အမေရိကန် ရေတပ်မှ မြန်မာ့ရေပြင် ပိုင်နက်အနီး ဘင်္ဂလာဒေချ့်ကို စစ်ရေး သင်တန်းပေး

အမေရိကန် ရေတပ်မှ မြန်မာ့ရေပြင် ပိုင်နက်အနီး ဘင်္ဂလာဒေချ့်ကို စစ်ရေး သင်တန်းပေး
အမေရိကန် ရေတပ်မှ ဘင်္ဂလာဒေချ့် ရေတပ််သင်္ဘောများကိုု မြန်မာ ရေပြင်ပိုင်နက်အနီး ဘင်္ဂလာ ပယ်လယ်အော်တွင် ယမန်နေ့က စတင်ပြီး သင်တန်းပေးနေကြောင်း...

အမေရိကန် ရေတပ်မှ ဘင်္ဂလာဒေချ့် ရေတပ််သင်္ဘောများကိုု မြန်မာ ရေပြင်ပိုင်နက်အနီး ဘင်္ဂလာ ပယ်လယ်အော်တွင် ယမန်နေ့က စတင်ပြီး သင်တန်းပေးနေကြောင်း သတင်း ရရှိသည်။

သင်္ဘောသား ၂၂၀ ဦးပါ၀င်သော အမေရိကန် ရေတပ်သင်္ဘော USS Ingraham မှ အဆိုပါ သင်တန်းကို မြန်မာနယ်စပ်အနီး ကော့ဘဇားခရိုင် ကူတူးဒီးယား ကျွန်းအနီးတွင် ပြုလုပ်နေခြင်း ဖြစ်သည်။

ကူတူးဒီးယားကျွန်းမှာ စစ်တကောင်းဆိပ်ကမ်းမှ တောင်ဘက် ကီလိုမီတာ ၆၀ အကွာတွင် တည်ရှိသည်။

သင်တန်းမှာ သုံးရက်ကြာမြှင့်မည် ဖြစ်ပြီး သင်တန်းကာလအတွင်း နှစ်နိုင်ငံရေတပ် သင်္ဘောများ အနေဖြင့် စစ်ရေးသာမက အတတ်ပညာပိုင်းဆိုင်ရာများကို အပြန်အလှန် ဖလှယ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်သင်္ဘော ဦးစီးအရာရှိ အဒမ် ဂျေလ် ဝေလ်သာမှ ရေတပ်သင်တန်းပေးရခြင်းမှာ ဘင်္ဂလာဒေချ့်နှင့် အမေရိကန် နိုင်ငံတို့အကြား ဆက်ဆံရေးကို ပိုမိုတောင့်တင်း ခိုင်မာစေရန် ရည်မှန်းချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး အပြန်အလှန် ပူပေါင်း ဆောင်ရွက်မူနှင့် နားလည်မူများ တိုးမြှင့် ရရှိလာမည်ဟု မျှော်လင့်ကြောင်း သတင်းထောက်များသို့ ပြောဆိုသည်။

ရေတပ်သင်္ဘော USS Ingraham သည် ဘင်္ဂလာဒေချ့် နိုင်ငံသို့ ချစ်ကြည်ရေးဆိုင်ရာ ခရီးစဉ်အတွင်း ယခု စစ်ရေး သင်တန်းကို ပြုလုပ်ခြင်း ဖြစ်သည်။ USS Ingranham သည် ဘာရိန်းနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အသွား ခရီးစဉ်တွင် ဘင်္ဂလာဒေချ့်သို့ ၀င်ရောက်လာပြီး အဆိုပါ သင်တန်းကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သင်တန်းကာလအတွင်း နှစ်ဘက် ရေတပ်သင်္ဘောများ အနေဖြင့် ရဟတ်ယာဉ်များ ပျံသန်းမူများကို လေ့ကျင့်သွားမည် ဖြစ်ပြီး အတတ်ပညာပိုင်းနှင့် အတွေ့အကြံု များကိုလည်း ဖလှယ်သွားမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ရေး သင်တန်းနှင့့် ပတ်သက်ပြီး မြန်မာဘက်မှ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသော်လည်း ရခိုင်ပင်လယ်ပြင်တွင် ရေတပ်သင်္ဘောများ သွားလာမူမှာ အထူး တိုးပွားနေကြောင်း သတင်း ရရှိသည်။

Most read this week