တောင်အာရှ ရွေတံဆိပ် ၂ ဆုရှင် မဇော်ဦးဖြူနှင့် တမိနစ်တာ

တောင်အာရှ ရွေတံဆိပ် ၂ ဆုရှင် မဇော်ဦးဖြူနှင့် တမိနစ်တာ
ဘင်္ဂလာဒေ့ချ်နိုင်ငံ ဒက္ကားမြို့တွင် ကျင်းပ ပြုလုပ်သော ၁၁ ကြိမ်မြောက် တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံဖွား ရခိုင်အမျိုးသမီး မဇော်ဦးဖြူမှ ရွှေတံဆိပ် ၂ ဦးဆုနှင့် ကြေးတံဆိပ် တခု...

ဘင်္ဂလာဒေ့ချ်နိုင်ငံ ဒက္ကားမြို့တွင် ကျင်းပ ပြုလုပ်သော ၁၁ ကြိမ်မြောက် တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံဖွား ရခိုင်အမျိုးသမီး မဇော်ဦးဖြူမှ ရွှေတံဆိပ် ၂ ဦးဆုနှင့် ကြေးတံဆိပ် တခု ရရှိခဲ့သည်။

ဆုရရှိတဲ့ အပေါ်သူမရဲ့ ခံစားချက်ကို ယခုကဲ့သို့ ပြောသည်။

“ကျွန်မ ခုလို တောင်အာရှ အားကစားပြိုင်ပွဲမှာ ဆုတွေ အများကြီး ရရှိလိမ့်မယ်လို့ ကျွန်မ မမျှော်မှန်းခဲ့ပါဘူး။ မနေ့က နောက်ဆုံး ပြိုင်ပွဲမှာ ဘင်္ဂလာဒေချ့် နိုင်ငံအတွက် ရွေတံဆိပ် ၂ခု နဲ့ ကြေးတံဆိပ် တခု ဆွတ်ခူး ပေးနိုင်ခဲ့ အတွက် ကျွန်မ အတိုင်းမသိ ၀မ်းသာပါတယ်။ ခုလို ဆုတွေ ရရှိခဲ့တဲ့ အတွက် အထူးဝမ်းမြောက် သလို ကျွန်မ အပေါ် စေတနာထားပြီး ပြသပေးခဲ့တဲ့ ဆရာသမားတွေကိုလည်း အထူးကျေးဇူး တင်ပါတယ်။ ပီးတော့ ကျွန်မ လူမျိုးအတွက် လည်း ဂုဏ်ယူပါတယ်။”

ကရာတေးပြိုင်ပွဲတွေ စတင် ၀င်ရောက်လာပုံကိုလည်းသူမက အခုလို ပြောပါတယ်၊

“ကျွန်မဟာ ၁၉၉၇ ခုနှစ်ကပင် ဘင်္ဂလာဒေ့ချ်နိုင်ငံမှာ ကျင်းပတဲ့ ကရာတေး ပွဲတိုင်းမှာ ပါ၀င် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတွေလည်း အများကြီးရရှိခဲ့ပါတယ်။ နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်တွေကို ဆွတ်ခူးရရှိတာကတော့ ဒါဟာ ပထမဆုံး အကြိမ်ဘဲ ဖြစ်ပါတယ်။”

သူမရဲ့ မိဖနဲ့ သူမဆရာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကိုလည်း သူမက ခုလို ပြောပါတယ်။

Karate-win-2010

“အဘ ဦးလှအောင် အမိ ဒေါ်သြဘာစိန် ဖြစ်ပါတယ်။ ကျွန်မရဲ့ ဆရာက ကရာတေးဆရာ ကိုသိန်းမောင် (စစ်တွေ) ဖြစ်ပါတယ်။ ဇာတိကတော့ စစ်တကောင်းတောင်တန်းနယ် ရွာတော်မြို့ ဖြစ်ပါတယ်။”

မဇော်ဦးဖြူသည် တဦးချင်း ကရာတေးပြိုင်ပွဲတွင် ရွေဆံဆိပ်ဆုတခု၊ သုံးယောက်တွဲပြိုင်ပွဲတွင် ရွေတံဆိပ်ဆု ၁ ခုနှင့် ၅၅ ကီလိုတန်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တခုရရှိခဲ့သည်။

အလားတူ စစ်တကောင်း တောင်တန်းနယ်မှ မဦးသန်းနုမှာ သုံးယောက်တွဲ ပြိုင်ပွဲတွင် ရွေတံဆိပ် တဆု ဆွတ်ခူးရရှိခဲ့သည်။ သူမ၏ ဖခင်မှာ ဦးအောင်ထွီး အမိ ဒေါ်လှမဖြူ ဖြစ်သည်။

Karate-2010

ဆုရရှိသူ နှစ်ဦးစလုံးမှာ ဘင်္ဂလာဒေ့ချ်နိုင်ငံ ဘင်ဒရာဘင် (ခေါ်)ရွာတော်ခရိုင်၊ လမားမြို့နယ်တွင် တည်ရှိသော ကျောက်တန်းကျေးရွာ မဟာမုနိ် ပရဟိတ စာသင်ကျောင်းမှ ဒါရိုက်တာ ကိုသိန်းမောင်၏ တပည့်များ ဖြစ်သည်။

Most read this week