မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ဆင်ရိုင်း တိုက်ခိုက်မူများ တိုးပွားနေ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ဆင်ရိုင်း တိုက်ခိုက်မူများ တိုးပွားနေ
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် တောဆင်ရိုင်းများက လူများအား တိုက်ခိုက်မူ ပိုမိုများပြားလာနေကြောင်း...

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် တောဆင်ရိုင်းများက လူများအား တိုက်ခိုက်မူ ပိုမိုများပြားလာနေကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ခိုက်သဖြင့် မောင်တောမြို့နယ်တွင် လူ ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦးခန့်ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု မောင်တောမြို့ လေးမိုင်မှ အရပ်လူကြီး တဦးက ပြောသည်။

"ဟိုတလောက ဆင်မကျွန်းဆိုတဲ့ ရွာက ကလးတဦး ဆင်နှင်းတဲ့အတွက် ပွဲချင်းပီး ဆုံးသွားတယ်။ နောက် လူကြီး တဦးကို ဆေးရုံတင်လိုက်ရတယ်။"

သေဆုံးသွားသူ ကလေးမှာ အသက် ၉ နှစ်အရွယ် မောင်လှ ဆိုသူ ဖြစ်ပြီး နောက်ဆေးရုံ တင်လိုက်ရသူမှာ ကိုအောင်ထွန်း ၂၇ နှစ်ဖြစ်သည်။ သူတို့မှာ သီးနှံခင်းကို စောင့်နေစဉ် ဆင်များမှ ၀င်ရောက်လာပြီး နှင်းသတ် သွားခြင်း ဖြစ်သည်။

အလားတူ လွန်ခဲ့သော သောကြာနေ့ကလည်း မောင်တောမြို့နယ် အောင်ဇေယျ စံပြ ကျေးရွာမှ ဦးကျော်ထွန်းကို ဆင်းများက နှင်းသတ်ခဲ့ဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ဆေးရုံတင်ပို့ခဲ့ရသည်။

လွန်ခဲ့သောလကလည်း သာယာကုန်းရွာမှ လူငယ် တဦးနှင့် မူဆလင် လူကြီး တဦးကို ဆင်များက နှင်းသတ်သွားသည်ဟု သတင်းရရှိသည်။

ယခုကဲ့သို့ တောဆင်ရိုင်းများ တိုက်ခိုက်မူ များပြားလာခြင်းမှာ ယခင်က မရှိခဲ့သော်လည်း ယခုတလောတွင် ပိုမို များပြားလာခြင်း ဖြစ်သည်ဟု ဒေသခံ လူကြီး တဦးကလည်း ပြောသည်။

"ဒီနှစ်မှာမှ ဆင်တွေ တိုက်ခိုက်မူက အထူတိုးပွားလာတာကို တွေ့ရပါတယ်။ ခုလို ဖြစ်တာက သူတို့ အများဆုံး ကျက်စားရာ နေရာ တခုဖြစ်တဲ့ မေယူတောင်မှာ အခုအခါ စစ်တပ်က ဆင်ဖမ်းနေတယ်။ နောက်ပီး မေယူတောင်မှာ ဆင်တွေ နေထိုင်တဲ့ တောတွေကို ခုတ်ထွင်းပီး ရော်ဘာခင်းတွေ ကျွန်းခင်းတွေ ချလာတဲ့ အတွက် ဆင်တွေ နေထိုင်စရာမဲ့လာတော့ အခုလို လူတွေကို တိုက်ခိုက်မူတွေ များလာတာ ဖြစ်ပါတယ်။"

ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှ အဖွဲ့ ၅ ဖွဲ့ ခွဲပြီး ယခုအခါ မေယူတောင်တွင် ဆင်များကို လိုက်ဖမ်းနေကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ဆင်များကို လိုက်ဖမ်းနေမူကြောင့် အဆိုပါ တောဆင်ရိုင်းများမှာ ဘင်္ဂလာဒေချ့် ဘက်သို့ ရောက်ရှိလာပြီး ဒေသခံ ဘင်္ဂလီများကို တိုက်ခိုက်မူများ ရှိနေကြောင်း မရက်ကျေးရွာသား တဦးက ပြောသည်။

"ခုလ ၁၅ ရက်နေ့က ပန်းဝါ (ရာမူ) မြို့နယ်က ဒါရီယာ ဒီဂျီကျေးရွာက ဘင်္ဂလီ နှစ်ဦးကို ဆင်ရိုင်းတွေက နှင်းသတ်သွားပါတယ်။ နှစ်ဦးစလုံး ပွဲချင်းပီး ဆုံးသွားပါတယ်။ အလားတူ လမားမြို့နယ်က အမျိုးသမီးနှစ်ဦးလည်း ဒီဇင်္ဘာလအတွင်းက ဆင်နှင်ပြီး သေဆုံး သွားခဲ့ပါတယ်။"

ဒါရီယာ ဒီဂျီ ကျေးရွာမှ သေဆုံးသူ နှစ်ဦးမှာ မူဂျီဘူလာ ၃၅ နှစ်နှင့် ဂူဘဟာ ၄၅ နှစ်တို့ ဖြစ်သည်ဟု ဘင်္ဂလာရဲအဖွဲ့က အတည််ပြုပြောကြားခဲ့သည်။

လမားမြို့နယ် ဖက်တောင်ကျေးရွာမှ ရွာသား တဦးကလည်း "ဆင်အုပ်တွေ တော်တော်များ ဒီဘက်ကို ရောက်လာတာကို တွေ့ရပါတယ်။ ဆင်တအုပ်မှာ အကောင် ၅၀ ကနေ ၈၀ ထိ ပါတာကို တွေကရပါတယ်။ ဆင်တွေ အခုလို အုပ်စုလိုက်ကြီးဖွဲ့ပီး သွားတာကို အခုမှဘဲ မြင်ဖူးပါတယ်။ အရင်ကတော့ ၈ ကောင်နဲ့ ၁၀ ကောင်အကြား သွားလာနေတာကိုဘဲ တွေ့ဖူးပါတယ်။"

ဘင်္ဂလာဒေချ့်ဘက်တွင်လည်း နယ်စပ်တလျောက် တောကြောအများ အပြားတွင် တောတောင်များကို ခုတ်ထွင်ရှင်းလင်းပြီး ရော်ဘာခင်းများ၊ ကျွန်းခင်းများနှင့် တခြား သစ်မာပင်များ စိုက်ပျိုးလာသဖြင့် ဆင်များ ကျက်စားရာ နယ်မြေများမှာ တဖြည်းဖြည်း ကျံု့ (ငယ်) လာနေသည်ဟု သိရသည်။

ယခုကဲ့သို့ တောဆင်ရိုင်းများ ကျက်စားရာ နယ်မြေများ မရှိ ဖြစ်လာရာမှ ယခုအခါ လူများနေထိုင်ရာ ဒေသများသို့ ဆင်များ တိုးဝင်လာပြီး လူများကို တိုက်ခိုက်မူများ ပြုလုပ်လာခြင်း ဖြစ်သည်။

Most read this week