ဂတ်စ်ပိုက်လိုင်းအတွက် မဒေးကျွန်းရှိ အိမ်များဖြိုဖျက်ခံရပြီး လယ်မြေများ သိမ်းပိုက်ခံရ

ဂတ်စ်ပိုက်လိုင်းအတွက် မဒေးကျွန်းရှိ အိမ်များဖြိုဖျက်ခံရပြီး လယ်မြေများ သိမ်းပိုက်ခံရ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ကျေးရွာ တချို့မှ အိမ်များကို ဂတ်စ်ပိုက်လိုင်း ဆောက်လုပ်ရန် သတ်မှတ်ထားသော မြေနေရာတွင် ပါ၀င်နေသဖြင့် အာဏာပိုင်များက ဖြိုဖျက်နေပြီး လယ်မြေများကိုလည်း သိမ်းပိုက်နေသည်ဟု ဒေသခံ ကျေးရွာသား...

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ကျေးရွာ တချို့မှ အိမ်များကို ဂတ်စ်ပိုက်လိုင်း ဆောက်လုပ်ရန် သတ်မှတ်ထားသော မြေနေရာတွင် ပါ၀င်နေသဖြင့် အာဏာပိုင်များက ဖြိုဖျက်နေပြီး လယ်မြေများကိုလည်း သိမ်းပိုက်နေသည်ဟု ဒေသခံ ကျေးရွာသား တဦးက ပြောသည်။

“ စုစုပေါင်း လက်ရှိ ဖြိုဖျက်ခံရတဲ့ အိမ်ပေါင်းက ပြိန်ရွာက ၁၅ ဆောင်နဲ့ ရွာမက ၁၅ ဆောင် ဖြစ်ပါတယ်။ အိမ်တွေကို ဖျက်တာက အေရှားဝေါလ် ကုမ္ပဏီက ဖြစ်ပါတယ်။ လယ်ဧကတော့ စုစုပေါင်း ၂၀ကျော်လောက်ကို သိမ်းခံလိုက်ရပါတယ်။”

သိမ်းထားသော လယ်များကို လျော်ကြေးပေးမည် ဖြစ်ကြောင်း ပြောကြားထားသော်လည်း အခုအချိန်ထိ လျော်ကြေး မပေးသေးကြောင်း သူက ဆက်ပြောသည်။

“ခုတော့ လယ်မြေတွေနဲ့ အိမ်တွေကို မြေတူးစက် ဘော်ဒူဇာတွေနဲ့ တူးနေပါပြီ။ ဆိပ်ကမ်းတခုလည်း ဆောက်မယ်လို့ သိရပါတယ်။ ခုလို လယ်တွေကို ဖြိုပီး စီမံကိန်းကို စတင် လုပ်ကိုင်နေပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အေရှားဝေါလ်က လျော်ကြေး မပေးသေးပါဘူး။”

မဒေးကျွန်းမှာ ကျောက်ဖြူမြို့ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ခန့်မှန်းခြေအားဖြင့် ၁၀ မိုင်ခန့် ဝေးသည်ဟု သိရသည်။

အဆိုပါ ကျွန်းတွင် အေရှားဝေါကုမ္ပဏီမှ အဆိုပါ ကျွန်းတွင် မြန်မာ နအဖ စစ်အစိုးရနှင့် ပူးပေါင်းပြီး ဖက်စပ် လုပ်ငန်းများကို လုပ်ကိုင်နေသည်ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

“ အဲဒီကျွန်းကနေပြီး ဂတ်စ်ပိုက်လိုင်းကို တည်ဆောက်မှာ ဖြစ်သလို ရေနက်ဆိပ်ကမ်း တခုနဲ့ ရေနံတိုင်ကီတွေလည်း တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ စီမံကိန်းကို စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။”

မဒေကျွန်းတွင် အိမ်များကို အတင်းအဓမ္မပြောင်းရွှေ့ခြင်းများနှင့် လယ်မြေများသိမ်းပိုက်ခြင်းများ ရှိနေခြင်းကို တခြားဒေသခံ သတင်း ရပ်ကွက်များကလည်း အတည်ပြုပြောကြားသည်။

တရုတ်ပြည်မှ သယ်ယူလာသော စက်ပစ္စည်းများနှင့် ပိုက်လုံးများကို ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် မဒေးကျွန်းသို့ ပို့ဆောင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

Most read this week