက်စိ နှင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ဝေဒနာများ ဖြစ်ပွားလျှက် ရှိသည်။

တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူမှုန်များသည် နှင်းများသဖွယ် အုံဆိုင်းနေသည်မှာ ယခုရက်ပိုင်း အတွင်း သိ သိသာသာ ထူသိပ်လာသဖြင့် လေယာဉ် ပျံသန်းမှုကို ရပ်နားရသည်ဟု တာချီလိတ်မြို့ခံ တဦးက ပြောသည်။

“မနေ့ကတောင် လေယာဉ်မဆင်းနိုင်လို့ ဟိုဘက်ကို ပြန်ပတ်သွားပြီးမှ နောက်တစင်းမှ ပြန်ဆင်းနိုင် တာ။လေယာဉ်ဆင်းရပြုရတာ တော်တော် အခက်အခဲ ရှိတယ်။ မန္တလေးလည်း လေယာဉ်တွေ (Cancel) ဖြစ်လို့။ Flight လည်း Cancel ဖြစ်တယ်၊ ရန်ကုန်လည်း ဖြစ်တယ်လို့ပြောတယ်။”

မီးခိုးမှုန်များကြောင့် ဒေသခံများ မျက်စိဝေဒနာ ခံစားနေကြရသည်ဟု ဒေသခံ တဦးက ပြောသည်။

“မှောင်မည်းနေတာပဲ။ တအားဆိုးတာ သုံးရက်ရှိပြီ။ အရင်နှစ်က အပြင်ထွက်မှ မျက်စိယား တယ်။ ဒီ နှစ်က အိမ်ထဲမှာနေလည်း မျက်စိတွေနာတယ်၊ မျက်စိတွေ ယားတယ်။ အကုန်လုံး ဖြစ်ကြတယ်။ နေရာ အနှံ့ပဲဖြစ်တာ။ လူတိုင်းလိုလိုဖြစ်ကြတယ်။ အပြင်ထွက်လိုရှိရင် နေကာမျက်မှန်တွေဘာတွေ တပ်ပြီး တော့ သွားကြရတယ် အခု။ ပါးစပ်ပိတ်တဲ့ဟာလည်း သုံးကြတယ်။ အခုတော့ သုံးတဲ့လူတွေ များနေ ပြီ။”

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့တွင်လည်း မီးခိုးမှုန်အုံဆိုင်းမှုကြောင့် တနင်္လာနေ့မှ စ၍ လေယာဉ် ဆင်းသက်မှု ယာယီရပ်ဆိုင်းထားခဲ့ရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တောင်ယာနှင့် တောမီးရှို့မှုကြောင့် တာချီလိတ်မြို့နယ်နှင့် ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဆိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် လမ်းပန်း ခရိုင်များတွင် မီးခိုင်းမြူမှုန်များ အုံဆိုင်း မှု နှစ်စဉ်ဖြစ်ပွားလေ့ရှိရာ ယခုနှစ်တွင် ပိုမိုဆိုးရွားလာသည်ဟု ထိုင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နှင့် ဒေသခံ အာဏာပိုင်များက ပြောသည်။

မနက်ရှစ်နာရီမှ ညနေ ငါးနာရီအတွင်း မီးမရှို့ရန် ရပ်ကွက်အလိုက် သတိပေး နိုးဆော် ထားသည်ဟု မယ်ဟောင် ဆောင် ဒေသခံတဦးက ပြောသည်။

