မြန်မာအမျိုးသား မှတ်ပုံတင်ကို ကိုင်ပြီး ဘုရားဖူးသွားသူ ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၂ ဦး ထောင် (၆)လစီ ချမှတ်ခံရ

မြန်မာအမျိုးသား မှတ်ပုံတင်ကို ကိုင်ပြီး ဘုရားဖူးသွားသူ ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၂ ဦး ထောင် (၆)လစီ ချမှတ်ခံရ
ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်မှ မြန်မာ နိုင်ငံသား စီစစ်ရေး ကဒ်ပြားများကို အတုလုပ် ကိုင်ဆောင်ပြီး ဘုရားဖူးသွားသူ ၁၂ ဦးကို မြန်မာတရားရုံးက ထောင်ဒဏ် (၆) လစီ ချမှတ်လိုက်သည်ဟု...

ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်မှ မြန်မာ နိုင်ငံသား စီစစ်ရေး ကဒ်ပြားများကို အတုလုပ် ကိုင်ဆောင်ပြီး ဘုရားဖူးသွားသူ ၁၂ ဦးကို မြန်မာတရားရုံးက ထောင်ဒဏ် (၆) လစီ ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။

သူတို့မှာ ဘင်ဒရိုဘင် ခရိုင် ရွာဆောင်ဆရီ (ရခိုင်ဝ) မြို့နယ်မှ ဖြစ်ပြီး ရခိုင်မျိုးနွယ်စု မာရမာ လူုမျိုးများ ဖြစ်ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ဦးဇင်းတပါးက “သူတို့အထဲက ၉ ဦးကို တောင်ကုတ်မှာ ဖမ်းတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃ ဦးက စစ်တွေ လေဆိပ်မှာ ဖြစ်ပါတယ်။ အခု သူတို့  အားလုံးကို စစ်တွေနဲ့ တောင်ကုတ် တရားရုံးက (၆) လစီ ထောင်ချလိုက်တယ်လို့ သိရပါတယ်။”

ဖမ်းဆီးခံရသူ ၉ ဦးထဲတွင် ၈ ဦးမှာ အမျိုးသမီးကြီးများ ဖြစ်ပြီး တဦးမှာ အမျိုးသားကြီး တဦး ဖြစ်သည်ဟု တောင်ကုတ်မြို့ခံ တဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ သူတို့အထဲမှာ အမျိုးသားကြီး တဦးဘဲ ပါတယ်။ အမျိုးသမီးကြီး ၈ ဦးကို စစ်ဆေးရေးဂိတ်က စစ်ဆေးပီးလို့ ကားပေါ်တက်သွားပါပြီ။ ကျန်နေခဲ့တဲ့ အမျိုးသားတဦးကို စစ်ဆေးရေး အရာရှိတွေ မေးတော့ သူက ဘင်္ဂလာဒေချ့် နိုင်ငံ ရခိုင်ဝက ဖြစ်တယ်ဆိုတော့ အကုန်လုံး ပေါ်ကုန်ပြီး အခုလို အဖမ်းခံရတာ ဖြစ်ပါတယ်။”

အဆိုပါ ဘင်္ဂလာဒေချ့် နိင်ငံသားများမှာ ဒေးဒရဲနှင့် လက်ပွတ္တာမြို့နယ်မှ ထုတ်ပေးထားသော နိုင်ငံသား စီစစ်ရေး ကဒ်ပြားများကိ်ု ကိုင်ဆောင်ထားသည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် နိုင်ငံတွင် သီတင်းသုံးနေသော မြန်မာနိုင်ငံသား ရဟန်းတော် သုံးပါးမှ အဆိုပါ လူကြီးများကို မြန်မာနိုင်ငံသား စီစစ်ရေး ကဒ်ပြားများကို အတုလုပ် ကိုင်ဆောင်ပြီး ဘုရားဖူးသွားရာမှ ယခုကဲ့သို့ အဖမ်းဆီးခံရခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားများ အပါအဝင် ရခိုင်မျိုးနွယ်စုဝင်များ နေထိုင်ရာ နယ်မြေများမှာ ယခင်က တိုင်းပြည် တခုတည်းတွင် ရှိခဲ့ရာမှ အိန္ဒိယနှင့် မြန်မာ နယ်နမိတ် သတ်မှတ် ရာတွင် တချို့က မြန်မာဘက်ကို ပါသွားပြီး တချို့မှာ အိန္ဒိယဘက်သို့ ပါသွားခဲ့သည်။

ယခုအိန္ဒိယ ဘက်ကို ပါသွားသူများမှာ လက်ရှိ ဘင်္ဂလာဒေချ့် နိုင်ငံတွင် နေထိုင်နေကြပြီး ယခုအခါ ဘင်္ဂလာဒေချ့် နိုင်ငံသား ဖြစ်နေကြသည်။

ရခိုင်မျိုးနွယ်စု သက်ကြီးရွယ်အိုများ အနေဖြင့် မြန်မာနိုင်ငံသို့ ဘုရားဖူးသွားရောက်လိုလျှင် မြန်မာ့ အစိုးရမှ တရားဝင် ခွင့်ပြုခြင်း မရရှိသဖြင့် ယခုကဲ့သို့ မြန်မာ နိုင်ငံသား စီစစ်ရေး ကဒ်ပြားများကို အတုလုပ်ပြီး သွားရောက်ကြရသည်။

ယမန်နှစ်ကလည်း ရခိုင်ပြည်နယ်ရှိ ဆံတော်ရှင်ဘုရားပွဲကို မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက် အတုဖြင့် သွားရောက်သူ ဘင်္ဂလာဒေချ့်မှ ရခိုင် လူငယ် ၄ ဦးကို မောင်တောမြို့တွင် ဖမ်းဆီးပြီး ထောင် ၆ လ ချမှတ်ခဲ့သည်။

Most read this week