မြန်မာစစ်တပ်များ တိုက်ပွဲဝင်ရန် အဆင်သင့် အနေထားရှိရန် နေပြည်တော်ညွန်ကြား

မြန်မာစစ်တပ်များ တိုက်ပွဲဝင်ရန် အဆင်သင့် အနေထားရှိရန် နေပြည်တော်ညွန်ကြား
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်ရှိ မြန်မာစစ်တပ်တွေအားလုံး တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်ထားရန် နယ်ပြည်တော်က ညွန်ကြားထားကြောင်း ခိုင်လုံတဲ့ ဒေသခံ ...

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်ရှိ မြန်မာစစ်တပ်တွေအားလုံး တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်ထားရန် နယ်ပြည်တော်က ညွန်ကြားထားကြောင်း ခိုင်လုံတဲ့ ဒေသခံ သတင်းရပ်ကွက်က သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတွင် တွေ့ရတဲ့ မြန်မာစစ်ကားများအမိန့်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က သက်ဆိုက်ရာ ပြည်နယ် ၂ ခုရှိ မြန်မာစစ်တပ် တပ်မ နဲ့ တပ်ရင်းတွေအားလုံး တိုက်ပွဲအတွက် အသင့်ပြင်ဆင်ရန် နယ်ပြည်တော် စစ်ခေါင်းဆောင်များ ညွန်ကြားခဲ့တာဖြစ်တယ်လို့ အထက်က သတင်းရပ်ကွက်ကဆိုပါတယ်။

ဒါ့ပယ်မဲ့ ညွန်ကြားချက်တွင် “မည်သူကို တိုက်ရန်” ရည်ရွယ်ထားခြင်း သို့မဟုတ် “ရန်သူအမည်” အတိလင်း ဖော်ဖေါ်ပြထားခြင်း မရှိကြောင်း သိရပါတယ်။

သို့သော်လည်း ဒါဟာ စစ်အစိုးရ ညွန်ကြားထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲရန် ငြင်းဆန်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ United Wa State Army (UWSA) အဖွဲ့ကို စစ်ရေးအရ ဖိအားရေးရန် ပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်းကို ဒေသခံ စစ်ရေးလေ့လာသူများ ပြောပါတယ်။

အဆိုပါ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့အား ဒီလ နောက်ဆုံး ထားကာ နယ်ခြားတပ်ဖွဲ့ပြောင်းလဲဖွဲ့စည်းရေးကိစ္စ ပေါ် လက်ခံ၊ လက်မခံ အဖြေပေးရန် မြန်မာ စစ်အစိုးရက အကြောင်းကြားထားပါတယ်။

Most read this week