“ ရက်ကွက်အတိုက် မီးမရှို့ဖို့ ပြောထားတာတွေ ရှိတယ်။ နေ့လည်ပိုင်းတို့ ညနေပိုင်းတွေ မီးမရှို့ဖို့။ တကယ်လို့မီးရှို့ခဲ့ရင် ပါမိုင့်(သစ်တောဦးစီးဌာန)က တွေ့တဲ့နေရာမှာ လာဖမ်းမယ်ပေါ့။ မီးခိုးထွက်တဲ့ နေရာကို သူတို့လာစစ်မယ်လို့ပြောတယ်။ နှစ်တိုင်းလိုလိုပဲ လောင်တယ် တောမီးတွေက။ မီးခိုးထတာ ကကြာပြီ ဒါပေမယ့် ဒီနှစ်ရက်သုံးရက်က တအားဆိုးတယ် အိမ်ထဲအထိ။ အရင်တုန်း ကဆိုရင် လမ်း ပေါ်မှာ ဝေးဝေးမှာ အဲလောက်ပဲ ရှိတယ်။ အခုက မဟုတ်ဘူးလေ။ အိမ်ထဲအထိ ၀င်လာတယ်အဲလိုမျိုး။ တအားများတယ်။ အရင်တုန်းက အပြင်ထွက်မှ အော် မီးခိုးများတယ်ဆိုတာ သိရတယ်။ အခုက အိမ် မှာနေလည်းရှိနေတယ် ဘေးနားမှာလေ။”

တာချီလိတ်မြို့တွင် မီးခိုးမြူမှုန်ကြောင့် ဖြစ်ပွားတတ်သည့် ရောဂါနှင့် အသိပညာပေးမှုများ မရှိသော်လည်း ချင်း မိုင် မိုးလေဝသ၏ ထုတ်ပြန်ချက်အရ မီးခိုးမြူများ အုံ့ဆိုင်းမှုသည် ယခု သုံးရက်အတွင်းတွင် ယမန်နှစ်ထက် ပို ဆိုးရွားပြီး ယနေ့မှာ စိုးရိမ်ဖွယ်အဆင့် ရှိသည်ဟု ဆိုသည်။

မီးခိုးမြူများကြောင့် နှလုံး၊ သွေးတိုး၊ အဆုပ်၊ အရေပြားရောဂါများ ဖြစ်ပွားတတ်ပြီး အသက်ငယ်ရွယ်သူ ကလေး နှင့် သက်ကြီးရွယ်အိုတို့ အဖြစ်များသဖြင့် အိမ်ပြင်သို့ မထွက်ရန် အပြင်ထွက်လျှင် မျက်မှန်တပ်ရန်နှင့် နှာခေါင်း ပိတ်အကာအကွယ်များသုံးရန် ချင်းမိုင် ကျန်းမာရေးဝန်ကြီးက သတိပေးနိုးဆော်ထားသည်။

ချင်းမိုင်ဒေသအတွင်း ယခုမတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ မီးခိုးမြူကြောင့် ရောဂါဖြစ်ပွားသူ (၂၆၁၃၃) ဦး ရှိပြီး ၂၀၀၉ ခုနှစ်တွင် လူဦးရေ (၃၁၅၄၄)ဦး ရောဂါဖြစ်ပွားခဲ့သည်ဟု ချင်းမိုင် ကျန်းမာရေးဝန်ကြီးဌာန က စာ ရင်းထုတ်ပြန်ထားသည်။

ယခုနှစ်တွင် ယမန်နှစ်ထက် ပိုမိုဆိုးရွားဖွယ်ရှိသဖြင့် ချင်းမိုင်၊ မယ်ဆိုင်၊ မယ်ဟောင်ဆောင် နှင့် လမ်းပန်းဒေသရှိ ဆေးရုံးများတွင် တက်ရောက်ကုသမည့် လူနာများအတွက် ဆေးဝါးအဆင့်သင့် ပြင်ဆင်ထားသည်ဟု ကျန်းမာ ရေးဝန်ကြီးဌာက သတင်းထုတ်ပြန် ထားသည်။

ထိုင်းအာဏာပိုင်နှင့် တာချီလိတ်အာဏာပိုင်များက တောမီးလောင်မှု ကျဆင်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးအတွက် အပြန်အလှန် ဆွေးနွေး ကြသော်လည်း လျော့ကျမှု မရှိပဲ ယခုရက်ပိုင်း အတွင်း မီးခိုးမြူမှုန်များ ပိုမိုအုံ့ဆိုင်းလာသည်ဟု ထိုင်းရုပ်သံလွှင့် ဌာနများက ထုတ်လွှင့်သည်။

Most read this week