(၉၅) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ကဗျာစာအုပ်ထုတ်မည်

(၉၅) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ကဗျာစာအုပ်ထုတ်မည်
by -
ဇော်ကြီး
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏(၉၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် မကျွတ်သေးတဲ့တစ္ဆေ အမည်ရှိ ကဗျာစာအုပ်ကို ပြည်ပရောက် ဘလော့ဂါ လူငယ်ကဗျာဆရာတစ်ဦးက ထုတ်ဝေမည်။စစ်အစိုးရလက်ထက် ပျောက်ဆုံးလုနီးပါးဖြစ်နေသည့် မြန်မာနိုင်ငံ၏လွတ်လပ်ရေး ဖခင်ကြီး...

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏(၉၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် မကျွတ်သေးတဲ့တစ္ဆေ အမည်ရှိ ကဗျာစာအုပ်ကို ပြည်ပရောက် ဘလော့ဂါ လူငယ်ကဗျာဆရာတစ်ဦးက ထုတ်ဝေမည်။စစ်အစိုးရလက်ထက် ပျောက်ဆုံးလုနီးပါးဖြစ်နေသည့် မြန်မာနိုင်ငံ၏လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အား မျိုးဆက်သစ်လူငယ်များ အမှတ်ရစေရန်ရည်ရွယ်၍ မကျွတ်သေးတဲ့တစ္ဆေ ကဗျာစာအုပ်ကို ထုတ်ဝေရခြင်း ဖြစ်သည်ဟု ကဗျာဆရာ ကောင်းကင်ကိုက ယခုလိုပြောသည်။

“လူတွေက Valentine နေ့(ချစ်သူများနေ့)ကိုကျတော့ သတိရပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေး နေ့ကိုကျတော့ မေ့နေတာများတယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ကဗျာတွေ မွေး နေ့မှာ ထုတ်မယ်။”စာအုပ်တွင် ကဏ္ဍအလိုက် အပိုင်း(၁၀)ပိုင်းခွဲ၍ ဖော်ပြထားကာ အပိုင်း(၁)၌ အိမ်မက်ထဲက ခေါင်းဆောင် အမည် ရှိကဗျာအား ဦးစွာဖော်ပြထားပြီး ကဗျာခေါင်းစဉ် နှင့်ပတ်သက်၍ ယခုလို ဆက်ပြောသည်။“အပြင်လောကမှာခေါင်းဆောင်တွေက ရှိတော့ရှိတယ်ပေ့ါနော်။

သူ့လိုမျိုးအဖက်ဖက်က ပြည့်စုံတဲ့ ခေါင်းဆောင်၊ အနစ်နာခံတဲ့ခေါင်းဆောင်က ဒီခေတ်မှာ ရှားသွားပြီးတော့ လူထု ထောက်ခံတဲ့ခေါင်း ဆောင်က အိမ်မက်ထဲမှာပဲ ရှိတော့တယ်ပေ့ါ။ ရှိတော့ရှိတယ်ပေ့ါ။ သူ့လိုခေါင်းဆောင်မျိုးက တအား ရှားတယ်။ ကျနော်တို့နိုင်ငံ အတွက်တော့ အတုမရှိဘူးပေ့ါ။ အဲတာကြောင့်မို့လို့ အိမ်မက်ထဲက ခေါင်း ဆောင်လို့ ပေးလိုက်တာ။” ဟု ၎င်းကပြောသည်။စာအုပ်ခေါင်းစဉ်ကို မကျွတ်သေးတဲ့တစ္ဆေဟု အမည်ပေးထားသော်လည်း ထိုကဗျာအား ထည့်သွင်း ထားခြင်း မရှိပါ။

ကဗျာ၏အဓိပ္ပါယ်နှင့်ပတ်သက်၍ ၎င်းကယခုလိုဆက်ပြော သည်။“အဲဒီရေးထားတဲ့ ကဗျာရဲ့ အဓိပ္ပါယ်က ကျနော်တို့အားလုံးက မြန်မာနိုင်ငံထဲကနေ အခြေအနေ အရပ် ရပ်ကြောင့် အဝေးကိုထွက်သွားတဲ့သူလည်း ထွက်သွားကြတယ်ပေ့ါ။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ကတော့ မြန်မာနိုင်ငံကိုကောင်းစေချင်တဲ့စိတ်၊ မြန်မာနိုင်ငံအတွက် ပူပန်တဲ့စိတ်တွေရှိနေတဲ့အတွက်ကြောင့် မ ကျွတ်သေးတဲ့တစ္ဆေ တစ်ကောင်နဲ့တင်စားပြီး ရေးထားတာပေ့ါ။”

စင်္ကာပူ၊ မလေးရှား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် အဓိကထား ဖြန့်ချိရန်ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံ၌ ဘန်ကောက်၊ ချင်းမိုင်နှင့် မဲဆောက်ဒေသများသို့ စာပို့ခအပါအဝင် တစ်အုပ်လျှင် ထိုင်းဘတ်ငွေ ၁၂၀ ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ဖြန့်ချိမည်။ စာအုပ်သည်အေဖိုးစာရွက် ထက်ဝက် အရွယ်ရှိ၍ စာမျက်နှာ ၁၅၄ မျက်နှာပါရှိပြီး နိုင်ငံရေး၊ အချစ်ရေး၊ လူငယ်နှင့် တက္ကသိုလ်စသည့် ကဏ္ဍမျိုးစုံပါ၀င်သည့် ကဗျာ ၅၅ ပုဒ်ရေးသားထား ပြီး အုပ်ရေ ၁၀၀၀ ထုတ်ဝေမည် ဖြစ်သည်။

Most read this week