စစ်တွေရှိ ဆရာတော် ဦးဥတ္တမရုပ်ထု စစ်တပ်က ဖျက်မည်ဆို၍ လူများ ၀ုိင်းအုံကြည့်

စစ်တွေရှိ ဆရာတော် ဦးဥတ္တမရုပ်ထု စစ်တပ်က ဖျက်မည်ဆို၍ လူများ ၀ုိင်းအုံကြည့်
စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှိ ဆရာတော် ဦးဥတ္တမ ရုပ်ထုကို ဖြိုဖျက်ရန် စစ်တပ်မှ ကားများ ရောက်ရှိနေကြောင်း သတင်းများ ဖြစ်ပေါ်ပြီးနောက် မြို့သူ မြို့သားများ ဦးဥတ္တမ ပန်းခြံသို့ အပြေးအလွှား သွားရောက် ကြည့်ရှု့ ခဲ့ကြသည်ဟု အမည်မဖေါ်လိုသူ စစ်တွေမြို့ခံ တဦးက...

စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှိ ဆရာတော် ဦးဥတ္တမ ရုပ်ထုကို ဖြိုဖျက်ရန် စစ်တပ်မှ ကားများ ရောက်ရှိနေကြောင်း သတင်းများ ဖြစ်ပေါ်ပြီးနောက် မြို့သူ မြို့သားများ ဦးဥတ္တမ ပန်းခြံသို့ အပြေးအလွှား သွားရောက် ကြည့်ရှု့ ခဲ့ကြသည်ဟု အမည်မဖေါ်လိုသူ စစ်တွေမြို့ခံ တဦးက ပြောသည်။

“ဟုတ်ပါတယ်။ ဒီကနေ့ နေ့လည် ၁ နာရီခန့်မှာ စစ်တပ်ကားတွေနဲ့ ကရိန်းကြီးတွေ ဦးဥတ္တမ ပန်းခြံထဲရောက်နေတော့ လူတွေက ဦးဥတ္တမ ရုပ်ထုကို စစ်တပ်က ဖြိုတော့မယ်ဆိုပီး အပြေးအလွှား သွားရောက် ကြည့်ရှု့ခဲ့ကြပါတယ်။” ဟုသူက ပြောသည်။

ယနေ့နေ့လည်ပိုင်းက စစ်တပ်မှ ကားတစီးနှင့် စစ်ကား ကရိန်း တစီး ဦးဥတ္တမ ပန်းခြံသို့ ရောက်ရှိ လာခဲ့သည်။ ၎င်းနောက်ပိုင်း စစ်တပ်မှ ဦးဥတ္တမ ရုပ်ထုကို ဖြိုတော့မည် ဖြစ်ကြောင်း စစ်တွေတွင် သတင်းများ ဟိုလေးတကျော် ဖြစ်သွားခဲ့သည်။

“ ဘယ်သူတွေက သတင်းဖြန့်လိုက်တယ်မသိဘူး။ လူတွေက တကယ် ထင်သွားပီး အပြေးအလွှားသွားကြည့်ကြပါတယ်။ စစ်တပ်က ကရိန်းတွေနဲ့ ဦးဥတ္တမ ရုပ်ထုကို ဖြိုမယ်ထင်ပီး စောင့်ကြည့်နေကြပါတယ်။ နောက်တော့ စစ်တပ်က ဦးဥတ္တမ ရုပ်ထုကို ဖြိုတာ မဟုတ်ဘဲ ဦးဥတ္တမ ခန်းမထဲက မီးစက်ကို ကရိန်းနဲ့ မပြီး ယူချသွားတော့မှ လူတွေက စိတ်ချမ်းသာ သွားကြပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်တွေတွင် ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် ရုပ်ထုကို စစ်တပ်က ဖြိုရန် စီစဉ်နေသော သတင်းကြောင့် မြို့တွင် လူပ်လူပ်ရွရွ ဖြစ်သွားခဲ့သည်ဟု သတင်းရရှိသည်။

Most read this week