စစ်တွေမြို့ သင်္ချိုင်း ပြောင်းရွှေ့တော့မည်

စစ်တွေမြို့ သင်္ချိုင်း ပြောင်းရွှေ့တော့မည်
စစ်တွေမြို့ အာဂျိတ်တောင်ကုန်းရှိ မြို့သင်္ချိုင်းကို ရ မိုင်ကျော် ဝေးကွာသော မန်ဇီ အရပ်သို့ ပြောင်းရွှေ့ရန် နအဖ စစ်အစိုးရ စီစဉ်နေသည်ဟု စစ်တွေမှ လူကြီး တဦးက ပြောသည်။ ...

စစ်တွေမြို့ အာဂျိတ်တောင်ကုန်းရှိ မြို့သင်္ချိုင်းကို ရ မိုင်ကျော် ဝေးကွာသော မန်ဇီ အရပ်သို့ ပြောင်းရွှေ့ရန် နအဖ စစ်အစိုးရ စီစဉ်နေသည်ဟု စစ်တွေမှ လူကြီး တဦးက ပြောသည်။

“ စစ်တွေ သချင်္ိုင်းကို ဇန္နဝါရီလမှာ စတင်ပြီး ပြောင်းရွှေ့ဖို့ နအဖ စစ်အစိုးရက တရားဝင် ကျေညာထားပြီ ဖြစ်ပါတယ်။ ခု ပြောင်းမယ့် နေရာက မြို့ကနေ (၇) မိုင်ကျော် ဝေးတဲ့ မန်ဇီဆိုတဲ့ နေရာ ဖြစ်ပါတယ်။ မြို့သူ မြ်ို့သားတွေက သချိုင်္င်းကို ခုလို အဝေးကြီး ပြောင်းပစ်မယ်ဆိုတဲ့ အတွက် အထူးစိတ်မကောင်း ဖြစ်နေကြပါတယ်။”

ယခုကဲ့သို့ စစ်တွေ မြို့သူ မြို့သားများ စိတ်မကောင်း ဖြစ်နေကြရသော အဓိက အကြောင်းအရင်းကို သူက ယခုကဲ့သို့ ပြောသည်။

“ ခု စစ်တွေ သချင်္ိုင်းက စစ်တွေ တည်စကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ခုလို သချိုင်္င်းကို အဝေးကြီး ပြောင်းပစ်မယ်လို့ ကျေညာတဲ့ အတွက် စိတ်မကောင်း ဖြစ်ကြရတာ ဖြစ်ပါတယ်။ ဒါပြင် အခု မန်ဇီ ဆိုတဲ့နေရာက ဝေးတဲ့ အပြင် လမ်းကလည်း တအားဆိုးတဲ့အတွက် အသုဘချရင် လူထုတွေ တော်တော် အခက်အခဲ ဖြစ်နိင်တယ်။ စရိတ်စခလည်း ပိုပြီး ကြီးသွားနိင်ပါတယ်။ ဒီအပေါ် စစ်တွေလူထုက အဓိက စိတ်မကောင်း ဖြစ်နေကြတာပါ။”

စစ်တွေမြို့တွင် ဆင်းရဲသား အသုဘ တခုအတွက် ယခုလက်ရှိ သချင်္ိုင်းတွင် သဂြိုလ်ပါက အနည်းဆုံး ကျပ် နှစ်သောင်းခန့် ကုန်ကျပြီး မန်ဇီသို့ သွားရောက် သဂြိုင်္လ် ရမည်ဆိုပါက ကျပ်တသိန်းထိ ကုန်ကျနိုင်ကြောင်း တခြား စစ်တွေမြို့ခံ လူငယ် တဦးက ပြောသည်။

၎င်းပြင် နအဖ စစ်အာဏာပိုင်များ အနေဖြင့် စစ်တွေ သချင်္ိုင်းကို ယခုကဲ့သို့ မြို့ပြင်သို့ ပြောင်းရွှေ့ပစ်မည်ကို မြို့မိ မြို့ဖများနှင့်လည်း တစုံတရာ တိုင်ပင် ဆွေးနွေးခြင်း မရှိကြောင်း သူက ယခုကဲ့သို့ ပြောသည်။

“ သူတို့က အားသမားဆိုတော့ သူတို့ လုပ်ချင်တာကို သူတို့ လုပ်မှာပါဘဲ။ ဘယ်သူမှ တားလို့ ပြုလို့ မရနိုင်ပါဘူး။ မြို့သူ မြို့သားတွေကိုလည်း ခေါ်ယူဆွေးနွေးတာတွေ မလုပ်ဘူး။ ပြောင်းဖို့ကတော့ သေချာသွားပါပြီ။ ခက်တာက လမ်းမကောင်းတဲ့ အပြင် စိတ်ရိတ်က ပိုပြီး ကုန်ကျမယ့် အပေါ် စစ်အာဏာပိုင်တွေက မစဉ်းစားတဲ့အပေါ် မြို့လူထုက စိတ်မကောင်း တာပါ။” ဟု ပြောသည်။

စစ်တွေ သချိုင်္င်းမှာ အာဂျိတ်တောင်ကုန်းတွင် ရှိပြီး နေရာကောင်းသဖြင့် အဆိုပါ သချင်္ိုင်းကို ဖြိုပြီး ၎င်းနေရာတွင် ဆိုင်ကလုန် စန်တာ အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အဦးများ ဆောက်လုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Most read this week