ရခိုင်နှင့် မာရာမာ ချစ်ကြည်ရေး နှီးနှော ဖလှယ်ပွဲ ဂျပန်တွင် ကျင်းပ

ရခိုင်နှင့် မာရာမာ ချစ်ကြည်ရေး နှီးနှော ဖလှယ်ပွဲ ဂျပန်တွင် ကျင်းပ
ဂျပန်တွင် ရောက်ရှိနေသော ရခိုင်များနှင့် ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသမှ မာရာမာ လူငယ်များ၏ ချစ်ကြည်ရေး နှီးနှောဖလှယ်ပွဲ တရပ်ကို ဂျပန်နိုင်ငံ...

ဂျပန်တွင် ရောက်ရှိနေသော ရခိုင်များနှင့် ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသမှ မာရာမာ လူငယ်များ၏ ချစ်ကြည်ရေး နှီးနှောဖလှယ်ပွဲ တရပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို ရခိုင်မျိုးစောင့် အုပ်စု (ဂျပန်) နှင့် BANGLADESH INDIGENOUS FRONT OF JAPAN (B.I.F.J) မှ ကမကထ ပြုကာ စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဖွဲ့ဝင် တဦးမှ “ နှီှးနှော ဖလှယ်ပွဲကို ဂျပန်နိုင်ငံ တို်ကျိုမြို့မှာ ရှိတဲ့ ရခိုင်မျိုးစောင့် အုပ်စု ရုံးခန်းမှာ ဇန္နဝါရီလ ၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ လူကတော့ စုစုပေါင်း ၃၀ ခန့် တက်ရောက် ခဲ့ပါတယ်။” ဟု ပြောသည်။

နှီးနှော ဖလှယ်ပွဲတွင် အခမ်းအနားမှုးအဖြစ် ကိုလှရွှေမှ ဆောင်ရွက် ပြီး အခမ်းအနားတွင် ရခိုင်မျိုးစောင့် အုပ်စု ယာယီ တာဝန်ခံ ဦးခိုင်ထူးနှင့် (B.I.F.J) မှ ဦးထွန်းကျော်တို့မှ ချစ်ကြည်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပ ရခြင်းနှင့်ပတ်သတ်၍ အဖွင့် အမှာစကား ပြောကြားသည်။

၎င်းနောက် B.I.F.J မှ ဦးကျော်စိန်ထွန်းမှ စစ်တကောင်း တောင်တန်း ဒေသ သမိုင်းကြောင်း နှင့် လက်ရှိ အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဦးပေါ်ထွန်းအောင်မှ နိူင်ငံတကာရခိုင် အမျိုးသား အသင်းကြီး (W.A.O) ဖြစ်ပေါ်လာပုံနှင့် ရခိုင်လူမျိုး အကျိုးပြု လုပ်ငန်း ဆောင်ရွက် နေပုံများကို် ရှင်းလင်းပြောကြားပြီး၊ ဦးမောင်သန်းနှင့် ဦးညီညီစံတို့မှ ရခိုင်လူမှုရေးအသင်း(A.S.A.J) ဖြစ်ပေါ်လာပုံနှင့် လက်ရှိ ဂျပန်ရောက် ရခိုင်လူမျိုးအတွက် လုပ်ဆောင ်နေပုံများကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ ဦးကျော်သန်းလှိုင်မှ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (A.L.D) ဖြစ်ပေါ်လာပုံနှင့် ရခိုင်လူမျိုးများ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး အတွက် မြန်မာနိူင်ငံရှိ တခြားသော တိုင်ရင်းသား လူမျိုးများနှင့် ပူးပေါင်း၍ တိုက်ပွဲ ၀င်နေပုံကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် A.R.G အဖွဲ့ဝင်များနှင့် B.I.F.J အဖွဲ့ဝင်များက ရခိုင်လူမျိုးများ အနေဖြင့် ဥမကွဲ သိုက်မပျက် ရပ်တည်နိူင်ရေး အတွက် အချင်းချင်း စည်းလုံး ညီညွတ်ရေး အတွက် အရေးကြီးကြောင်းကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ယခု ချစ်ကြည်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းနှင့် ပတ်သတ်၍ ရခိုင် မျိုးစောင့်အုပ်စု တာဝန်ခံ ဦးခိုင်ထူးမှ အောက်ပါအတိုင်း ပြောကြား ခဲ့သည်။

“ဤချစ်ကြည်ရေး နှီးနှော ဖလှယ်ပွဲကို ရခိုင်မျိုးစောင့် အုပ်စုမှ လုပ်ဆောင်ရခြင်း အဓိက ရည်ရွယ်ချက်မှာ စစ်တကောင်း တောင်တန်း ဒေသမှ ရခိုင်စကားပြောသူများ “မာရမာ” လူမျိုးနှင့် ရခိုင် လူမျိုးများမှာ လူမျိုး တခုတည်းသာ ဖြစ်ပြီး တိုင်းပြည် ခြားသော်လည်း စိတ်ဝမ်းကွဲပြားမူ မရှိဘဲ ညီညွတ်မူ တည်ဆောက်လို၍ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ညှိနိုင်း ဆွေးနွေးပွဲတွင် နှစ်ဖက် အမြင်များကို ဆွေးနွေး ညှိနိုင်း ကြပြီး “မာရမာ”ဟု အမည် ခံယူထားသော်လည်း မျိုးနွယ်တူ ဘာသာတူ လူမျိုးတူ ဖြစ်သဖြင့် ရခိုင်လူမျိုး အဖြစ် ခံယူကြကာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

(B.I.F.J) သည် စစ်တကောင်းတောင်တန်းနယ်မှ “မာရမာ”များက အဖွဲ ့ဖြစ်သည်။ စစ်တကောင််း တောင်တန်းဒေသမှ “မာရမာ” လူမျိုး (၂၀) ခန့် ဂျပန်နိူင်ငံသို့ ရောက်ရှိနေကြရာ ၎င်းတို့အား နေရေး၊ ထိုင်ရေး ကို ARG မှ ကူညီ စောင့်ရှောက် ပေးထားသည့် အပြင် ရခိုင် လူမှုရေး အသင်း(ဂျပန်) A.S.A.J မှလည်း ၎င်းတို့အား ရခိုင်လူမျိုး အဖြစ် အသိ အမှတ်ပြုပြီး အသင်းဝင်များ အဖြစ် လက်ခံ ထားကြောင်း သိရှိ ရပါသည်။

Most read this week