ရာသီဥတု ဖေါက်ပြန်မူဒဏ် ဆိုးရွားစွာခံရသည့် နိုင်ငံများထဲတွင် မြန်မာ ဒုတိယ နေရာတွင်ရှိ

ရာသီဥတု ဖေါက်ပြန်မူဒဏ် ဆိုးရွားစွာခံရသည့် နိုင်ငံများထဲတွင် မြန်မာ ဒုတိယ နေရာတွင်ရှိ
ဆယ်စုနှစ်ကာလ ၂ ခုအကြား ရာသီ ဥတုဖေါက်ပြန်မူ ဒဏ်ကို ဆိုးရွားစွာခံရသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံမှာ ဒုတိယ နေရာတွင် ရှိကြောင်း ကိုပင်ဟေဂန် ညီလာခံ ဒုတိယနေ့မှ ထွက်ပေါ်လာသော အစီရင်ခံစာ တစောင် အရ သိရ ...

ဆယ်စုနှစ်ကာလ ၂ ခုအကြား ရာသီ ဥတုဖေါက်ပြန်မူ ဒဏ်ကို ဆိုးရွားစွာခံရသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံမှာ ဒုတိယ နေရာတွင် ရှိကြောင်း ကိုပင်ဟေဂန် ညီလာခံ ဒုတိယနေ့မှ ထွက်ပေါ်လာသော အစီရင်ခံစာ တစောင် အရ သိရသည်။

၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ရာသီ ဥတုဖေါက်ပြန်မူဒဏ်ကို ကြီးမားစွာခံစားခဲ့ရသော နိုင်ငံ (၁၀) နိုင်ငံ စာရင်းထဲတွင် ဘင်္ဂလာဒေချ့် နိုင်ငံ ပြီးလျှင် မြန်မာနိင်ငံ ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာ ဖေါ်ပြသည်။

အဆိုပါ နိုင်ငံများ စာရင်းကို ဘာလင် အခြေစိုက် Germanwatch မှ ထုတ်ပြန်သော ‘Global Climate Risk Index 2010’ အစီရင်ခံစာတွင် ဖေါ်ပြသည်။

အဆိုပါ အဖွဲ့မှ ထုတ်ပြန်သော ရာသီဥတု ဖေါက်ပြန်မူဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသော နိုင်ငံ ၁၀ ခုကို နံပတ်စဉ် အလိုက် ဖေါ်ပြရာ အဆိုပါ နိုင်ငံများမှာ ဘင်္ဂလာဒေချ့်၊ မြန်မာ၊ ဟွန်ဒူရပ်၊ ဗီယက်နမ်၊ နီကာရာဂွာ၊ ဟေတီ၊ အိန္ဒိယ၊ ဒိုမီနီကန် ရီပါပလီကင်၊ ဖိလစ်ပိုင်နှင့် တရုတ်ပြည်တို့ ဖြစ်သည်။

အဆိုပါ အစီရင်ခံစာ အရ ၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ရာသီဥတု ဖေါက်ပြန်လဲမူ ဒဏ်ကြောင့် ကမ္ဘာ အဝန်းတွင် လူပေါင်း ၆၀၀၀၀၀ ခန့် သေဆုံးပြီး ရာသီဥတု ဖေါက်ပြန်မူကြောင့် ရေလွှမ်းမိုးမူ၊ မုန်တိုင်း တိုက်ခတ်မူ မိုးခေါင်ရေရှားမူ စသည့် ကပ်ဘေးများ အနည်းဆုံး အကြိမ် ၁၁၀၀၀ ထက်မနည်း ပေါ်ပေါက်ခဲ့သည်ဟု ဖေါ်ပြသည်။

အစီရင်ခံစာက ၂၀၀၈ ခုနှစ် မေလ အတွင်းက မြန်မာနိုင်ငံတွင် တိုက်ခတ်သွားသော နာဂစ် မုန်တိုင်းကို ဖေါ်ပြပြီး ဒေသတခုလုံး၏ ၉၀ ရာခိုင်နုန်းကျော် ပျက်စီး သွားခဲ့သည်ဟု ဖေါ်ပြသည်။

မြန်မာနိုင်ငံတွင် လက်ရှိ စစ်အစိုးရမှ ရေကာတာများ တည်ဆောက်ခြင်၊ သစ်တောများကို ခုတ်လှဲရောင်းချခြင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့များ တင်ပို့ရန် ပိုက်လိုက်များ ဖေါက်လုပ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်များ အကြီးအကျယ် ပျက်စီးလျက် ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများ အပြောအရ သိရသည်။

ကိုပင်ဟေဂင်တွင် ပြုလုပ်နေသော ကမ္ဘာကြီး ပူနွေးလာမူ တားဆီးရေး ညီလာခံတွင် ကမ္ဘာကြီး ပူနွေးလာမူကို အဓိက ဖြစ်စေသော ဖန်လုံအိမ် ဓါတ်ငွေ့ လျော့ချရေးကို နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးလျက် ရှိသည်။

ကိုပင်ဟေဂန် ညီလာခံကို နိုင်ငံပေါင်း ၁၉၂ နိုင်ငံက ကိုယ်စားလှယ်များ တက်ရောက်နေပြီး ဒီဇင်္ဘာ ရ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည် ဖြစ်သည်။

Most read this week