ကုလ ကိုယ်စားလှယ် ကင်တားနား စစ်တွေကို ရောက်ပြီ

ကုလ ကိုယ်စားလှယ် ကင်တားနား စစ်တွေကို ရောက်ပြီ
မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ယနေ့နံနက်က ရန်ကုန်မှ တဆင့် စစ်တွေသ်ို့...

မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ယနေ့နံနက်က ရန်ကုန်မှ တဆင့် စစ်တွေသ်ို့ ရောက်ရှိလာသည်။

ယခုအခါ ကင်တားနားမှာ စစ်တွေဟိုတည်တွင် တည်ခိုနေသည်ဟု ဟိုတယ် စာရေးမ တဦးက အတည်ပြု ပြောကြားသည်။

“ ဒီမှာ တည်ခိုးဖို့ ရောက်ရှိလာတာ မှန်ပါတယ်။ ဘယ်ကို သွားမယ် ဘယ်သူနဲ့ တွေ့မယ် ဆိုတာကို ကျွန်မတို့ မသိပါဘူး” ဟု ပြောသည်။

စစ်တွေမြို့ခံ တဦးက စစ်တွေထောင်ကို သွားမည် ဖြစ်ကြောင်း ယခုကဲ့သို့ ပြောသည်။

“ သူက စစ်တွေထောင်ကို သွားပါလိမ့်မယ်။ ထောင်သားတွေနဲ့ သူတွေ့မှာ ဖြစ်ပါတယ်။ သူမလာမှီ ဟိုတနေ့ကတည်းက ထောင်အာဏာပိုင်တွေက ပုဒ်မ ၁၄၄ တပ်ပြီး ထောင်အနီးမှာ ကပ်ထားတဲ့ အနီရောင် ဆိုင်းဘုတ်တွေ၊ လမ်းပိတ်ဆို့ထားတာကို ရုတ်သိမ်းထားတာတွေကို တွေ့ရပါတယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြီး ကပ်ထားသော ဆိုင်းဘုတ်များတွင် “ ဖြတ်သန်းသွားလာခွင့် မပြု၊ ဖြတ်သန်းက ပစ်ခတ်မည်” ဟု ရေးသားထားသည်ဟု သိရသည်။

ယခုအခါ ကင်တားနား ခရီးစဉ်ကြောင့် စစ်တွေတွင် လုံခြံုရေးကို တင်းကျပ်ထားပြီး အထူးသဖြင့် ရဲသားများကို အရေးကြီးသော နေရာများနှင့် မူဆလင် ရပ်ကွက်များတွင် တိုးချဲ့ချထားသည်ဟု မျက်မြင်များက ပြောသည်။

မစ္စတာ ကင်တာနားသည် မနက်ဖြန်တွင် ဘူးသီးတောင်သို့ သွားရောက်မည် ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် ဒေသခံ မူဆလင် ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်ဟု သိရသည်။

Most read this week