စစ်တွေတက္ကသိုလ်မှ ကျောင်းသူတဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ

စစ်တွေတက္ကသိုလ်မှ ကျောင်းသူတဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
by -
စံလင်း၊ ခိုင်ခိုင်ဇံ၊ မင်းဆက်ခိုင်
ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသူတဦး မုဒိမ်းကျင့် သတ်ဖြတ် ခံရသည်ဟု...

ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသူတဦး မုဒိမ်းကျင့် သတ်ဖြတ် ခံရသည်ဟု သတင်းရရှိသည်။

သူမ၏ အမည်မှာ ဖြူဖြူ ဖြစ်ပြီး အသက် ၂၀၊ စာရင်းအင်း မေဂျာ နောက်ဆုံးနှစ် day တက်နေသော ကျောင်းသူဖြစ်သည်။ သူမမှာ မောင်တောမြို့ ဝေသာလီ ကျေးရွာမှ ဖြစ်ပြီး သူမ၏ ဖခင်မှာ ဦးအောင်ကျော်သိန်း၊ မိခင် မညွန့်စိန် ဖြစ်သည်။

သေဆုံးသူ ကျောင်းသူ မဖြူဖြူ၏ အလောင်းကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့်တွင် မင်းကြီးကျောက်တန်းလမ်းရှိ အင်းပေါက်ဝ စားသောက်ဆိုင် အနီးမှ တွေ့ရှိခြင်း ဖြစ်သည်။

ယင်းတက္ကသိုလ်ကျောင်းသူ မဖြူဖြူသေဆုံးမှုနှင့်ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသား(ရူပဗေဒ) ကိုသူရက အခုလိုပြောကြားသည်။

“သူ့ နာမည်က ဖြူဖြူ ဖြစ်ပါတယ်။ နေရပ်က မောင်တောမြို့ ဝေသာလီက ဖြစ်ပါတယ်။ သူမရဲ့ မေဂျာက စာရင်းအင်း ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့ ညနေပိုင်းလောက်မှာ သတ်သွားတာ ဖြစ်တယ်လို့ ရဲက ပြေပါတယ်။ မတ်လ ၁၅ ရက်နေ့ နေ့နံနက်ပိုင်း ၉ နာရီခန့်မှာ မင်းကြီး ကျောက်တန်း (အင်းပေါက်ဝ) ဆိုင်နားက သူမ အလောင်းကို တွေ့ရှိပါတယ် ။ ရဲက ပြောတာကတော့ သူမကို မုဒိမ်းကျင့်ပြီး သတ်ပစ်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဆိုက်ကားသမား တယောက်ကို ဖမ်းထားပါတယ်။ ”

sittwe-uni-gate

ယခင်ကလည်း တက္ကသိုလ် ကျောင်းသားတဦး အခုလို သတ်ဖြတ်ခံရမှုမျိုးရှိခဲ့သည် ဟု ကိုသူရက ဆက်လက်ပြော သည်။

တက္ကသိုလ်ကျောင်းသူ မဖြူဖြူ သေဆုံးမှုနန့် ပတ်သက်လို့ တရားခံ အစစ်ကို ဖမ်းဆီး ရမိခြင်း မရှိသော်လည်း ရဲအဖွဲ့ အပူတပြင်း လိုက်လံ ရှာဖွေနေသည်ဟု သိရသည်။ ဆိုက်ကားသမား အများအပြားကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း နေသည်ဟုသိရသည်။

သူမ သေဆုံးမူနှင့် ပတ်သက်ပြီး စစ်တွေနှင့် မောင်တောတွင် လူထု အတွင်း မကျေမနပ်မူများ တိုးပွားနေသည်ဟု သိရသည်။ သူမကို ယနေ့တွင် စစ်တွေ၌ သဂြိုလ်မည်ဟု သိရသည်။

Most read this week