မြန်မာအလုပ်သမား၂၀၀ ခန့် ထပ်မံဖမ်းဆီးခံရ

မြန်မာအလုပ်သမား၂၀၀ ခန့် ထပ်မံဖမ်းဆီးခံရ
by -
ခွန်အောင်မြတ်
မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တရားမဝင် မြန်မာအလုပ်သမားများ အား ထိုင်းနယ်ခြားစောင့်တပ်က ယမန်နေ့မနက်တွင် ဖမ်းဆီး စစ်ဆေးရာ အလုပ်သမား ၂၀၀ ခန့် ...

မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တရားမဝင် မြန်မာအလုပ်သမားများ အား ထိုင်းနယ်ခြားစောင့်တပ်က ယမန်နေ့မနက်တွင် ဖမ်းဆီး စစ်ဆေးရာ အလုပ်သမား ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ ရသည်။

ထိုင်းနယ်ခြားစောင့်တပ်က အလုပ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်သို့သွားနေချိန် လမ်းခုလပ်တွင် စောင့်၍ စစ် ဆေးဖမ်းဆီးမှု ပြုလုပ်ခဲ့သည်ဟု ဖုတ်ဖရမြို့နယ် ၄၄ ကီလို မီတာရှိ အကောင်းဆုံးမိတ်ဆွေ စာသင်ကျောင်းမှ ဆရာ ဓူဝံက ပြောသည်။

“မနက်ငါးနာရီခွဲလောက်မှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နေပြီးတော့ ငါးသုံးစီးနဲ့လုပ်ငန်းခွင်ထဲကို ဆင်း ကြတဲ့ အလုပ်သမားတွေကို သူတို့ ဖမ်းကြတယ်ပေါ့နော်။ ဖမ်းတဲ့နေရာမှာ အဓိက အလုပ်သမား အ များစုက ဒေသအခေါ်ဘတ်ပေါ့ဗျာ အလုပ်သမားလက်မှတ်မရှိတဲ့အတွက်ဖမ်းတာပါ။ အဲတော့ ကားသုံး စီးတိုက် လူ(၈၀)လောက်တော့ ကျနော်တို့ အနီးအနားက (၄၄) ကီလိုမီတာ ရွာကြီးကနေ ဖမ်းသွား တယ်ပေါ့။ အခြားတနေရာတွေမှာ လည်း အဲဒီနေ့ တနေ့ထဲမှာပဲ ဖုတ်ဖရ ဧရိယ ဖုတ်ဖရမြို့နယ်နဲ့ အနီးတဝှိုက် ဖမ်းသွား တယ်ပေါ့။ စုစုပေါင်း မနေ့က ဖမ်းသွားတာ ခန့်မှန်းခြေ (၂၀၀) လောက်ရှိမယ် ဗျ။ မနေ့က အဖမ်းခံလိုက်ရတယ်။”

အဖမ်းဆီးခံရသူ အများစုမှာ အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသော်လည်း သက်တမ်း မတိုးထားကြ သူများဖြစ်ပြီး ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လုပ်နည်း လုပ်ဟန်ကို နားမလည်ကြသူများ ဖြစ်သည်ဟု ဆရာ ဓူဝံက ပြောသည်။

“တချို့က လုပ်ငန်းရှင်ကိုယ်တိုင် ဆက်ပေးသော်လည်း အလုပ်သမားတွေက မြန်မာပြည်မှာ သန်းခေါင် စာရင်းတွေ ဒီမှတ်ပုံတင်နံပါတ်တွေနဲ့ မိသားစုတွေကိုယ်တိုင်ကနေပြီးတော့ အခွန်ပေးဆောင်ရမှာကို ကြောက်ပြီးတော့ တချို့တွေဆို တင်းပြီးခံနေတယ်။ တချို့ကျတော့လည်း အလုပ်သမားနဲ့ ဗီဇာ ပတ် စပို့ နို်င်ငံသားစီစစ်တဲ့ ကိစ္စနဲ့ပါတ်သက်ပြီးတော့ ကွဲကွဲ ပြားပြား သူတို့တွေ သတင်းအချက်အလက် တွေ မရရှိိတဲ့အတွက် တချို့ဆို အခုရက်မှ လာမေးတဲ့သူတွေရှိတယ်။ အဲမှာ ဘတ်တွေက သက်တမ်း ကုန်နေပြီ။ အဲဒီအချက်အလက် တွေအပေါ် မူတည်ပြီးတော့ အလုပ်သမားလက်မှတ်မရှိတဲ့ အလုပ်သ မားတွေ သူတို့က ဖမ်းကြတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ အလုပ်သမားလက်မှတ်မရှိလို့ ဖမ်း တယ်။”

