ဓါးပြများ သောင်းကျန်း၍ ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်ရ

ဓါးပြများ သောင်းကျန်း၍ ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်ရ
by -
မောင်အေး
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တလျှောက်တွင် ဓါးပြများ အထူး သောင်းကျန်းနေသဖြင့် ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်နေကြရသည်ဟု သတင်း ရရှိ ...

(နိရဥ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တလျှောက်တွင် ဓါးပြများ အထူး သောင်းကျန်းနေသဖြင့် ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်နေကြရသည်ဟု သတင်း ရရှိသည်။

၀ိမလ ရွာသား တဦးက “ ဓါးပြတွေက တော်တော်ကို သောင်းကျန်းနေပါတယ်။ အာဏာပိုင်တွေ ကလည်း လုံခြံုရေး အပြည့်အဝ မပေးနိုင်တော့ ကျေးရွာသားတွေက ကိုယ့်ရွာကို ကိုယ်စောင့်တဲ့ သဘောအနေနဲ့ ကင်စောင့်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဓါးပြများသည် လုပ်သေနတ်များ၊ ဓါများကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်ရှိ ကျေးရွာများ အတွင်းသို့ အုပ်စုလိုက် ၀င်ရောက်ပြီး ဓါးပြတိုက်နေခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ကျေးရွာ အနီးဝိုက်မှာ တည်ရှိတဲ့ ၀ိမလကျေးရွာ၊ စံပယ်ပင်းရင်း၊ အီတလာယာ၊ ငါးစားကြူး၊ မင်းကြီးရွာ၊ ကပ်ပကောင်း စတဲ့ ကျေးရွာတွေ အပါအဝင် မောင်တောမြို့ပေါ် ရပ်ကွက် တွေမှာလည်း ကင်းစောင့်နေကြရပါတယ်။ တဖွဲ့မှာတော့ ငါးယောက်ကနေ ခြောက်ယောက်ထိ ပါ၀င်ပီး အလှည့်ကျ စောင့်နေကြရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

မောင်တောမြို့ပေါ်ရပ်ကွက်မှ အမည်မဖေါ်လိုသူ တဦးကလည်း သူတို့ ရပ်ကွက်တွင် ကင်းစောင့် နေရပုံကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်မောင်တောမှာ ဆိုရင် ကင်းရုံကို ကိုယ့်အား ကိုယ်ကိုး စနစ်နဲ့ဆောက်လုပ်ပီး အလှည့် ကျ စောင့်ကြရတယ်။ တညကို အိမ် (၅) အိမ်က ၁ ယောက် ကျစီနုန်းနဲ့ စောင့်ကြရပါတယ်။ တညမှာ ၅ ယောက်ကနေ ရ ယောက်ထိ အဖွဲ့တွေခွဲပြီး စောင့်ကြရပါတယ်။

ယခုကဲ့သို့ ဓါးပြများ ရခိုင်ပြည်နယ် အနောက်ဘက် တလျှောက်တွင် သောင်းကျန်းနေသော်လည်း သက်ဆိုင်ရာ နစက တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက နှိမ်နှင်း နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ ထိုကဲသို့ ဖြစ်နေခြင်းကို ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။

“ နစကတွေကို အားကိုး မရတဲ့အတွက် ကျေးရွာသားတွေ ကိုယ်တိုင် ကင်းစောင့်နေကြရတာ ဖြစ်ပါတယ်။ နစက တပ်ဖွဲ့တွေလာရင် သောက်စားမူးယစ်နေပြီး သူတို့ကို အရက်တိုက်ရတယ်။ ဟင်းကောင်းကောင်းနဲ့ ထမင်းကျွေးရတော့ အကုန်အကျများတဲ့အတွက် ကျေးရွာသားတွေက နစကတွေ ရွာကို လာမှာကိုတောင် ကြောက်နေကြရတယ်။ ဒါကြောင့် နစကတွေကို အားမကိုးဘဲ ကိုယ်ဟာကိုယ်ဘဲ ကင်းစောင့်နေကြရတာ ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း မောင်တောမြို့တွင် ဓါးပြများနှင့် ဓါးပြများကို ကင်းပုန်းဝပ်နေသော ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

“ ဓါးပြတွေကို ရဲက မေးတော့ ဓါးပြတွေက နစကလို့ ပြန်ဖြေတယ်။ သူတို့(ရဲနဲ့ နစက) မှာ အချင်းချင်း ပေးထားတဲ့ စကားဝှက်တွေ ရှိတယ်။ စကားဝှက် မပေးနိင်တော့ ရဲက ချက်ချင််း ပစ်တယ်။ ရဲသား သေနတ်က မပေါက်တော့ ဓါးပြတွေက ပါလာတဲ့ နှစ်လုံးပြူး သေနတ်နဲ့ တချိန် ပြန်ပစ်ပြီး ထွက်ပြေး သွားကြတယ်။ ရဲတွေက သိက္ခာကျသွားပါတယ်” ဟု သူက ပြောသည်။

ယခု ၀င်ရောက် ဓါးပြ တိုက်နေသူများမှာ ဘီဒီပြေးခေါ် တဘက်နိုင်ငံရောက် မူဆလင်များ ဖြစ်ကြပြီး တဖွဲ့တွင် အယောက် ၁၀ မှ ၂၀ ခန့်ပါ၀င်ကာ ဓါးပြတိုက်ပြီးလျှင် ဘင်္ဂလာဒေ့ချ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရှိရသည်

လွန်ခဲ့သော ဇန္နဝါရီနှင့် ဖေဖေါ်ဝါရီ လအတွင်း မောင်တောမြို့နယ်တွင် ဓါးပြတိုက်မူ အနည်းဆုံး ၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သော်လည်း တရားခံ တစုံတယောက်ကိုမှ မြန်မာ အာဏာပိုင်များမှ ဖမ်းဆီး ရရှိမိခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ဓါးပြများသည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်ရှိ ကျေးရွာများကို ဓါးပြ ၀င်တိုက်သည်သာမက နတ်မြစ်အတွင်း လူတင်ပို့နေသည့် ကူးတို့လှေများကိုလည်း လမ်းမှ ဖြတ်ပြီး ဓါးပြတိုက်နေကြောင်း သိရသည်။

လွန်ခဲ့သော အပတ်ကလည်း မြစ်နားရွာမှ အမျိုးသမီး တဦး မြန်မာဘက်ကမ်းသို့ ကူးတို့ လှေတစီးဖြင့် ဖြတ်ကူးစဉ် ဓါးပြများ လှေကို ဖြတ်တိုက်ပြီး အမျိုးသမီးထံတွင် ပါလာသော ရွှေ ၃ ကျပ်သားကို လူယူသွားခဲ့ကြသည်။

Most read this week