မြန်မာအလုပ်သမား ၂၆ ဦး၏ နစ်နာကြေးများ ပြန်လည်ရရှိ

မြန်မာအလုပ်သမား ၂၆ ဦး၏ နစ်နာကြေးများ ပြန်လည်ရရှိ
by -
ဇော်ကြီး
မလေးရှားနိုင်ငံ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား ၂၆ ဦး၏ နစ်နာကြေး များကို အလုပ်ရှင်မှပြန်လည်ပေးဆောင်ရန် မလေးရှားတရားရုံးမှ...

မလေးရှားနိုင်ငံ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား ၂၆ ဦး၏ နစ်နာကြေး များကို အလုပ်ရှင်မှပြန်လည်ပေးဆောင်ရန် မလေးရှားတရားရုံးမှ အမိန့်ချမှတ်လိုက်သည်။

မြို့တော်ကွာလာလမ်ပူရှိ Jogoya restaurant စားသောက်ဆိုင်မှ အလုပ်သမား နစ်နာချက်များကို အလုပ်ရှင်မှ မပေးသည့်အတွက် ဥပဒေကြောင်းအရဖြေရှင်းခဲ့ရာ နစ်နာမှုများ ပေးဆောင်ရန် တရားရုံးမှ ယမန်နေ့က အမိန့်ချ မှတ်ခဲ့သည်ဟု အလုပ်သမားအရေး ကူညီပေးနေသူ Burma Campaign (Malaysia) မှ ပြန်ကြားရေးဌာန တာ ၀န်ခံ ကိုရန်နိုင်ထွန်းက ယခုလိုပြောသည်။

“တရားရုံးက အမိန့်ချတာပေ့ါ။ သူဌေးက အကုန်လုံးလျော်ပေးရမယ်။ ပိုက်ဆံပေးမယ့်ကိစ္စကို ဒီနေ့ချေ မယ်ပေ့ါ။ ညနေသုံးနာရီခွဲဆိုရင်ရပြီ။”

မလေးရှားနိုင်ငံသို့ တရားဝင်လာရောက်အလုပ်လုပ်ကိုင်ကြသော နိုင်ငံခြားသားအလုပ်သမား များသည်် အစိုးရထံ အခွန်ငွေ levy ကြေး မလေးရှားရင်းဂစ် ၁၅၀ အား လစဉ်ပေးဆောင် ရာ၌ ၎င်းတို့၏လုပ်အားခထဲမှ ပေးဆောင် နေရခြင်းဖြစ်သည်။

ထိုသို့ပေးဆောင်ရမှုအပေါ် အလုပ်သမားမှပေးသွင်းရန်မလိုဘဲ အလုပ်ရှင်မှပေးသွင်းရမည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မလေးအစိုးရက တရားဝင်အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုအမိန့်ထုတ်ပြန်ထားသော်လည်း စားသောက်ဆိုင်ပိုင်ရှင်က လစဉ်အခွန်ကြေးကို ဆက်လက် ဖြတ်တောက်နေ သည့်အတွက်် တရားရုံးသို့ တင်ပြတောင်းဆိုခဲ့သည်ဟု အလုပ်သမအဖွဲ့ခေါင်းဆောင် မဇာနည်ဆွေက အခုလို ပြောသည်။

“အဓိက Levy (လစဉ်အခွန်ငွေ)ကိုပြန်ပေးရမယ်။ ညီမတို့ရဲ့ ဖေဖော်ဝါရီ လစာကို သိမ်းထားတယ်။ ပြီးတော့ ညီမတို့ရဲ့ ပတ်စပို့စ်တွေကို သူတို့ သိမ်းထားတယ်။ ပြီးတော့ ညီမတို့ရဲ့ လေယာဉ်လက်မှတ် တွေကို လိုချင်တယ်။ အဲဒီလေးချက်ပေ့ါ။”

ဆန္ဒပြတောင်းဆိုသူ ၆၉ ဦးအနက် အမှုရင်ဆိုင်သူ ၂၆ ဦးအား အလုပ်မှထုတ်ပယ်ခဲ့ပြီး လစဉ်ဖြတ်ထား သည့် အခွန်ငွေ၊ ဖေဖော်ဝါရီလစာငွေနှင့် သိမ်းထားသည့် ပတ်စ်ပို့စ်များကို ပြန်ပေးသော်လည်း လေယာဉ်လက်မှတ်ကိုမူ လုပ်သက်ရှိသူများအတွက်သာ ထုတ်ပေးမည်ဟု အလုပ်ရှင်ကပြောကြောင်း ကိုရန်နိုင်ထွန်းက ယခုလိုပြောသည်။

“အလုပ်ထုတ်တဲ့အတွက်ကြောင့်မုုိ့ နစ်နာကြေး ၁၅ ရက်စာပေးရမယ်လို့ အမိန့်ချတယ်။ သူဌေးက ၁၅ ရက်စာမပေးနိုင်ဘူး၊ (ရင်းဂစ်) ၂၀၀ ပဲပေးနိုင်တယ်လို့ပြောတယ်။ သုံးနှစ် ပြည့်ပြီးတဲ့သူကျတော့ လေ ယာဉ်လက်မှတ်ဝယ်ပေးမယ်။ သုံးနှစ်မပြည့်တဲ့သူကျတော့ လက်မှတ်မဝယ်ပေးဘူးပေ့ါ။ အဲလိုပြော တယ်။”

စားသောက်ဆိုင်အလုပ်သမားတစ်ဦးသည် တစ်လလျှင် မလေးရှားငွေ ရ၅၀ နှင့် ၈၅၀ ရရှိသည်။

၎င်းတို့လစဉ်ပေးဆောင်နေရသည့် အခွန်ငွေအား လုပ်သက်ကွာဟမှုပေါ်မူတည်၍ တစ်ဦးလျှင် မလေးရှားရင်းဂစ် ၃၀၀၀ ကျော်မှ ၅၀၀၀ ကျော်ထိ ပြန်လည်ရရှိကြမည်ဟု သိရသည်။

အလားတူ ကွာလာလမ်ပူရှိ ဂျန့်မာကက်တင်း ရေသန့်စက်ရုံမှအလုပ်သမား ၁၆ ယောက် ဦးဆောင်၍ ၎င်းတို့ လစဉ်ပေးဆောင်နေရသည့် အခွန်ငွေကင်းလွတ်ခွင့်ပေးရန် အလုပ်ရှင်ထံ ဆန္ဒပြတောင်းဆိုခဲ့ရာ အလုပ်ရှင်က မပေးသည့်အတွက် ဥပဒေအရ ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။

လွန်ခဲ့သည် ၂၀၀၉ ခုနှစ်က မလေးရှားနိုင်ငံ ဂျဟိုးပါရူးမြို့၌ ယခုလိုအမှုမျိုးတစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး မလေးရှား ပြည်ထဲရေးဝန်ကြီးဌာက ဖြေရှင်းပေးခဲ့သည်။

Most read this week