ယနေ့လည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့က လမ်းမကြီးနှင့် လမ်းဆုံ များတွင် ဂိတ်ချပြီး စစ် ဆေးမှုများ ပြုလုပ်နေသည်ဟု မျက်မြင်တွေ့ခဲ့သည့် အလုပ်သမား တဦးက ပြောသည်။

“မနေ့ကတော့ နယ်ခြားစောင့်တပ်ဖွဲ့ကနေပြီးတော့ ၀င်ဖမ်းတယ်၊ စီးတယ်၊ သူတို့ စီမံချက်နဲ့ သွား ကြတယ်။ ဒီနေ့မှာတော့ ထိုင်းပုလိပ်တော်တော်များများက လမ်းဆုံ၊ လမ်းခွဲ တွေကနေ ရှောင်တခင် ပုံစံမျိုးနဲ့ သူတို့စစ်ဆေးပြီးတော့ ဘတ်မရှိတဲ့လူတွေကို ဖမ်းဆီး အရေးယူ နေတာတွေ့ရတယ်။ ဒါပေ မယ့် အင်အားကိုတော့မသိရှိရသေးဘူး။ ၀န်းတွေထဲမှာတော့မဖမ်းဘူး။လမ်းဆုံလမ်းခွတွေမှာ ရှောင်တ ခင်ပုံစံမျိုးနဲ့ စောင့်ဖမ်းနေတာ တွေ့ရတယ်။”

အသက်မပြည့်သေးသည့် ကလေးများကိုပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်သည်ဟု ယူကလစ်တန်းခေါ် (၃၅) ကီလို မီတာ ကျေးရွာတွင် အိမ်ကျောင်းဖွင့်ပြီး အလုပ်သမားများ ၏ ကလေးများကို အခမဲ့ ပညာသင်ကြားပေးနေသည့် ဆရာမ ဒေါ်သန်းသန်းအေးက ပြောသည်။

“ကျမလည်း အိမ်စကူးလေးဖွင့်ထားတယ်ဆိုတော့ ကလေးတွေနဲ့ အဲဒါ ကျမလုံခြံုရေးတော့ လိုချင် တယ်။ ကြောက်တော့ ကြောက်တာပေါ့နော်။ ကလေးနဲ့ အများကြီးနဲ့ဆိုတော့။”

ဖုတ်ဖရမြို့နယ်တွင် တောင်ယာနှင့် စိုုက်ပျိုးရေးကို လုပ်ကိုင်နေသည့် အလုပ်သမားများ အများအပြားရှိပြီး တရား ၀င်လက်မှတ် ကိုင်ဆောင်ထားသူ အနည်းအကျဉ်းသာရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြော သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်အပန်းဖြေကမ်းခြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုအား ယခုလ ၈ ရက်နေ့ ည တွင် ထိုင်းအာဏာပိုင်များ ရှောင်တခင်ဝင်ရောက် ဖမ်းဆီးရာ ချောင်းထဲဆင်းပြေးသည့် မြန်မာအမျိုးသမီးငယ် နှစ်ဦး ရေနစ်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလတွင် နိုင်ငံခြားသားအလုပ်သမားလက်မှတ် သက်တမ်းတိုးပေးသည့်အချိန် ကုန်ဆုံးသွားပြီဖြစ်၍ ယာယီနို်င်ငံကူးလက်မှတ်မပြုလုပ်သူ၊ အလုပ်သမားလက်မှတ် သက်တမ်း မတိုးသူဦးရေ ငါးသိန်းကျော်ကို ဖမ်း ဆီးပြီး နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံခြားသားအလုပ်သမား ခန့်ထားရေး ဌာန အကြီးအကဲက ပြောကြားခဲ့သည်။

Most read this week