အနောက်တိုင်း ဖေါ်ချွတ် အကများ ရခိုင်တွင် ခေတ်စား

အနောက်တိုင်း ဖေါ်ချွတ် အကများ ရခိုင်တွင် ခေတ်စား
ရခိုင်ပြည်နယ်တွင် တင်ဆက်ကပြနေသော ဇာတ်သဘင်များတွင် အနောက်တိုင်း ဖေါ်ချွတ် အကများမှာ အထူး ရေပန်းစားနေပြီ ဇာတ်ပွဲတိုင်းတွင် မပါမပြီးသော အက ဖြစ်နေကြောင်း...

ရခိုင်ပြည်နယ်တွင် တင်ဆက်ကပြနေသော ဇာတ်သဘင်များတွင် အနောက်တိုင်း ဖေါ်ချွတ် အကများမှာ အထူး ရေပန်းစားနေပြီ ဇာတ်ပွဲတိုင်းတွင် မပါမပြီးသော အက ဖြစ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ဖေါ်ချွတ် အကများမှာ ထိုင်းနိုင်ငံမှ နိုက်ကလပ်များနှင့့် အပြိုင်အဆိုင် ဖြစ်နေကြောင်းကို ပွဲကြိုက်သူ လူငယ် တဦးက ယခုကဲ့သို့ ပြောသည်။

“ ဒီနေ့ခေတ်က တမျိုးအကိုရာ။ လူငယ်တွေရော လူကြီးတွေရော ဒီလိုအကမျိုးမှ ကြိုက်ကြတာ။ ဒီအကမပါရင် ဇာတ်ပွဲကို ဘယ်သူမှ လာကြမှာ မဟုတ်ဘူး။ ဒါကြောင့် ရခိုင်မှာ ကပြနေတဲ့ ဇာတ်တွေမှာ ဒီအကတွေကို ထည့်ပေးနေကြရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွေက နို်က်ကလပ်တွေမှာလို ကျနော်တို့ဆီက ဇာတ်သဘင်တွေလည်း လူတွေကို ဆွယ်ဖို့ ဖေါ်ချွတ်တွေကို ဦးစားပေးနေရတာ ဖြစ်ပါတယ်။”

ဖေါ်ချွတ်အကများ ကပြရာတွင် သက်ဆိုင်ရာ မြူးမြူးကြွကြွ ရခိုင်၊ ဗမာ၊ ကုလား နှင့် အင်္ဂလိပ် သီချင်းများဖြင့် တဦးချင်းမှ အဖွဲ့လိုက်ထိ ကပြကြပြီး အနည်းဆုံး တစ်နာရီမှ နှစ်နာရီထိ ကပြကြသည်ဟု သူက ပြောသည်။

“အများစု မင်းသမီးလေးတွေက ရန်ကုန်က လာကြတာပါ။ ချောလည်း ချောပါတယ်။ ကလည်း ကတတ်ပါတယ်။ ခုလို ဖေါ်ချွတ် အကတွေကို ညဉ့်ဦးယံ အချိန်မှာ တစ်နာရီကနေ နှစ်နာရီထိ ကပြ အသုံးတော်ခံကြတယ်။ လူငယ်တွေကတော့ တိုးမပေါက်အောင် အားပေးကြပါတယ်။”

ယခုကဲ့သို့ အနောက်တိုင်း ဖေါ်ချွတ်အကများမှာ မြန်မာ ယဉ်ကျေးမူနှင့် ကိုက်ညီမူ မရှှိသော်လည်း အာဏာပိုင်များက တစုံတရာ ဟန့်တားပိတ်ပင်ခြင်း မရှိကြောင်း သိရသည်။

dance-photo-from-Arakan285

အမည်မဖေါ်လိုသူ မောင်တောမြို့ခံ တဦးက “ ဒီလို အကတွေကို သာမန် ဇာတ်သဘင် တွေမှာသာမက တပ်မတော် နယ်လှည့် ဇာတ်ဖွဲ့တွေမှာတောင် ကပြနေကြတာ ပါဘဲ။ အာဏာပိုင်တွေ ဟန့်တားတာ မရှိပါဘူး။ သူတို့က နိုင်ငံရေး လုပ်ပြီး သူတို့ကို မဆန့် ကျင်ရင် ပီးပီ။ ကျန်တာ ဘာမဆို မြန်မာနိုင်ငံမှာ လုပ်နိုင်ပါတယ်။”

ဖေါ်ချွတ်အက ကပြသူ ဇာတ်မင်းသမီးများမှာ စကစ် အတို (သို့မဟုတ်) ဘောင်ဘီ အပိုင်းလေးနှင့် အကျီင်္ပါးပါး အတိုလေးကို ၀တ်ပြီး ရှိုက်ဖေါ်ကြီးငယ် အသွယ်သွယ်ကို ဖေါ်နိုင်သမျှ ဖေါ်ကာ မြူးကြွသော တေးသံများဖြင့် သီဆို ကပြကြခြင်း ဖြစ်သည်။

dance-photo-from-Arakan

ယခုကဲ့သို့ ကပြမူများမှာ ယခင်က ရခိုင်ပြည်နယ်တွင် မရှိသလောက်ရှားပါးခဲ့ပြီး နအဖ စစ်အစိုးရ လက်ထက်တွင်မှ အထူး တွင်ကျယ် ထွန်းကား လာခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဇာတ်ပွဲရာသီမှာ အောက်တိုဘာ (၀ါကျွတ် လပြည့်မှ) မှ စတင်ပြီး မိုးဦးရာသီ အစ ကဆုန်လကုန်ထိ ဖြစ်ပြီး ဇာတ်အဖွဲ့များ အနေဖြင့် အဆိုပါ အချိန် အတွင်းတွင် ရခိုင်ပြည်နယ် ကျေးလက် မြို့ရွာ အနှံ့သွားရောက်ကာ ကပြ ဖြေဖျော် ကြသည်။

Most read this week