ရွှေလီ ရေအားလျပ်စစ် စက်ရုံက မီးပေးဖို့ ပြင်ဆင်နေ

ရွှေလီ ရေအားလျပ်စစ် စက်ရုံက မီးပေးဖို့ ပြင်ဆင်နေ
ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့အနီး၊ မြို့၏အနောက်တောင်ဘက်၊ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ထားသည့်  ရွှေလီ(၁) ရေအားလျပ်စစ်စက်ရုံက လျပ်စစ်ဓာတ်အားကို မူဆယ်ခရိုင်အတွင်း ဖြန့်ဖြူးနိုင်ရန် ...

ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့အနီး၊ မြို့၏အနောက်တောင်ဘက်၊ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ထားသည့်  ရွှေလီ(၁) ရေအားလျပ်စစ်စက်ရုံက လျပ်စစ်ဓာတ်အားကို မူဆယ်ခရိုင်အတွင်း ဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်တိုင် မီးကြိုးများ သွယ်တန်းခြင်းနှင့် မီးတာဘောက်စ်များ ငွေကောက်ခံခြင်းများ ပြုလုပ်နေသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် လာရောက်မည်ဖြစ်၍ ရွှေလီရေအားလျပ်စစ် စက်ရုံမီးကို ဖြန့်ဖြူး နိုင်ရန် အဆောတလျင် လုပ်နေကြောင်းကို နမ်းခမ်းဒေသခံတဦးက ပြောသည်။

“ဝန်ကြီးချုပ် မနက်ဖန်လာမယ်လို့ပြောတယ်။ ဒါကြောင့်  မီးကြိုးတွေကို နမ်းခမ်းနဲ့ ဆယ်လန့်ရွာ အကြား သွယ်နေတာ။ အရပ်သားလုပ်အားပေးနဲ့ကော၊ သူတို့ဝန်ထမ်းတွေနဲ့ ကော လုပ်နေကြတယ်။ မူဆယ်နဲ့ နမ်းခမ်း ကြားမှာ မီးတိုင်တွေစိုက်ပြီး မီးသွယ်နေတာ။ လုပ်တာကတော့ (၇)လလောက်ရှိပြီ။ လူကြီးလာမယ်ဆိုတော့ အခုလို အမြန်လုပ်နေတာ။ မီးတာဘောက်စ်တွေက ကျပ် ငါးသောင်းနဲ့ ပြီး ခဲ့တဲ့ ရက်ပိုင်းကစလို့  ပြန်လုပ်နေရတယ်။ အရင်က တရုတ်ကလာတဲ့ မီးကို သုံးနေရတယ်။ တယူနစ် တယွမ်ခွဲ ပေးရတယ်။” ဟု ပြောသည်။

ယမန်နှစ်၊ မေလ(၁၆)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မဂ္ဂါဝပ်(၆ဝဝ)ထုတ်လုပ်နိုင်သည့် ရွှေလီ(၁) ရေအား လျပ်စစ်စက်ရုံကို တရုတ်ကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ခဲ့ပြီး အနီးနားရှိ မူဆယ်မြို့နယ်၊ နမ်းခမ်း မြို့နယ် တို့မှာ အဆိုပါ စက်ရုံက ထုတ်လွှတ်သည့် လျပ်စစ်ဓာတ်အားကို မသုံးစွဲရပေ။

ယခု ဗိုလ်ချုပ်ကြီး သိန်းစိန်လာရောက်လေ့လာမည့် အချိန်မှသာလျှင် ဖြန့်ဖြူးရန် စီစဉ်နေခြင်းဖြစ်သည်။

Most read this week