စစ်တွေတွင် ကြွပ်ကြွပ်အိတ် သုံးစွဲခွင့်ကို ဧပြီလ မှ စ၍ ပိတ်မည်

စစ်တွေတွင် ကြွပ်ကြွပ်အိတ် သုံးစွဲခွင့်ကို ဧပြီလ မှ စ၍ ပိတ်မည်
by -
စံလင်း
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကြွပ်ကြွပ်အိတ် သုံးစွဲခွင့်ကို ပိတ်ပင် တားမြစ်မည် ဖြစ်ကြောင်း....

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကြွပ်ကြွပ်အိတ် သုံးစွဲခွင့်ကို ပိတ်ပင် တားမြစ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ကြွပ်ကြွပ်အိတ် သုံးစွဲခွင့် ပိတ်ပင်မည်ကို စစ်တွေ စည်ပင်သာယာမှ အမိန့်ထုတ်ထား သည်ဟု စစ်တွေမြို့ခံ တဦးက ယခုကဲ့သို့ ပြောသည်။

“စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာ မတ်လ ၃ ရက်နေ့က ပလစတစ် ပပျောက်ရေး ရှင်းပွဲတခုကို စည်ပင် သာယာရေး အဖွဲ့မှ ပြုလုပ် သွားပါတယ်။ အဲဒီ ရှင်းလင်းပွဲမှာ မြို့တော် စစ်တွေ သန့်ရှင်း လှပဖို့ အတွက် ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို ပိတ်ပင်သွားမယ်လို့ ပြောပါတယ်။”

“ဒါ့အပြင် မတ်လအတွင်းက စပြီး ရှိနေနှင့်ပီးသား ကြွပ်ကြွပ်အိတ် အရေအတွက်ကိုုလည်း စစ်တမ်း ကောက်ယူ သွားမှာဖြစ်ပါတယ်။ သတ်မှတ် ကာလထက် ကျော်လွန် ရောင်းချသူတွေနဲ့ အသုံးပြု သူတွေကိုလည်း ထိရောက်စွာ တားဆီး အရေးယူသွားမှာ ဖြစ်တယ်လို့ စည်ပင်က ပြောပါတယ်။” သူက ပြောသည်။

စစ်တွေမြို့မှ ကုန်သည် ဆိုင်ရှင်တဦးကလည်း ကြွပ်ကြွပ်အိတ် သုံးစွဲခွင့် ပိတ်ပင်မှုနန့် ပတ်သက်ပြီး အခက်ခဲကို ယခု လိုပြောသည်။

Sittwe-supper-market

“ကြွပ်ကြွပ်အိတ်တွေကို သတ်မှတ်ရက် အတွင်းမှာ ရောင်းလို့ကုန်မှာ မဟုတ်ဘူး။ ရောင်းမကုန်ဘူးဆိုရင် ရင်းနှီးထားတဲ့ ငွေတွေက ဆုံးပြီး အရှံုး အများကြီး ပေါ်နိုင်ပါတယ်။ သတ်မှတ်ရက်ထက် ကျော်လွန် ရောင်းချရင်လည်း အဖမ်းအဆီးက ခံရမှာမို့ ကျွန်တော်တို့ ကြွပ်ကြွပ်အိတ် ရောင််းချသူတွေ အနေနဲ့ အထူး ဒုက္ခ ရောက်နေကြပါတယ်” ဟုပြောသည်။

ကြွပ်ကြွပ်အိတ် သုံးစွဲခွင့် ပိတ်ပင်တားမြစ်ခြင်းနှင့် ပတ်သက်ပြီး စစ်တွေမှ လူငယ်တဦးကလည်း သူ့အမြင်ကို ယခုကဲ့သို့ ပြောကြားသည်။

“ကြွပ်ကြွပ်အိတ်တွေကြောင့် ရေစီး ရေမြောင်းတွေ ပိတ်ဆို့ပီး ပတ်ဝန်းကျင်တွေ ညစ်ပတ် ပါတယ်။ ပီးရင် စွန့်ပစ် အိတ်တွေက မြေကြီးထဲမှာလည်း မပျက်စီးဘဲ နှစ်ပေါင်းများစွာ ကြာကြာ ရှိနေနိုင်တော့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမူတွေကို ဖြစ်ပေါ် စေပါတယ်။ အခုလို ကြွပ်ကြွပ်အိတ် သုံးစွဲခွင့် ပိတ်ပင်တာကိုတော့ ကျွန်တော် အနေနဲ့ ကြိုဆိုပါတယ်။”

အခုလို ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းကို ပိတ်ပင်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ကြိုက်သူ ရှိသလို မကြိုက်သူများလည်း ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင်လည်း ကြွပ်ကြွပ်အိတ် သုံးစွဲခွင့်ကို ယခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင်ပြီး ပိတ်ပင် ထားသည်ဟု သိရသည်။

Most read this week