မြို့နေ ဒုက္ခသည်ကို ဒုက္ခသည်အဖြစ် အသိမှတ်ပြုရန် ကုလကို တောင်းဆို

မြို့နေ ဒုက္ခသည်ကို ဒုက္ခသည်အဖြစ် အသိမှတ်ပြုရန် ကုလကို တောင်းဆို
by -
ခွန်အောင်မြတ်
မြို့နေဒုက္ခသည်နှင့် နယ်စပ်ရှိ ဒုက္ခသည်စခန်းအများအတွင်းတွင် ခိုလှုံပြီး ဒုက္ခသည်အဖြစ် အသိအမှတ်မပြု ခံရ သူများကိုု အသိအမှတ်ပြုပေးရန် ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းထံ လိပ်မူပြီး မြန်မာ ဒု က္ခသည်များကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့က ယနေ့ ဘန်ကောက်မြို့ရှိ ကုသမဂ္ဂရုံး...

မြို့နေဒုက္ခသည်နှင့် နယ်စပ်ရှိ ဒုက္ခသည်စခန်းအများအတွင်းတွင် ခိုလှုံပြီး ဒုက္ခသည်အဖြစ် အသိအမှတ်မပြု ခံရ သူများကိုု အသိအမှတ်ပြုပေးရန် ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းထံ လိပ်မူပြီး မြန်မာ ဒု က္ခသည်များကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့က ယနေ့ ဘန်ကောက်မြို့ရှိ ကုသမဂ္ဂရုံး ထံသွားရောက် တင်ပြသည်။

ကုလသမဂ္ဂနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့ ပူးပေါင်းပြီး နယ်စပ်၊ မြို့ပြဒုက္ခသည်အားလုံး ဒုက္ခ သည် အဖြစ် အသိအမှတ်ပြုရန်၊ ဖြတ်တောက်ထားသည် ရိက္ခာများပြန်ပေးရန်စသဖြင့် ကုလသမဂ္ဂရုံးထံ တင်ပြခဲ့ သည်ဟု မြန်မာဒုက္ခသည်များ ကူညီရေးအဖွဲ့၏ ဒုတိယအတွင်းရေးမှူး ကိုနိုင်ထွန်းလင်းက ယခုလို ပြောသည်။

“ပတ်စပို့နဲ တန်ဒေါင်း(ရွေ့ပြောင်းအလုပ်သမား) ပြဿနာပေါ်လာတယ်လေ။ ပေါ်လာတဲ့အချိန်မှာ တ ချို့ ယူအဲန်လက်မှတ်ကိုင်ဆောင်တဲ့လူတွေက အလုပ်သမား လက်မှတ်တွေနဲ့ အလုပ်လုပ်ကြရ တယ် ။ UNHCR က (၇)နှစ် နီးပါး ထောက်ပံ့ကြေး အားလုံးကို ရပ်ဆိုင်းလိုက်တဲ့အချိန်မှာပေါ့နော်။ အဲဒီလူ တွေက အလုပ်သမားလက်မှတ်လေးနဲ့ နားလည်မှုနဲ့ကိုယ့်နယ်မြေ ကိုယ့်ရပ်ကွက်အသီးသီးမှာ အလုပ် လုပ်ကြတာပေါ့နော်။ အခုလို ပတ်စပို့ ပြဿနာပေါ်လာတော့ နယ်စပ်မှာ သွားပြီးတော့ ပတ်စပို့ ခရီး တွေ ကူးဖို့ လုပ်ဖို့က အစဉ်မပြေနိုင်ဘူး။ ဒီလူတွေက တက်တက်ကြွကြွနဲ့ ဒုက္ခသည်ရေးရာတွေရော နိုင်ငံရေးမှာ တွေကအစ တက်ကြွစွာ ပါ၀င်တဲ့လူတွေ ဖြစ်နေတယ်လေ။ ဒီလူတွေအတွက်ကို အန္တရာယ် ရှိတဲ့အတွက် ပတ်စပို့လည်း လုပ်လို့မရတဲ့အတွက် UNHCR ကနေပြီးတော့ ကန့်ထဲ သွင်းတာ မသွင်း တာထက် UN ဗျူးတာ မဗျူးတာထက် POC အနေနဲ့ပေါ့ စိုးရိမ်ကြောင့်ကျထိုက်တဲ့လူအဖြစ် သတ်မှတ် ပေးပေါ့နော်။”

