မြန်မာပြည်ကို ပြန်မည့် အလုပ်သမား ကားမှောက် တဆယ်ကျော် ဒဏ်ရာရရှိ

မြန်မာပြည်ကို ပြန်မည့် အလုပ်သမား ကားမှောက် တဆယ်ကျော် ဒဏ်ရာရရှိ
by -
ခွန်အောင်မြတ်
မြန်မာပြည်သို့ ပြန်လာသည့် အလုပ်သမား ၃၀ ကျော်ကို တင်ဆောင်လာသည့် ဆယ်ဘီးကားတစီး ထိုင်းမြန်မာ နယ်စပ် စံခဘူရီမြို့အဝင်ဂိတ်အနီး၌ ယနေ့နံနက်တွင် တိမ်းမှောက်သဖြင့် အများအပြား...

မြန်မာပြည်သို့ ပြန်လာသည့် အလုပ်သမား ၃၀ ကျော်ကို တင်ဆောင်လာသည့် ဆယ်ဘီးကားတစီး ထိုင်းမြန်မာ နယ်စပ် စံခဘူရီမြို့အဝင်ဂိတ်အနီး၌ ယနေ့နံနက်တွင် တိမ်းမှောက်သဖြင့် အများအပြား ထိခိုက်ဒဏ်ရရှိခဲ့သည်။

ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်မှ နယ်စပ်သို့ ပြန်လာချိန်တွင် တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု မျက်မြင်သက် သေဖြစ်သူ ဒေသခံ မြန်မာနိုင်ငံသား တဦးက ယခုလို ရှင်းပြသည်။

“ကားက ဒီလို မဟာချိုင်ကနေ ငှါးလာတယ်။ ဆယ်ဘီးကားပေါ့နော်။ ဆယ်ဘီးကားကို ငှါးလာတော့ တောမော(လူဝင်ကြီးကြပ်ရေး)နဲ့ပို့လာတယ်။ ပို့လာတဲ့အချိန်မှာ အဲဒီစံခဘူရီမြို့ကိုအဝင်တောင်ကုန်း အဆင်း တောင်အဆင်းခါကျတော့ ဝေးတယ်၊ ရှည်တယ်လေ။ အဲဒီမှာ သူက ဂီယာမထိုးထားပဲနဲ့ ဘ ရိတ်နင်းပြီး ဆင်းတယ်ထင်တယ်။ ဒီကို တခါမှ မလာဖူးတဲ့ ကားတွေဆိုတော့ အဲဒါ ဘရိတ်က ကြာရှည် နင်းတော့ ဘရိတ်ပေါက်သွားတာ။ အဲဒီမှာ မှောက်သွားတယ်။”

ကားပေါ်တွင် မြန်မာအလုပ်သား  ၃၅ ဦးထဲတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေးငယ် ၈ ဦး ပါ လာသည်ဟု ၎င်းက ဆက်ပြောသည်။

“နောက်အနာများတဲ့လူက ၉ ယောက်၊ စံခဘူရီဆေးရုံမှာ ရှိနေတယ်။ နောက်အနာတအားများပြီး သတိမရတဲ့လူက ငါးယောက် ကန်ချနဘူရီ ဆေးရုံကို ပို့လိုက်ရတယ်။ နောက်ပြီး ကျန်တဲ့လူတွေကို ရဲစခန်းမှာ သူတို့ခေါ်ပြီး ခန ထား ထားတယ်။”

ကားမောင်းသမားသည် ထိုင်းလူမျိုးဖြစ်ပြီး ဒဏ်ရာအနည်းငယ်သာ ရရှိသည်။ ယင်းအမှုနှင့် ပတ်သက်၍ ထိုင်း လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူနှင့် ရဲစခန်းတွင် ညှိနှိုင်း နေကြဆဲဟု ဒေသခံများက ပြောသည်။

ယင်းအလုပ်သမားများသည် မွန်နှင့် ကရင်လူမျိုးများဖြစ်ပြီး ထိုင်းနိုင်ငံ တောင်ပေါ်သားမှတ်ပုံတင်နှင့် ရွှေ့ပြောင်း အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသူများဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ မဟာချိုင်တွင်ရှိသည့် မြန်မာအလုပ်သမားများသည် ၎င်းတို့ နေရပ်ရင်း ဒေသများကို နေ့စဉ်ပြန်ကြသည်ဟု အလုပ်သမားများက ပြောသည်။
ယင်းသို့ပြန်ရာတွင် လူစုကာ ကားစီးလုံးငှါးပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးက လိုက်ပို့ပေးသည်ဟု မဟာချိုင်ရှိ အ လုပ်သမား ခေါင်းဆောင်ဦးက “ပြန်တာကတော့ လေးဆယ်ပြန်၊ နှစ်ဆယ်ပြန်၊ တရက်ကို နှစ်ဆယ် သုံး ဆယ် အဲလောက်တော့ ရှိတာပေါ့နော်” ပြောသည်။

မဟာချိုင်မှ စံခဘူရီဘက်သို့ အလုပ်သမားများ နေ့စဉ် ပြန်ကြသော်လည်း ကားတိမ်းမှောက်ခြင်းမှာ ယခု ပထမ အကြိမ်ဖြစ်သည်။

Most read this week