ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာဒေချ့်သို့လာမည်

ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာဒေချ့်သို့လာမည်
အငြင်းပွားနေသော ရေပြင်ပိုင်နက် ပြဿနာကို ဖြေရှင်းရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် လာမည့်နှစ် ဇန္နဝါရီလတွင် ဘင်္ဂလာဒေချ့် နိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး အတွင်းဝန် Quayes က“ သူတို့ လာမယ့်နှစ် ဇန္နဝါရီလ ဒုတိယပတ်မှာ ဒက္ကားကို...

အငြင်းပွားနေသော ရေပြင်ပိုင်နက် ပြဿနာကို ဖြေရှင်းရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် လာမည့်နှစ် ဇန္နဝါရီလတွင် ဘင်္ဂလာဒေချ့် နိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး အတွင်းဝန် Quayes က“ သူတို့ လာမယ့်နှစ် ဇန္နဝါရီလ ဒုတိယပတ်မှာ ဒက္ကားကို လာရောက်ကြပါလိမ့်မယ်။ ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းနိုင်ရေး နည်းလမ်းတွေကို ရှာကြံ ကြပါလိမ့်မယ်။” ဟု စနေနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလက စတင်ခဲ့သည်။ အဆိုပါ အငြင်းပွားမူကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက် ပျက်ပျားခဲ့ရပြီး နှစ်ဘက် နိုင်ငံမှ ရေတပ်သင်္ဘောများကို အငြင်းပွားရာ ရေပြင်ပိုင်နက်သို့ စေလွှတ်ခဲ့ရသည် အထိ ဖြစ်ခဲ့သည်။

“ ကျွန်တော်တို့က မြန်မာနဲ့ ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းမှာ ဖြစ်သလို တဘက်မှာလည်း ကုလသမဂ္ဂမှ တဆင့် ကျွန်တော်တို့ရဲ့ ရေပြင်ပိုင်နက်တွေကို ရရှိရေးအတွက် တရားသဖြင့် တိုက်ပွဲဝင်တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဘင်္ဂလာဒေချ့်မှ ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် ကုလသမဂ္ဂကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ အတွင်းက တိုင်ကြားခဲ့သည်။

အဆိုပါ အမူကို ကုလသမဂ္ဂ၏ ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမူ ဖြေရှင်းပေးသော နိုင်ငံတကာ ရေပြင်ပိုင်နက်ဆိုင်ရာ ဥပဒေ ရေးရာ ခုံသမာပဓိအဖွဲ့ က လက်ခံ ထားလိုက်ပြီး ယခုလ ၁၄ ရက်နေ့က အမူဖိုင် အမှတ် (၁၆) ဖြင့် လက်ခံထားလိုက်သည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ဖေါ် ပြောကြားချက်အရ မြန်မာနှင့် အိန္ဒိယတို့သည် ဘင်္ဂလာဒေချ့် နိုင်ငံပိုင်ဆိုင်သည့် ရေပြင် အကွက် ၂၇ ခုထဲမှ ၁၉ ခုကို သူတို့ ပိုင်ဆိုင်ကြောင်း တရားဝင် ကျေညာထားသည်ဟု ဆိုသည်။

သို့အတွက် ယခု ဘင်္ဂလာဒေချ့် လက်ရှိအစိုးရမှ အဆိုပါ ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလသမဂ္ဂတွင် ဖြေရှင်းရန် တောင်းဆိုထားသည်။ ဖြေရှင်းမည့် ကာလမှာ အနည်းဆုံး ၄ နှစ်မှ ၅ နှစ်ထိ လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

Most read this week