မင်းပြားတွင ်မီးလောင်၍ အိမ်ခြေ ၁၅ လုံး ဆုံးရှုံး

မင်းပြားတွင ်မီးလောင်၍ အိမ်ခြေ ၁၅ လုံး ဆုံးရှုံး
by -
စံလင်း
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မီးလောင်မူ ဖြစ်ပွား၍ အိမ်ခြေ ၁၅ လုံး မီးထဲပါသွားသည်ဟု...

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မီးလောင်မူ ဖြစ်ပွား၍ အိမ်ခြေ ၁၅ လုံး မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

မင်းပြား အမျိုးသမီး တဦးက “ မင်းပြားမြို့ အောက်ရွာပိုင်း ရပ်ကွက်က အမျိုးသမီး တဦးအိမ်က စလောင် တာပါ။ မယက စာရေး မောင်သိန်းတန်တို့ နေတဲ့ အိမ်အဝန်း ဖြစ်ပါတယ်။ အမျိုးသမီး အိမ်ရှင်မ နာမည်တော့ မရပါဘူး” ဟု ပြောသည်။

မီးလောင်မှုမှာ ဖေဖော်ဝါရီလ ၄ ရက်နေ ့ နေ့လည် ၁ နာရီတွင် အောက်ရွာပိုင်းရပ်ကွက် အောင်သစ္စာလမ်းရှိ အမျိုးသမီးတဦး၏ အိမ်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်သည်။

“ လောင်တာကတော့ မီးဖို မီးကြွင်း မီးကျန်က စတင် လောင်ကျွမ်းတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ သူတို့ကို သက်ဆိုင်ရာက ကယ်ဆယ်နေရာ ချပေးထားပါတယ်” ဟုသူမက ဆက်ပြောသည်။

မီးလောင်ကျွမ်းသည့် အချိန် နာရီဝက် ခန် ့ကြာမြင့်ပြီး ရပ်ကွက်နေ ပြည်သူများက မီးကို ၀ုိင်းဝန်း ငြိမ်းသတ် လိုက်ရသည်ဟု သိရသည်။

အိုးမဲ့အိမ်မဲ့သွားသော မိသားစုများ အတွက် သက်ဆိုင်ရာမှ ထိရောက်စွာ အကူအညီ မပေးနိုင်သဖြင့် သူတို့အတွက် အကူညီ များစွာလိုအပ်နေသည်ဟု သူမက ပြောသည်။

မင်းပြားမြို့သည် ရခိုင်ပြည်နယ်တွင် မီးအလောင်ဆုံးမြို့ တခု ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မီးလောင်မူ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။ သို့သော်လည်း သက်ဆိုင်ရာမှ မီးဘေးကာကွယ်ရန် စနစ်တကျ စီစဉ်ပြင်ဆင်မူများ မရှိသလို ခေတ်မှီ မီးသတ်ကားလည်း အလုံအလောက် ထားရှိခြင်း မရှှိဟု သိရသည်။

Most read this week