၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် လာရောက် လည်ပတ်မည်

၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် လာရောက် လည်ပတ်မည်
နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်သည် မတ်လ ၁၆ ရက်နေ့တွင် ဘူးသီးတောင်နှင့် မောင်တောသို့ လာရောက်လည်ပတ်မည် ဖြစ်သည်ဟု အမည် မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တဦးက....

နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်သည် မတ်လ ၁၆ ရက်နေ့တွင် ဘူးသီးတောင်နှင့် မောင်တောသို့ လာရောက်လည်ပတ်မည် ဖြစ်သည်ဟု အမည် မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

“သူမနက်ဖြန်မှာ ရောက်ပါလိမ့်မယ်။ ဘာကိစ္စကြောင့် လာရောက် လည်ပတ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ သူအနေနဲ့့ တပ်မိသားစုတွေ အပါအဝင် အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ပါလိမ့်မယ်။”

သို့သော်လည်း အများစု ပြည်သူများက ဗိုလ်ချုပ် သိန်းစိန် လာရောက်ခြင်းမှာ လာမည့် ရွှေးကောက်ပွဲနှင့် သက်ဆိုင် နိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

မောင်တောမြို့တွင်လည်း ၀န်ကြီးချုပ် သိန်းစိန် ခရီးစဉ်အတွက် ရဟတ်ယာဉ်ကွင်းကို ပြန်ပြင်နေပြီး လုံခြံုရေးကိုလည်း တိုးမြှင့်ထားသည်ဟု သိရသည်။

“သူက ဘူးသီးတောင်ကို ပထမ ရောက်ပြီး ဘူးသီးတောင်က တဆင့် မောင်တောကို သွားမယ်လို့ သိရပါတယ်။ မောင်တောကိုရောက်ရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ မျှော်လင့် ရပါတယ်” ဟု သူက ဆက်ပြောသည်။

ယနေ့တွင် ၀န်ကြီး သိန်းစိန်သည် စစ်တွေသို့ ရောက်လာနိုင်ပြီး သူ့ခရီးစဉ်အတွင်း ရခိုင် မြို့အများအပြားကို သွားရောက် လည်ပတ်မည်ဟု သိရသည်။

၀န်ကြီးချုပ်သိန်းစိန်သည် ယခင် ၀န်ကြီးချုပ်ဟောင်း ခင်ညွှန့်ကဲ့သို့ ရခိုင်ပြည်သို့ အများအပြား လာရောက် လည်ပတ်သူ တဦး မဟုတ်သော်လည်း ၂၀၁၀ ရွှေးကောက် ပွဲနှင့် ပတ်သက်ပြီး နိုင်ငံရေး အခြေအနေ ရှုတ်ထွေးနေချိန်တွင် လာရောက်လည်ပတ် ခြင်း ဖြစ်သဖြင့် သူ့ခရီးစဉ်အပေါ် လူအများက စိတ်ဝင် စားနေကြသည်ဟု သိရသည်။

Most read this week