တပ်ရိက္ခာအကြောင်းပြပြီး အာဏာပိုင်နှင့် ကုန်သည်ပေါင်း၍ စပါးဝယ်ယူနေ

တပ်ရိက္ခာအကြောင်းပြပြီး အာဏာပိုင်နှင့် ကုန်သည်ပေါင်း၍ စပါးဝယ်ယူနေ
by -
ဇော်ကြီး
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ကျေးရွာများတွင် တပ်ရိက္ခာအတွက်စပါးသွင်းရန် အကြောင်းပြပြီး အာ ဏာပိုင်နှင့် ကုန်သည်မှ စပါးများဝယ်ယူနေသည်ဟု ဒေသခံများက...

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ကျေးရွာများတွင် တပ်ရိက္ခာအတွက်စပါးသွင်းရန် အကြောင်းပြပြီး အာ ဏာပိုင်နှင့် ကုန်သည်မှ စပါးများဝယ်ယူနေသည်ဟု ဒေသခံများက ပြောသည်။

ရွှေတြိဂံဒေသ၊ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အာဏာပိုင်အချို့မှ တပ်ရိက္ခာ အကြောင်းပြ၍ စပါးများဝယ်ယူနေသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ပြည်သူ့စစ်တွေလည်းပါတယ်။ အမှန်ကတော့ကုန်သည်တစ်စုပါပဲ။ကုန်သည်ကနေတခါ မယကဆီသွား ပြီးတော့ တပ်ရိက္ခာဆိုပြီးကောက်ခိုင်းတယ်။ သူတို့က ရွာတစ်ရွာကို သွားပြီးတော့ ယရက စာရေးနဲ့ အ ဖွဲ့ဝင်တွေက ကုန်သည်နဲ့ပေါင်းပြီးတော့ ရွာထဲက လယ်ရှိတဲ့ သူတွေ စပါးလာသွင်းရမယ်ပေ့ါ။ တစ်ဧကကို ငါးတင်းနှုန်းနဲ့ သတ်မှတ်တယ်။” 

ယင်းကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်အရှေ့ပိုင်းတိုင်းမှူးမှ ခရိုင်နှင့် မြို့နယ်အေးချမ်း သာယာရေးရုံးများသို့ တရား ၀င် အမိန့်ထုတ်ပြန်၍ ကောက်ခံခိုင်းခြင်းဖြစ်သည်ဟု အာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

မိုင်းဖုန်းကျေးရွာအုပ်စု (က)နှင့်(ခ) အတွင်းရှိ စမ်ပူး၊ ၀မ်ပုံ၊ ၀မ်တုံ၊ ၀မ်မိုင်၊ ဖတ်ဟိ၊ ၀မ့်နား၊ တာခုတ်၊ ဝေလေငန်၊ နမ့်လုတ် စသည့်ကျေးရွာများတွင် ၀ယ်ယူ နေခြင်း ဖြစ်သည်။

ထိုဒေသများသည်် ဆန်းကြမ်းအထွက်နည်းသဖြင့် စိုက်သူနည်းပြီး ကောက်ညှင်းကို အဓိကထားစိုက်ပျိုးကြ သည့်အတွက် တောင်သူများအနေနှင့် ကောက်ညှင်းစပါး ရောင်း၍ ဆန်ကြမ်းစပါးဝယ်ပြီးသွင်းကြရသည်။

လက်ရှိပေါက်စျေး ဆန်ကြမ်းစပါး တစ်တင်းလျှင်အနိမ့်ဆုံး မြန်မာငွေ ၆၀၀၀ ကျပ်နှုန်းဖြင့် ၀ယ်ယူ၍ ၎င်းတို့ထံ ၃၁၀၀ ကျပ်နှုန်းဖြင့် ပြန်ရောင်းပေးရသည့်အပြင်၊ စပါး သွင်းရာ၌ အလေးချိန်ဖြင့် သတ်မှတ်ထားပြီး  သတ်မှတ်အ လေးချိန်ထက် ပိုပေးရသည်ဟု အခြား ဒေသခံတစ်ဦးက ယခုလိုပြောသည်။ 

“သူက (အာဏာပိုင်)တစ်တင်းကို ၃၁၀၀ ကျပ်နှုန်းနဲ့ ၀ယ်တာပေါ့နော်။ ပြီးတော့လည်း သူက တစ် တင်းကို နှစ်ဆယ့်သုံးကီလိုသတ်မှတ်တာပေ့ါ။ အမှန်က တစ်တင်းကို ကီလိုနှစ်ဆယ် ပဲရှိတယ်။”

လယ်သမားများအနေနှင့် အစိုးရစပါးကို နှစ်စဉ်ပေးသွင်းနေရပြီး လက်ရှိပေါက်စျေးအရ ကောက်ခံပါက ပေး သွင်းနိုင်သော်လည်း စျေးနှုန်းပိုတောင်းခြင်း၊ သတ်မှတ် အလေးချိန်ထက် ပိုပေးရခြင်းတို့ကြောင့် မကျေနပ် သော် လည်း “မပေးပဲနဲ့တော့ မနေရဲဘူးပေ့ါနော်။ ကြောက်တော့ မရှိလည်း ၀ယ်ပြီးထည့်ကြရတာပဲ။” ဟု ၎င်း ကဆက်ပြောသည်။

Most read this week