စိုင်းတင်ချောင်းကို သွားလာခွင့် ပိတ်ပြီ

စိုင်းတင်ချောင်းကို သွားလာခွင့် ပိတ်ပြီ
ဘူးသီးတောင် မြို့နယ် စိုင်းတင်ချောင်းတွင် ရေအားလျှပ်စစ် စီမံကိန်းကို စတင် အကောင်အထည် ဖေါ်နေပြီ ဖြစ်သဖြင့် အဆိုပါ ဒေသ အနီးတဝိုက်သို့ အရပ်သားများ သွားလာခွင့်ကို ပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု သိရ ...

ဘူးသီးတောင် မြို့နယ် စိုင်းတင်ချောင်းတွင် ရေအားလျှပ်စစ် စီမံကိန်းကို စတင် အကောင်အထည် ဖေါ်နေပြီ ဖြစ်သဖြင့် အဆိုပါ ဒေသ အနီးတဝိုက်သို့ အရပ်သားများ သွားလာခွင့်ကို ပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု သိရသည်။

ဘူးသီးတောင်ဒေသခံ တဦးက “ ပိတ်ထားလိုက်တာက နည်းနည်းကြာနေပါပြီ။ စီမံကိန်းကို စတင် အကောင်အထည် ဖေါ်တဲ့ အောက်တိုဘာလ ကတည်းက ဖြစ်ပါတယ်။ အခု လူတွေ သွားလာလို့ မရတော့ပါဘူး” ဟု ပြောသည်။

Sai-dain-285စိုင်းတင်ချောင်းမှာ ဘင်္ဂလာနယ်စပ်မှ မြစ်ဖျားခံ စီးဆင်းလာသော ချောင်းတချောင်းဖြစ်ပြီး သစ်ဝါး အထူး ပေါက်ရာ ဖြစ်ထွန်းရာ ချောင်းတချောင်း ဖြစ်သည်။ အများစု ဒေသခံများမှာ အဆိုပါချောင်းမှ ထွက်ရှိသော ၀ါးနှင့် သစ်ကို မှီခိုအားထားကြရသည်။

“ကျွန်တော်လည်း အတိအကျ မသိပါဘူး။ ဒေသခံတွေက ၀ါးတွေ သစ်တွေကို ဘယ်လို ထုတ်နေကြသလဲဆိုတာကို။ ဒါပေမယ့် သူတို့ တနည်းနည်းနဲ့တော့ ထုတ်နေကြတယ်ထင်တယ်။ ဘူးသီးတောင်မှာ စိုင်းတင်ဝါးတွေ ၀င်လာနေတာကို ဆက်လက်တွေ့နေရပါသေးတယ်” ဟုသူက ဆက်ပြောသည်။

စိုင်းတင်ချောင်းတွင် ရခိုင်ပြည်နယ်တွင် အကြီးမားဆုံး စိုင်းတင် ရေတံခွန် တည်ရှိပြီး အနယ်နယ် အရပ်ရပ်မှ ရခိုင်ပြည်သူများ စိုင်းတင်ရေတံခွန်ကို နှစ်စဉ်နှစ်တိုင်း သွားရောက် လည်ပတ် ကြလေ့ရှိသည်။

အခုအခါ နအဖ စစ်အစိုးရမှ အဆိုပါ ရေတံခွန်နေရာမှ ပိတ်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရန် စီစဉ်နေသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခန့်မှန်းချက်အရ အဆိုပါ စီမံကိန်းမှ လျှပ်စစ် မီဂါ၀ပ် (၇၀) ထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်ဟု ခန့်မှန်းထားသည်။

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဇော်မင်းမှ ရခိုင်ပြည်နယ် တခုလုံးတွင် လက်ရှိ တနေ့ မီဂါ၀ပ် ၃၀ သာ သုံးသဖြင့် ပိုလျှံနေသော လျှပ်စစ်ကို တခြားပြည်နယ်နှင့် တိုင်းများသို့ ဖြန့်ဖြူး ရောင်းချသွားမည်ဟု ပြောကြားထားသည်။

အိမ်နီးချင်း ဘင်္ဂလာဒေချ့်နို်င်ငံမှ စိုင်းတင်မှ ထုတ်လုပ်သည့် ရေအားလျှပ်စစ်ကို ၀ယ်ယူပြီး သူ့နိုင်ငံအတွက် လိုလားသော လျှပ်စစ် စွမ်းအင်ကို ဖြည့်တင်း လိုနေသည်ဟု သိရသည်။

ယခုအခါ စီမံကိန်းအတွက် စက်ကရိယာများနှင့် လိုအပ်သော ပစ္စည်းများကို စစ်တွေမှ တဆင့် သင်္ဘောများဖြင့် နေ့စဉ်တင်ပို့နေပြီး စီမံကိန်းရုံးအများအပြားကိုလည်း တည်ဆောက်နေသည်ဟု သိရသည်။

စိုင်းတင် ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးစ ဖဆပလ အစိုးရလက်ထက်က တကြိမ်နှင့် နဝတ အစိုးရ အာဏာရရှိလာသည့် အချိန်က တကြိမ် တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် စီမံကိန်းကို ရပ်ဆိုင်းပစ်ခဲ့ရသည်။ ခုတကြိမ်သည် တတိယ အကြိမ်မြှောက် ဖြစ်သည်။

Most read this week