ဒီကေဘီအေမှ တပ်သားသစ်အဓမ္မကောက်ယူနေ

ဒီကေဘီအေမှ တပ်သားသစ်အဓမ္မကောက်ယူနေ
by -
ဇော်ကြီး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၏ ထိန်းချုပ် နယ်မြေအတွင်း၌ တပ်သားသစ်များ အဓမ္မ ကောက်ယူ...

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၏ ထိန်းချုပ် နယ်မြေအတွင်း၌ တပ်သားသစ်များ အဓမ္မ ကောက်ယူ နေသည်။

ဒီကေဘီအေ တပ်ရင်း(၁)၊ ရင်းမှူး ဗိုလ်မောင်ချစ်၊ ဒုရင်းမှူး ဗိုလ်တကီး တို့က ၎င်းတို့၏ ထိန်းချုပ်နယ်မြေ၊ ထီးပ ဒေါထာ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် တပ်သားသစ်များ အဓမ္မကောက်ခံ နေသည်ဟု ဒေသခံတစ်ဦး က ယခုလိုပြောသည်။

“ထီးပဒေါထာ့ရွာအပိုင်ပေ့ါနော့။ ထီးပဒေါထာ့ရွာအုပ်စု၊ အဲ့ဒီမှာ သူတို့အကုန်လုံးပဲပေ့ါ။ ဒီဖာပွန်ဂွင် မှာ ဆိုလို့ရှိရင် သူတို့ အဲဒီအတိုင်းပဲ အဓမ္မတောင်းခံ နေတယ်။”
အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ  တကေခိုး၊ ၀ဲကြီး၊ သိမ်ကုန်း၊ အူးနိုးထာ့၊ အထက် ဆန်ကောလူ၊ အောက်ဆန် ကောလူ၊ မယ်သလီဖိုး၊ မယ်သလီကူ့၊ ကျောက်ဖား၊ ဟတ်ကြီး စသည့်ကျေးရွာများတွင် ကောက်ခံခြင်းဖြစ်သည်။

ကျေးရွာအတွင်း အသက်(၁၅)နှစ်မှ(၅၀)အတွင်းရှိ ယောကျာ်းလေးများကို ခေါ်ယူနေခြင်း ဖြစ်ပြီး တပ်သားသစ် မလုပ်လိုသူများမှာ ငွေပေးရသည်ဟု အဆိုပါဒေသခံက ဆက်ပြော သည်။

“ဒီယောကျာ်းလေး ရှိတဲ့အိမ် မှန်လို့ရှိလို့ရှိရင်၊ အကုန်သူခေါ်ထည့်တယ်။ မဝင်လို့ရှိရင်သူက (၁၀)သိန်း တောင်းတယ်။”

တပ်ဖွဲ့အတွင်း မဝင်လိုသူများနှင့် တောင်းသည့်ငွေမထည့်နိုင်သူများအား ဒီကေဘီအေမှ လိုက်လံဖမ်းဆီးနေ သည့်အတွက် ရွာသားများ ထွက်ပြေးပုန်းရှောင်နေကြသည််။
ယင်းကိစ္စအပေါ်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)မှ နယ်မြေခံတပ်မှူးတစ်ဦး က ယခုလို သုံးသပ်ပြောဆိုသည်။

“အခုသူတို့ လူဦးရေက သိပ်မရှိတော့ဘူးလေ။ ပြေးတဲ့သူက ပြေးတယ်။ သေတဲ့သူကသေ၊ ဒဏ်ရာရတဲ့ သူကရပေ့ါနော်။ အဲတော့ သူတို့ စစ်သားသစ်ကောက်တယ်ဆိုတာ သေချာ ပြီးသားပဲ။”

ဒီကေဘီအေက စစ်အစိုးရနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို သဘောတူခဲ့ပြီးနောက် ကယားပြည် နယ်စပ်တ လျှောက်မှ ဘုရားသုံးဆူအထိ တာဝန်ယူရမည်ဟု သတင်းရရှိ ကြောင်း ၎င်းကဆက်ပြောသည်။

ဒီကေဘီအေ အနေနှင့်လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစတင်၍ ကရင်ပြည်နယ်ဒေသအတော် များများတွင် တပ်သား သစ်စုဆောင်းမှုများ ပြုလုပ်လျှက်ရှိသည်ဟု ဒေသခံ များက ပြောသည်။

တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(ဒီကေဘီအေ)သည် ၁၉၉၄ ခုနှစ်တွင် ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် သ ဘောတူထားသည့် အဖွဲ့တဖွဲ့လည်း ဖြစ်သည်။

Most read this week