မဲဆောက်တွင် နိုင်ငံတကာ အမျိုးသမီးများနေ့ ကြိုကျင်းပ

မဲဆောက်တွင် နိုင်ငံတကာ အမျိုးသမီးများနေ့ ကြိုကျင်းပ
by -
ခွန်အောင်မြတ်
လာမည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် နှစ််(၁၀၀) မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့အခမ်းအနား ကို မဲဆောက်မြို့၌ ယနေ့ ကြိုတင်ကျင်းပရာ မြန်မာ အလုပ်သမ ၂၀၀ ကျော် တက်ရောက်ခဲ့ကြ ...

လာမည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် နှစ််(၁၀၀) မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့အခမ်းအနား ကို မဲဆောက်မြို့၌ ယနေ့ ကြိုတင်ကျင်းပရာ မြန်မာ အလုပ်သမ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားဖွင့်ပွဲတွင် တာ့ခ်ခရိုင် အလုပ်သမား ကာကွယ်ရေးရုံးနှင့် လူမှုဖူလုံ ရေး ဦးစီးအရာရှိ နိုင်ဖိစု စုဝန္နာဝါနစ်က ယခုလို ပြောသည်။

“အဓိကကတော့ နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီးအလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမျိုးသမီး အ လုပ်သမားတွေရဲ့ လူနေမှုဘဝတွေရယ်၊ သူတို့တွေရဲ့ ရပိုင်ခွင့် ဘဝတွေကို ပိုမိုသိရှိနားလည်အောင် ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်။”

နံနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းကပ်လှူတန်းပြီး ထိုင်းဘုရင်မင်းမြတ် သက်တော် ရာကျော်ရှည်ရန်၊ ထိုင်း နိုင်ငံငြိမ်းချမ်းသာယာရန် တက်ရောက်လာကြသူများက ထိုင်း၊ မြန်မာ နှစ်ဘာသာဖြင့် ဆုတောင်းကြပြီး နိုင်ငံ တကာ အမျိုးသမီးများနေ့ အခမ်းအနားကို ဆက်လက် ကျင်းပကြသည်။

ထိုင်းအမျိုးသမီးခေါင်းဆောင်တစ်ဦးက “ထိုင်းအစိုးရအလုပ်သမား ၀န်ကြီးဌာန တာဝန် ရှိသူတွေ ရှိနေ တုန်းမှာ လုပ်ငန်းခွင်ထဲမှာ ပြဿနာတွေ ဆက်သွယ်ပါ၊ ဖုန်းနံပါတ်တွေလည်း မှတ်ထားဖို့ပြောချင် တယ်။ ပြီးတော့ ထိုင်းနို်င်ငံရဲ့ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေ ဘယ်လောက်သိထားကြပြီလဲဆိုတာ အလဟဿ မနေကြပါနဲ့။ တတ်နိုင်ငံသမျှ ထိုင်း တီဗွီတွေ ဘာတွေ ကြည့်ပြီးတော့ မိမိရောက်ရာ နေ ရာဒေသမှာ သူနဲ့ဆီလျှော်တဲ့ လိုက်လျောညီထွေဖြစ်တဲ့ အနေအထားတွေကို ကျင့်သုံးနေထိုင်ကြပါ။” ဟု တိုက်တွန်းသွားသည်။

မြန်မာပြည်မှ ဘွဲ့ရရှိကာ မဲဆောက်သို့ လာရောက်သည်မှာ တနှစ်ကျော်မျှသာရှိပြီး အမျိုးသမီးတဦးဖြစ်သော် လည်း နို်င်ငံတကာ အမျိုးသမီးများနေ့ ရှိသည်ကိုပင် မသိခဲ့ဟု မြန်မာအလုပ်သမ မဆုမွန်က အခမ်းအနားတွင် ယခုလိုပြောသည်။

“နိုင်ငံတကာအမျိုးသမီးများနေ့ ရှိတာကိုမသိခဲ့တာအမှန်ပဲ။ ဒီဘက်ရောက်မှကြားခဲ့တယ်။ သိခဲ့တယ်။ ဒါတောင်မှ သမီးတို့လို နည်းနည်းပါးပါးလူတွေလောက်ပဲ သိတာပေါ့ နော်။ တခြားအလုပ်သမားတွေ အပြင်မှာရှိနေတဲ့ အလုပ်သမားတွေအနေနဲ့ သိနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ကိုယ့်နိုင်ငံမှာလည်း လွတ်လွတ်လပ်လပ်မလုပ်ရဘူး။ သူများနိုင်ငံ မှာ လာပြီးတော့ လုပ်နေရတယ်ဆိုတော့ပေါ့နော် စိတ်ထဲ မှာတော့ ကိုယ့်နိုင်ငံမှာ ဖြစ်စေချင် တာပေါ့။ ဒီလို အခမ်းအနားမျိုးတွေ။ ကိုယ့်နိုင်ငံမှာပဲ ဖြစ်စေချင် တယ်။ ဒီလို သူများနိုင်ငံမှာ လာလုပ် နေရတဲ့အတွက်လည်း သိပ်ပြီးလို့တော့ မကောင်းဘူး။ ဒါပေမယ့် တခုရှိတာက တော့ သူများ နိုင်ငံကပါ တကူးတက ကိုယ့်လူမျိုးထဲကနေပြီးတော့ ခေါ်တဲ့အတွက်တော့ တကူးတက ပေါ့နော် ဖိတ်ကြားထားတဲ့ အဲလိုမျိုးတွေအတွက်တော့ ၀မ်းသာမိတာ တခုတော့ ရှိတာ ပေါ့။”

နိုင်ငံတကာ အမျိုးသမီးများနေ့အခမ်းအနားကို ပုံမှန် မတ်လ ၈ ရက်နေတွင် ကျင်းပကြ သော်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်မူ မတ်လ ၄ ရက်နေ့တွင် ကြိုတင် ပြုလုပ်လေ့ရှိသည်။

အခမ်းအနားတွင်တက်ရောက်လာကြသူများသည် အမျိုးသမီးနှင့်သက်ဆိုင်သည့် အခွင့်အရေး၊ တန်းတူရေး၊ ဘဝ လုံခြံုရေးစသည့် ပညာပေးဂိမ်းများကို ပွဲစီစဉ်သူများက ဦးဆောင်ကစားကြသည်။

Most read this week