မြန်မာ့ဒုက္ခများအရေးကို ထိုင်းအစိုးရက တိုက်ရိုက်ကိုင်တွယ်ခွင့်ပေးရန် UNHCR ကို ၂၀၀၃ ခုနှစ်မှစ၍ တောင်း ဆိုရာ ၂၀၀၄ ခုနှစ်တွင် ထိုင်းအစိုးရထံ လွဲပြောင်းခဲ့သည်။ ပေးပို့စာကို ကုလသမဂ္ဂရုံးရှိ ပြောရေးဆိုခွင့်ရှိသူက လက်ခံပြီး ယခုလို တုန့်ပြန် ပြောဆိုသည်ဟု ၎င်းက ပြော သည်။

“ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖွန်ချက်ကတော့ ထိထိရောက်ရောက် ကျနော်တို့နဲ့ ဆွေးနွေးပေးတယ်။ အတတ်နိုင်ဆုံး လုံခြံုရေး ကောင်စီမှာလည်း တင်ပြမယ်။ ပြီးလို့ရှိရင် ထိုင်းအစိုးရက လက်ရှိ မြို့ ပြတွေကို ခွင့်ပြုဖို့လည်း သူတင်ပြထားတယ်။ UN က လောဆယ် အသိမှတ်ပြုတဲ့ ပုံစံမျိုးနဲ့ပဲ လုပ် ထားရတယ်။ TBBC ဆိုတဲ့ နယ်စပ်မှာ အထွေထွေကိစ္စတွေ စားဝတ်နေရေး ရိက္ခာစို၊ ရိက္ခာခြောက် ကိစ္စတွေကို UN က မကိုင်ရပဲနဲ့ TBBC က ကိုင်ထားတယ်လို့ UN က ပြောရေးဆိုခွင့် ရှိသူ မစ္စတာ ဖွန်ချက်ကိုယ်တိုင်က ပြောတယ်။ အဲဒီအတွက် လောလောဆယ် ညှိနှိုင်း နေတုန်းလို့ပြောတယ်။ ဒီနှစ် ထဲမှာတော့ ထူးခြားလိမ့်မယ်လို့ ပြောပြတယ်။”

ဘန်ကောက်မြို့တွင် လက်ရှိ မြို့ပြဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။ ဒုက္ခသည်များကို အသိအမှတ်ပြုပေးရန် တောင်းဆိုသင့်သော်လည်း အခက်အခဲ ရှိနိုင်ကြောင်း မယ်လဒုက္ခသည် စခန်း ဒု-ဥက္ကဌ မန်းထွန်းထွန်းက ပြောသည်။

“သူတို့အနေနဲ့ တောင်းဆိုသင့်ပါတယ်။ ကျနော့်အမြင်အနေအရကတော့ ထိုင်းနိုင်ငံရဲ့ လက်ရှိပေါ်လ စီ အရဆိုရင်တော့ မလွယ်ကူဘူးလို့ ကျနော်ထင်တယ်လေ။ အခု စခန်းထဲမှာရော နယ်စပ်တွေမှာရော ဒုက္ခသည်အနေနဲ့ အသိအမှတ်ပြုဖို့က အခုထိ လက်ခံခြင်း မပြုသေးဘူးလေ။ အဲဒါကြောင့် မြို့မှာ နေတဲ့ လူတွေအနေနဲ့ကတော့ မလွယ်ဘူး လို့ ကျနော်ထင်တယ်။”

မြို့နေ ဒုက္ခသည်များအရေးကို UNHCR မှ အသိအမှတ်ပြုပေးရန် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ် ကတည်းက တောင်း ဆိုခဲ့သော်လည်း စဉ်းစားပေးမည်ဟုသာ တုန့်ပြန်ခဲ့ပြီး တစုံတရာ အရေးယူလုပ်ဆောင်ပေးခြင်း မရှိဟု ဒုက္ခသည် များက ပြောသည်။

ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် ဒုက္ခသည်ဦးရေ တသိန်းသုံးသောင်း ရှိရာ ၂၀၀၅ ခုနှစ် မစ၍ ၀င်ရောက်လာ သည့် ဒုက္ခသည်အသစ်များကို UNHCR မှ အသိအမှတ်မပြုသည့် အပြင် ရိက္ခာထောက်ပံ့ပေးခြင်း မရှိဟု ဒုက္ခသည်စခန်း ကော်မတီက ပြောသည်။

Most read this week