ကင်တားနား ဘူးသီးတောင်သို့ ရောက်ရှိ

ကင်တားနား ဘူးသီးတောင်သို့ ရောက်ရှိ
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားသည် ယနေ့နံနက်တွင် စစ်တွေမှ တဆင့် ဘူးသီးတောင်သို့...

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားသည် ယနေ့နံနက်တွင် စစ်တွေမှ တဆင့် ဘူးသီးတောင်သို့ ရောက်ရှိလာကြောင်း သိရသည်။

ဘူးသီးတောင် သင်္ဘောဆိပ်တွင် နေထိုင်သူ တဦးက “ သူတို့ မနက် ၁၀ နာရီခန့်မှာ ယူအန်က စပိဘုတ်တွေနဲ့ ရောက်ရှိလာတာကို တွေ့ရပါတယ်။ ရေတပ်သင်္ဘော တွေလည်း ရေလမ်းတလျာက်နဲ့ ဘုတ်ဆိပ်၊ သင်္ဘောဆိပ်မှာ လုံခြံုရေး ယူထားတာကို တွေ့ရပါတယ်။ ရောက်ရင်ချက်ချင်းဘဲ အသင့်စောင့်နေတဲ့ ကားတွေနဲ့ ဘူးသီးတောင် ထောင်ဘက်ကို ထွက်ခွာသွားပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်က မျက်မြင်များ အပြောအရ နံနက်ပိုင်းက ထောင်ကို သွားရောက်လည်ပတ်ခဲ့ပြီး ထောင်သားများနှင့် တွေ့ဆုံခဲ့သည်။

“ သိရသလောက် ကိုဌေးကြွယ်တို့နဲ့ တွေ့တယ်လို့ သိရပါတယ်။ သာမန်လူတွေက ထောင်နားကိုတောင် မကပ်ရတော့ ဘယ်သူနဲ့ တွေ့တယ်ဆိုတာကို တိတိကျကျ ပြောဖို့ ခက်ခဲပါတယ်။ ထောင်အနီးတဝိုက်မှာလည်း လုံခြံုရေးတွေ အများကြီးချထားတာကို တွေ့ရပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ယခုအခါ ဘူးသီးတောင်ရှိ ယူန်အန်အိပ်စီအာရ်နှင့် အေဇက်ဂျီ အပါအဝင် နိုင်ငံခြား အန်ဂျီအိုများမှ အရာရှိများနှင့် တွေ့ဆုံနေသည်ဟု သိရသည်။

ယနေနေ့လည် ပိုင်းတွင် ဘူးသီးတောင်မှ စစ်တွေသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်ဟု သိရသည်။ စစ်တွေမှ တဆင့် မနက်ဖြန်တွင် ရန်ကုန်သို့ ပြန်မည် ဖြစ်သည်။ ယမန်နေ့က စစ်တွေသို့ ရောက်လျှင် ရောက်ချင်း ကင်တားနားသည် စစ်တွေထောင်သို့ သွားရောက် လည်ပတ်ခဲ့သည်ဟု သိရသည်။

Most read this week