စစ်တပ်အကူညီဖြင့် ဗန်းမော်ခရိုင်မှ ကျွန်းသစ်များ တရုတ်နယ်စပ်သို့ ထုတ်ရောင်းနေ

စစ်တပ်အကူညီဖြင့် ဗန်းမော်ခရိုင်မှ ကျွန်းသစ်များ တရုတ်နယ်စပ်သို့ ထုတ်ရောင်းနေ
မြန်မာစစ်တပ်ရဲ့ အကူညီနဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင်က ကျွန်းသစ်တွေကို တရုတ်နယ်စပ်ကို အခု လဆန်းပိုင်းမှ ထုတ်ရောင်းနေတယ်လို့ သိရပါတယ်။ ...

မြန်မာစစ်တပ်ရဲ့ အကူညီနဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင်က ကျွန်းသစ်တွေကို တရုတ်နယ်စပ်ကို အခု လဆန်းပိုင်းမှ ထုတ်ရောင်းနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုင်းခေါင်ဘက်မှ တရုတ်နယ်စပ် Nongdao ဘက်သို့ ထွက်လာတဲ့ ကျွန်းသစ် တင်ထားတဲ့ ကားတစင်းမြန်မာစစ်တပ်ရဲ့ခွင့်ပြုချက်အရ မန်သာ၊ ဆင်ခန်း နဲ့ရွှေဂူ ဒေသအနီးက ကျွန်းသစ်တွေကို တရုတ်နယ်စပ် နောင်းဒေါင် (Nongdao) ဘက်ကို တင်ပို့နေဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။

အခုလို ပြုလုပ်နိုင်ရေးအတွက် တရုတ်စီးပွါးသစ်ကုန်သည်များအနေဖြင့် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၊ မိုးမိတ်ဗျူဟာမှူး၊ သစ်သယ်ထုတ်ရာ
လမ်းကြောင်းတလျှောက်ရှိ စစ်တပ်များနဲ့ စစ်ကြောင်းတွေကို လဒ်ငွေအဆင့်ဆင့်ပေးရကြောင်း နယ်စပ်သစ်ကုန်သည်များပြောပါတယ်။

သစ်ကုန်သည်များအဆိုရ သူတို့အနေဖြင့် ကချင်ပြည်တိုင်းမှူးကို လဒ်ငွေကျပ် သိန်း ၁၅၀၀ ကျော် ပေးခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ကနေ တရုတ်သစ်ခုတ်သမားတွေ ဗန်းမော်ကိုဝင်ရောက်လာတာဖြစ်ပြီး အခုချိန်မှာလည်း အယောက် ၅၀၀ ကျော်လောက် ရောက်ရှိနေကြောင်း သူတို့နဲ့နီးစပ်သူတွေပြောပါတယ်။

Most read this week