စင်္ကာပူရောက် ရခိုင်များ မိတ်ဆုံစားပွဲ ထူးထူးခြားခြား အစီအစဉ်များဖြင့် ကျင်းပ

စင်္ကာပူရောက် ရခိုင်များ မိတ်ဆုံစားပွဲ ထူးထူးခြားခြား အစီအစဉ်များဖြင့် ကျင်းပ
by -
မင်းဆက်ခိုင်
စင်္ကာပူ နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ၏ ရ ကြိမ်မြောက် မိတ်ဆုံစားပွဲကို ယခုလ ၂၀ ရက်နေ့က ထူးထူးခြားခြား အစီအစဉ်များကို ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ...

စင်္ကာပူ နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ၏ ရ ကြိမ်မြောက် မိတ်ဆုံစားပွဲကို ယခုလ ၂၀ ရက်နေ့က ထူးထူးခြားခြား အစီအစဉ်များကို ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မိတ်ဆုံစားပွဲကို စင်္ကာပူနိုင်ငံ Informatics School theatre တွင် ကျင်းပခဲ့ပြီး ဖက်ရှန် ရှိုးပွဲနှင့် စတိတ်ရှိုး အစီစဉ်များကိုလည်း တင်ဆက် ကပြဖြေဖျော်ခဲ့ကြသည်။

ရခိုင်လှပျိုဖြူလေးများမှလည်း ရခိုင်ရိုးရာ ဆီးမီးခွက် အကဖြင့် ကပြ ဖြေဖျော်ခဲ့ကြပြီး အခမ်းအနားသို့ ရခိုင်အမျိုးသား စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက် ပါဝင်ဆင်နွဲခဲ့သူ မမေကြီးမှ အတိုင်းမသိ ပျော်မိကြောင်း ယခုကဲ့သို့ ပြောသည်။

“အဲဒီနေ့က အရမ်းပျော်ပါတယ်။ ဒီလို ရခိုင်တွေ စုံစုံညီညီတွေ့ရလို့ ပိုပြီး ဝမ်းသာမိပါတယ်။ ဒီမှာ ရောက်နေကြတဲ့ ရခိုင်တွေ ကိုယ့်အားကိုကိုးပြီး စုပေါင်းပြုလုပ်တဲ့ ပွဲဖြစ်တဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ နောက်ပြီးတော့ ရခိုင်တွေ ရင်းရင်းနှီးနှီးနဲ့ ကခုန်နေကြတာကိုတွေ့လို့လည်း အတိုင်းမသိပျော်ရွင်မိပါတယ်။”

ယခုနှစ်တွင် ရခိုင်စတိတ်ရှိုးပွဲပါ မိတ်ဆုံ စားပွဲတွင် ပူုးတွဲ ကျင်းပ နိုင်ခဲ့ပုံကို သူမက ယခုကဲ့သို့ ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ကတည်းက ဒီလို စတိတ်ရှိုးတွေနဲ့ ကျင်းပမယ်လို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် ရိုးရိုးလေးပဲ ကျင်းပခဲ့ပါတယ်။ ဒီနှစ်တော့ ဖြစ်အောင် လုပ်မယ်ဆိုပြီး ဒီမှာရှိတဲ့ အကိုတွေ၊ အမတွေက ဒီဇင်္ဘာလ ကတည်း စီစဉ်ခဲ့ကြတာပါ။ စတိတ်ရှိုးပွဲပါ ပါလာတော့ အရမ်းကို ပျော်စရာ ကောင်းပါတယ်။ ဦးဆောင်ခဲ့ကြတဲ့ သူတွေနဲ့ ဝိုင်းဝန်း ကူညီပေးခဲ့ကြတဲ့ အကိုတွေ၊ အမတွေကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။”

ယခုနှစ် စင်္ကာပူရောက် ရခိုင်များ မိတ်ဆုံစားပွဲ၏ ထူးခြားချက်မှာ ရခိုင်ပြည်နယ်မှ ရခိုင်အဆိုတော်များ လာရောက်ပြီး တေးဂီတ အစီစဉ်ဖြင့် ဖြေဖျော်ခဲ့ကြခြင်းဖြစ်သည်။

တက်သစ်စ လူငယ် ရော့ခ် တေးဂီတအဖွဲ့ဖြစ်သော SARCOMA အဖွဲ့၊ ယုယုလှိုင်၊ မြန်မာ သရုပ်ဆောင် ဗွီဒီယို မင်းသားတဦးဖြစ်သော အဆိုတော် ဘုန်းလျှံ တို့ လာရောက် ဖြေဖျော်ခဲ့ကြသည်။

မိတ်ဆုံစားပွဲ အခမ်းအနားကိုု အင်တာနက် အွင်လိုင်း Livestrem ဝတ်ဆိုက်မှတဆင့် တိုက်ရိုက် အွင်လိုင်း Live Show အဖြစ်ပြသခဲ့သည်။

မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ညနေစာဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားကို ရ နာရီ နီးပါး အချိန်ယူ ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

Most read this week