စစ်တွေမှ အကျဉ်းသား တရာကျော်ကို ငမန်းရဲကျွန်း ရဲဘက်စခန်းသို့ ပြောင်းရွေ့

စစ်တွေမှ အကျဉ်းသား တရာကျော်ကို ငမန်းရဲကျွန်း ရဲဘက်စခန်းသို့ ပြောင်းရွေ့
by -
မောင်အေး
ရခိုင်ပြည်နယ် စစ်တွေမြို့အကျဉ်းထောင်မှ အကျဉ်းသား တရာကျော်ကိုု မြေပုံမြို့နယ် ငမန်းရဲ ကျွန်းရှိ ရဲဘက် စခန်းတွင် အလုပ်ကြမ်းများခိုင်းစေရန် ထောင်အာဏာပိုင်များကလွန်ခဲ့ သည့် အင်္ဂါနေ့က ပို့ဆောင်လိုက်ကြောင်း...

ရခိုင်ပြည်နယ် စစ်တွေမြို့အကျဉ်းထောင်မှ အကျဉ်းသား တရာကျော်ကိုု မြေပုံမြို့နယ် ငမန်းရဲ ကျွန်းရှိ ရဲဘက် စခန်းတွင် အလုပ်ကြမ်းများခိုင်းစေရန် ထောင်အာဏာပိုင်များကလွန်ခဲ့ သည့် အင်္ဂါနေ့က ပို့ဆောင်လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ အကျဉ်းသားများကို ငမန်းရဲကျွန်း ရဲဘက်စခန်းမှ စခန်းမှူး ဦးအေးထွန်း ကိုယ်တိုင် ဦးဆောင်ပြီး စစ်တွေမြို့မှ ပြောင်းရွေ့ ခေါ်ယူ သွားခြစ်ဖြစ်ကြောင်း စစ်တွေမြို့မှ မျက်မြင်တဦးက ပြောသည်။

“အကျဉ်းသားတွေကို နေ့လည် ၂ နာရီလောက်မှာ စျေးကြီး ဖောင်တော်ကနေ စက်လှေနဲ့ တင် သွားတယ်။ အားလုံး ၁၅၀ လောက်ပါတယ်။ဦး အေးထွန်း ကိုယ်တိုင် ပါတယ်။”ဟုပြောသည်။

အကျဉ်းသားများအား တင်ဆောင်သွားသည့် စက်လှေမှာ လွမ်းလုံးပိုက်ကျေးရွာမှ ပုဇွန်ကန် ပို်င်ရှင် ဦးကျော်ဝင်း၏ စက်လှေဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ယခုပြောင်းရွေ့ခံရသည့် အကျဉ်းသားများကို ငမန်းရဲကျွန်းရှိ ပုဂ္ဂလိက ပုဇွန်မွေးမြူရေး ကန်များတွင် တာတမံဆည်ဖို့ရန်နှင့် ဆားကွင်းများတွင် အလုပ်ကြမ်းများစေခိုင်းရန် အတွက် ခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။

ထောင်သားများကို ခိုင်းစေ၍ ရသည့်ငွေများကို ထောင်အာဏာပိုင်များက ကိုယ်ကျိုးအတွက် အသုံးပြုကြသည်ဟု ခိုင်လုံသော သတင်းရပ်ကွက်အရ သိရသည်။

“ ငွေမပေးနိုင်တဲ့ သူတွေကတော့ ရဲဘက်ကို အပို့ခံရတယ်။ ထောင်မှူး တောင်ပိုင်တွေကို ငွေပေးနိုင်တဲ့ သူတွေကျတော့ အပို့မခံရဘူး။ များသောအားဖြင့် လွတ်ရက်နီးတဲ့သူတွေကို ရဲဘက်ကို အပို့များ တယ်။”ဟု မကြာသေးမီက ထောင်မှလွတ်လာသူ တဦးကပြောသည်။

အကျဉ်းထောင်များတွင် ရဲဘက်သို့ မပြောင်းလိုသည့် အကျဉ်းသားများမှာ ထောင်ပိုင် ထောင် မှူးများကို ၅၀၀၀၀ ကျပ် ကနေ ၁၀၀၀၀၀ ကျပ်အထိ လာဒ်ငွေများပေးရကြောင်း ထောင်နှင့်နီး စပ်သူ တဦးကပြောသည်။

မြောက်ဦးမြို့နယ် လေညင်းတောင်ကျေးရွာရှိ ရဲဘက်စခန်းတွင်လည်း အကျဉ်းသားများကို လုပ်အားပေး စေခိုင်းမူများ ရှိနေပြီး အဆိုပါ အကျဉ်းသားများကို ရေထဲမှ ကျောက်တုံးများကို ရေငုတ်ပြီး ဆည်ယူရာတွင် အသုံးပြုနေသည်ဟု သတင်းရရှိသည်။

Most read this week