မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင့်မြင့်ပညာသင်ကျောင်းဖွင့်ပြီ

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင့်မြင့်ပညာသင်ကျောင်းဖွင့်ပြီ
by -
ဇော်ကြီး။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အဆင့်မြင့်ပညာသင်ကြားနိုင် ရန် Bridging Educational Access to Migrants (BEAM) ကျောင်းသစ်တစ်ခု...

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အဆင့်မြင့်ပညာသင်ကြားနိုင် ရန် Bridging Educational Access to Migrants (BEAM) ကျောင်းသစ်တစ်ခု ယနေ့စတင်ဖွင့်လှစ်လိုက်သည်။
ယင်းသင်တန်းကျောင်း၌ နိုင်ငံတကာတက္ကသိုလ်အဆင့်အထိ ဆက်လက်ပညာသင်ကြား ခွင့်ရနိုင်ရန် ပြင်ဆင် ပေးခြင်းနှင့် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းဟု  အဆင့် ၂ ဆင့်သတ်မှတ်ထားသည်ဟု အ သက်မွေးဝမ်းကျောင်းပညာသင်တန်း လုပ်ငန်း တာဝန်ခံ ကိုကျော်ဝင်းက ယခုလိုပြောသည်။
“အဓိကကတော့ တက္ကသိုလ်ကို၀င်နိုင်အောင် ကျနော်တို့ ပြင်ဆင်ပေးမှာပါ။ဘယ်လို တက္ကသိုလ်မျိုးတွေ လည်းဆိုတော့ နိုင်ငံတကာတက္ကသိုလ်မျိုးတွေကို ဆက်ပြီးတော့ ပညာဆည်းပူးနိုင်အောင် ကျနော်တို့ လုပ်ပေးမှာပါ။ သူတို့ကိုယ်တိုင် ကျိုးစားဖို့တော့ လိုတယ်။ ဆိုတော့ ဟိုဖက်က တက္ကသိုလ်ဆက်တက်ဖို့ ကိုတော့ လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့က ဆက်သွယ်ပေးမယ်။ အဓိကကတော့ စကောလား ရှစ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့က ကူညီပြီးတော့ ရှာဖွေပေးမယ်။”
တက္ကသိုလ်ဝင်တန်းအဆင့် သင်တန်းသို့တက်ရောက်နိုင်ရန်အတွက် အနိမ့်ဆုံး မြန်မာပြည် တွင် ၁၀ တန်းအထိ ပညာသင်ကြားထားသူများကို အဓိက ရွေးချယ်မည်ဖြစ်ပြီး သင်တန်းကာလ ၂နှစ် သတ်မှတ်ထားသည်။ ပထမ နှစ်တွင် ၁၀ တန်းအဆင့်အား ပြန်လည်မွန်းမံသင်ကြားပေးပြီး ဒုတိယနှစ်တွင် တက္ကသိုလ်အဆင့် တက်ရောက် နိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။
ထိုသင်တန်း၌ အင်္ဂလိပ်၊ သချာင်္၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ် တို့ကို အဓိကသင်ကြား ပေးမည်ဖြစ်ပြီး ပထမ နှစ်တွင် မြန်မာဘာသာဖြင့် သင်ကြားပြီး ဒုတိယနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည်ဖြစ်သည်။ တနှစ် လျှင် ကျောင်းသား ၄၀ဦးသာ တက်ရောက်နိုင် သည်။
အသက်မွေးဝမ်းကျောင်းပညာ၌  ကွန်ပြုတာ၊ ၀က်ဆိုဒ်ဒီဇိုင်းတည်ဆောက်ခြင်း၊ ပုံနှိပ် လုပ်ငန်း၊ စက်ချုပ်ပညာ များအား မြန်မာ၊ ရှမ်း၊ ထိုင်းဘာသာတို့ဖြင့် သင်ကြားပြီး ယင်းပညာများကို သင်ယူရာတွင် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပေ။
သင်တန်းချိန်များမှာ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပါတ်လျှင် ၅ ရက် သတ်မှတ်ပြီး၊ နံနက်ပိုင်း ၈နာရီမှ နေ့လည်၁၁ နာရီအထိ၊ ညနေပိုင်း ၅ နာရီခွဲမှ ည ၈နာရီခွဲ အထိ  တစ်ရက်လျှင် နှစ်ချိန် သတ်မှတ်ထားသည်။
ယခုသင်တန်းကျောင်းကို တက်ရောက်သင်ယူခွင့် ရသည်မှာ အခွင့်ကောင်းတရပ်ဟု သင်တန်းသားအသစ် ဖြစ် သူ မခိုင်က ယခုလိုပြောသည်။
“ဒါကကိုယ့်နိုင်ငံထဲမှာ မရနိုင်တဲ့ အခွင့်အရေးလေ။ နောက်ပြီး ကျောင်းတပိုင်းတစနဲ့ စီးပွားရေး ကြောင့်ဒီကိုရောက်လာတဲ့ကလေးတွေက များတယ်ဆိုတော့ သူတို့အတွက် အခွင့်အရေးအများ ကြီးရှိ ပါတယ်။ ကျမတို့လိုလူတွေအတွက်ကတော့ အသက်မွေး ၀မ်းကျောင်းအလုပ်အတွက် ကောင်းတဲ့ အ ခွင့်အရေးပါပဲ။”
အဆိုပါကျောင်းသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်သည့် Burmese Migrants Education Program အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Most read this week