ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်အဖွဲ့ပေါင်းစုံမှ တက်ရောက်မည်

ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်အဖွဲ့ပေါင်းစုံမှ တက်ရောက်မည်
ကချင်ပြည်နယ်နေ့ အခမ်းအနားအား ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၊ ကချင်အထူးဒေသ (၁)မှ နယ်ခြားစောင့် တပ်ရင်းများမှ ကိုယ်စားလှယ်များ၊ ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ပြည်သူ့စစ်များနှင့် တရုတ်နိုင်ငံ ဘက်မှ ကချင်တိုင်းသားများလည်း...

ကချင်ပြည်နယ်နေ့ အခမ်းအနားအား ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၊ ကချင်အထူးဒေသ (၁)မှ နယ်ခြားစောင့် တပ်ရင်းများမှ ကိုယ်စားလှယ်များ၊ ဦးလဆန်အောင်ဝါ
ဦးဆောင်သည့် ကချင်ပြည်သူ့စစ်များနှင့် တရုတ်နိုင်ငံ ဘက်မှ ကချင်တိုင်းသားများလည်း တက်ရောက်ရန်ရှိသည်။  

(၆၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ မနောကွင်း၌ မနက်ဖန်တွင် ဖွင့်လှစ်ကျင်းပမည်ဖြစ်သည်။

ယင်းပွဲတော်ကို တရုတ်ပြည်ဘက်မှ ကချင်တိုင်းရင်းသားနှင့် အထူးဧည့်သည်အပါအဝင် အင်အား(၃ဝဝ)ကျော် တက်ရောက်ရန်ရှိပြီး ကေအိုင်အိုအဖွဲ့မှ လူအင်အား ရာနှင့်ချီရှိသည့် စစ်သည်များနှင့် မိသားစုများလည်း မနောပွဲ ကရန် ယနေ့ ထွက်ခွာသွားသည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။

“(၇)ရက်နေ့ကနေ (၁ဝ)ရက်နေ့အထိ ဆက်တိုက် အဖွဲ့တွေ အလှည့်ကျ ကမှာ။ ဘယ်နေ့ ဘယ်အဖွဲ့ ကျမယ်ဆိုတာ မသိသေးဘူး။ ဦးဆခုံတိန့်ယိန်းတို့အဖွဲ့၊ လဆန်အောင်ဝါအဖွဲ့၊ ဒေါက်တာ တူးဂျာတို့ရဲ့ ပါတီအဖွဲ့တွေကော ကကြမှာ။ တလှည့်စီ ဦးဆောင် ကရမှာ။” ဟု လိုင်ဇာဒေသခံက ပြောသည်။

ယမန်နေ့က  ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စျေးပွဲတော်၊ အားကစားပြိုင်ပွဲများ နှင့် မနောကွင်းကို ဖွင့် လှစ်ခဲ့ပြီး လာရောက်ကြသူ သိပ်မရှိသေးသော်လည်း နောက်ပိုင်းရက်များတွင် စည်စည်ကားကားဖြစ်လာနိုင် သည်ဟု မြစ်ကြီးနားဒေသခံက ပြောသည်။

“စျေးပွဲတော်ကျတော့ အခုလောလောဆယ်တော့ လူမရှိသေးဘူး။ နောက်ပိုင်း မနောပွဲတွေ ကလာ မယ်၊ ညပိုင်း စတိတ်ရှိုးတွေလုပ်မယ်ဆိုရင်တော့ လူနည်းနည်း စည်လာမယ်။ အခုက မီးပုံပွဲတွေကော လုပ်မယ်လို့ ကြားတယ်။ မနက်ဖန်ဖွင့်ပွဲကို ရှမ်းယဉ်ကျေးမှုအဖွဲ့ တွေလည်း တက်ဖို့ ဖိတ်ထားတယ်။ ဧည်သည်တွေကိုတော့ မြစ်ဘေးမှာ ရွက်ဖျင်တဲတန်း တွေထိုးပြီး နေရာချပေးနေတယ်။” ဟု မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

ဇန္နဝါရီလ(၁ဝ)ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် ၁၉၄၈ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် ပျော် ပွဲရွှင်ပွဲနှင့် မနောပွဲများကိုကချင်ပြည်နယ်မြို့တော်တွင် နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

Most read this week