လောက်ကိုင်ဒေသအတွင် ဗုံးဖောက်ခွဲသူ ယူဆရသူ တဦးအား ဖမ်းဆီးရမိထား

လောက်ကိုင်ဒေသအတွင် ဗုံးဖောက်ခွဲသူ ယူဆရသူ တဦးအား ဖမ်းဆီးရမိထား
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲမှုများနှင့်ဆက်စပ်ပြီး ဗုံးထောင်သူဟု ယူဆရသူ တဦးအား ဖမ်းဆီးရမိထားသည်။
လောက်ကိုင်မြို့တွင် ဗုံးဖောက်ခွဲသူဟု ယူဆကာ ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ မနက်ပိုင်းက အသက်(၂၆)နှစ်အ ရွယ် လူတဦးအား...

ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲမှုများနှင့်ဆက်စပ်ပြီး ဗုံးထောင်သူဟု ယူဆရသူ တဦးအား ဖမ်းဆီးရမိထားသည်။
လောက်ကိုင်မြို့တွင် ဗုံးဖောက်ခွဲသူဟု ယူဆကာ ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ မနက်ပိုင်းက အသက်(၂၆)နှစ်အ ရွယ် လူတဦးအား ဖမ်းဆီးရမိထားပြီး ထိုသူမှာ ပိုင်စုံချိန်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့မှ နယ်ခြားစောင့်တပ် အသွင် ပြောင်းခဲ့ပြီးနောက်ပိုင်း ထွက်ပြေးခဲ့သူဖြစ်သည်ဟု လောက်ကိုင် ဒေသခံ ကုန်သည်တဦးက ပြောသည်။

“ဦးဖုန်( ဖုန်ကျားရှင်) တို့အဖွဲ့ကတော့ မဟုတ်ဘူး။ ဦးပယ်( ပိုင်စုံချိန်)တို့အဖွဲ့ထဲကနေ ပြေးနေတဲ့ စစ်ပြေးလို့ ပြောတယ်။ သူ့ကို တပ်ကဖမ်းပြီး စစ်ဆေး နေတယ်၊ ဆေးကြောင်သလို ဖြစ်နေတယ်တဲ့။ ဘာမေးမေး မရ ဖြစ်နေတယ်တဲ့။”

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်အစွန် စျေးဟောင်း နေရာတွင် ဖေ ဖေါ်ဝါရီ(၁၇)ရက်၊ နံနက် (၁)နာရီ (၂၅)မိနစ်နှင့် (၂)နာရီ(၂၀)မိနစ်ခန့်တွင် မိုင်း(၂)လုံး ပေါက်ကွဲကြောင်း၊ ထိ ခိုက်မှု မရှိကြောင်း၊ အနီးပတ်ဝန်းကျင်တွင် ထိန်းချုပ်ခွဲ စနစ်သုံး မိုင်း(၄) လုံးအား ရှာဖွှေသိမ်းဆည်း ရမိခဲ့ကြောင်း၊ တရားခံ တဦးကို ဖမ်းဆီးရမိထားပြီး ထိုသူမှာ တရားခံပြေးများ ဖြစ်သော ဖုန်ကြားရှင်၊ ဖုန်ကြားဖုတို့၏ မြန်မာ ပြည် အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (ကိုးကန့်အဖွဲ့)မှဖြစ်ကြောင်း ဖေါ်ပြထားသည်။

ဖေဖေါ်ဝါရီ(၁၅)ရက်နေ့ မနက်ပိုင်းကလည်း တုံချိန်ရပ်ကွက် မူယစ်ဆေးဝါးပြတိုက်အရှေ့ ပန်းခြံနှင့် ကစားကွင်း အတွင်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာတွင် တရုတ်နိုင်ငံသား (၃)ဦးအပါအဝင် လူ(၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ထုတ် သတင်းစာတွင် ဖေါ်ပြထားသည်။

ဗုံးပေါက်ကွဲမှုနေရာ၊ ဗုံးအမျိုးအစားနှင့် ဗုံးပေါက်ကွဲသည့်အချိန်ကာလအနေအထားအရ ဖုန်းကျားရှင် ဦးဆောင် သည့် ကိုးကန့်တပ်ဖွဲ့က မဖြစ်နိုင်ကြောင်း ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“ဖုန်ကျားရှင်တို့က ကိုးကန့်တရုတ်တွေဖြစ်တယ်။ ဒီလိုနှစ်သစ်ကူးကာလမှာ တရုတ်အယူအဆအရ ဗုံး ကွဲသေကြေတာမကောင်းဘူး။ ဗုံးတွေကလည်း ဖုန်အဖွဲ့က သုံးစွဲတဲ့ ဗုံးအမျိုးအစားလည်း မဟုတ်ဘူး။ တရုတ်နိုင်ငံသားတွေ ထိခိုက်အောင်လုပ်တယ်ဆိုတော့ တရုတ်နဲ့ ဖုန်ကျားရှင်တို့ကို ရန်တိုက် ပေးတာ ဖြစ်တယ်၊ ဖမ်းမိထားတဲ့သူကို ဖုန်အဖွဲ့ကပါလို့ ပြောရင်လည်းဖြစ်တာဘဲ။ ရန်ကုန်မှာ ဗုံးကွဲရင် စွပ်စွဲ ချင်တဲ့သူ စွပ်စွဲနေတာ။ သူတို့က  မီဒီယာပိုင် နေတာဘဲ။”

မြန်မာပြည် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(ကိုးကန့်အဖွဲ့)သည် ၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာ ပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ အပစ်ရပ်စဲရေး ပြုလုပ် ခဲ့ပြီး ယမန်နှစ်၊ ဧပြီလတွင် နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် မြန်မာစစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်မခံသည့်နောက်ပိုင်း လက်နက်ထုတ်လုပ်သည့်ကိစ္စ၊ မူးယစ် ဆေးဝါး ကိစ္စတို့ဖြင့် ယမန်နှစ်၊ သြဂတ်လကုန်ပိုင်းတွင် စစ်အစိုးရတပ်က ချေမှုန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Most read this week