ကေအိုအိုနဲ့ မြန်မာစစ်အစိုးရတို့ နယ်ခြားစောင့်တပ်အရေး ထပ်တွေ့ဖို့ ရက်ရွှေ့ထား

ကေအိုအိုနဲ့ မြန်မာစစ်အစိုးရတို့ နယ်ခြားစောင့်တပ်အရေး ထပ်တွေ့ဖို့ ရက်ရွှေ့ထား
ကချင်ပြည်လွပ်လပ်ရေအဖွဲ့ ကေအိုင်အိုဟာ  မြန်မာစစ်အစိုးရက ဖိအားပေးနေတဲ့ နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကို သတ်မှတ်ထားတဲ့ ဖေဖဝါရီ ၂၈ မှာ အဖြေပေးဖို့ မဖြစ်နိုင်တဲ့အတွက်...

ကချင်ပြည်လွပ်လပ်ရေအဖွဲ့ ကေအိုင်အိုဟာ  မြန်မာစစ်အစိုးရက ဖိအားပေးနေတဲ့ နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကို သတ်မှတ်ထားတဲ့ ဖေဖဝါရီ ၂၈ မှာ အဖြေပေးဖို့ မဖြစ်နိုင်တဲ့အတွက် ရက်နောက်ဆုတ်လိုက်ပါတယ်။

အခုလိုအဖြေမပေးနိုင်သေးတာက ကေအိုင်အို ဗဟိုကော်မတီ်အစည်းဝေးမှာ ဆုံးဖြတ်ဖို့အတွက် အရာရှိတွေ မစုံသေးတဲ့အတွက် ဖြစ်တယ်လို့ ကေအိုင်အိုရဲ့ ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်က ပြောပါတယ်။

“ကျွန်တော်တို့  ဗဟိုကော်မတီအစည်းအဝေးကနေဆုံးဖြတ်တာပါ။ တကယ်ဆိုရင် ဖေဖဝါရီလ ၁၂ ရက်နေ့မှာ အစည်းအဝေးပြုလုပ်မှာ လူမစုံတဲ့အတွက် မလုပ်ဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ သက်ဆိုင်ရာကိုလည်း အဖြစ်အပျက်ကို ကောင်းမွန်စွာ တင်ပြထားတာရှိတယ် အဲဒါကြောင့် ရက်ရွှေ့ပေးပါလို့ သူတို့ကလည်း နားလည်ထားတယ်။”

ဒီတစ်ပါတ်အတွင်း ကေအိုင်အေဌာနချူပ်လိုင်ဇာမှာ ဗဟိုကော်မတီအစည်းအဝေးပြုလုပ် ဆုံးဖြတ်ချက်ချမှာ ဖြစ်ပြီး အထက်ကိုဆက်လက်တင်ပြသွားမယ်လို့ ပြောပါတယ်။

မြန်မာစစ်အစိုးရကလည်း  နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စနဲ့ပတ်သက်လို့ ဖိအားပေးနေရာကနေ အခု တစ်ခါ ကေအိုင်အို ဆွေးနွေးပြီး ဆုံးဖြတ်မဲ့ အဖြေကို စောင့်မျှော် နေပါတယ်။

Most read this week