(ဝ) တပ်ဖွဲ့က လက်နက် မစွန့်လွှတ်ဘဲ မိမိကိုယ်မိမိ ကာကွယ်သွားမည်

(ဝ) တပ်ဖွဲ့က လက်နက် မစွန့်လွှတ်ဘဲ မိမိကိုယ်မိမိ ကာကွယ်သွားမည်
(ဝ)ပြည်သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် လက်နက်စွန့်လွှတ်ခြင်းမပြုဘဲ မိမိကိုယ်မိမိ ကာကွယ်သွားရန်နှင့်  တပ် ဖွဲ့အတွင်းစည်းလုံးညီညွတ်ရေး၊ စစ်ရေးသတိရှိရေး၊ ဒေသအတွင်း မူးယစ်ဆေးဝါး ,,,

(ဝ)ပြည်သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် လက်နက်စွန့်လွှတ်ခြင်းမပြုဘဲ မိမိကိုယ်မိမိ ကာကွယ်သွားရန်နှင့်  တပ် ဖွဲ့အတွင်းစည်းလုံးညီညွတ်ရေး၊ စစ်ရေးသတိရှိရေး၊ ဒေသအတွင်း မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်း များကိုဆောင်ရွက်သွားမည် ဟု (ဝ)တပ်ဖွဲ့ နှင့် နီးစပ်သည့် သတင်းရပ်ကွက်ကပြောသည်။

(ဝ)ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မှူးများက ပါတီ၏မူဝါဒ သဘောထားများဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို နို၀င် ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ (၀)ဌာနချုပ် ပန်ဆန်း၌ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ အား   အောက်ခြေအဆင့်ရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့်သို့ိ ဆွေးနွေးချပြနေသည် ဟု (ဝ)တပ်ဖွဲ့ နှင့် နီးစပ် သူတဦးက ပြောသည်။

ယင်းကိစ္စမှန်ကန်ကြောင်း  တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ၎င်းကြား သိရပုံကို ယခုလိုပြောသည်။

“သူတို့လူကြီးတွေအစည်းအဝေးရဲ့ သဘောထားပေ့ါ။ အောက်ကိုချပြခဲ့တာပဲ။ ကျနော်တို့ ကတော့ အဲ ဒီအောက်က ရဲဘော်တွေ တပ်မှူးတွေဘာတွေဆီကပေါ့နော်၊လုပ်ဖော် ကိုင်ဖက် တချို့တွေဆီကနေ အဲ ဒီသတင်းအစအန ထွက်လာတာပေ့ါ။”

၂၀၀၈ ခုနှစ် စစ်အစိုးရရေးဆွဲထားသည့် ဖွဲ့စည်းပုံမူကြမ်းအရ (ဝ)ဒေသအားသတ်မှတ်ပေး သည့်ကိစ္စနှင့်ပတ် သက်၍ လက်မခံနိုင်ကြောင်း အဆိုပါအစည်းဝေးက ဆုံးဖြတ်ခဲ့သည်ဟု ကြားသိရကြောင်း ၎င်းကဆက်ပြော သည်။

“ဒီဖွဲ့စည်းပုံမူကြမ်းမှာဆိုရင် တောင်ပိုင်းဟာ ဗမာအစိုးရပိုင်ဖြစ်တယ်။ “၀”နဲ့လုံးဝ မပတ်သက်ဖူး ဆို တာရယ်၊ လက်ရှိ “၀”ဗဟိုဌာနချုပ်ရှိတဲ့ပန်ဆန်းရဲ့ နောက်ကျောမှာ ရှိတဲ့ မုံးပေါက်တို့၊ မုံးဖျန်မြို့ နယ်တို့ အဲဒီနေရာတွေအားလုံးဟာလည်း ကျိုင်းတုန်နယ်မြေထဲ မှာထည့်လိုက်တယ်။ “၀” ကိုသူတို့ သတ်မှတ်တာက နန်ခါတောင်း အနောက်ဖက်နဲ့ သံလွင်မြစ်အရှေ့ဖက်ခြမ်း နေရာဆိုပြီးသတ် မှတ် တယ်။”

၀တပ်ဖွဲ့အနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအား မူအရလက်ခံသော်လည်း ၎င်းတို့ တပ်ဖွဲ့များအတွင်း စစ် အစိုးရတပ်မှ အရာရှိများထည့်သွင်းဖွဲ့စည်းရာ၌အခက်အခဲများစွာရှိ သည့်အတွက် ယင်းကိစ္စ မဖြစ်နိုင်ကြောင်း နို ၀င်ဘာလ ၁၄ ရက်နေ့က စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ဆွေးနွေးစဉ်က တင်ပြခဲ့သည်။

သို့သော်စစ်အစိုးရက လက်မခံဘဲ ဖိအားပိုသုံးလာခြင်းကြောင့် နောက်ဆုံး “ကျည်ဆံ တစ်တောင့် မြေတစ် လက်မမှ မပေးနိုင်” စသည့်အခြေအနေသို့ ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆို သည်။

(ဝ)ပြည်သွေးစည်းညီညွတ်ရေးပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် အာဏာသိမ်း ခွဲ ထွက်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည်။
ယခုနှစ်၊ ဧပြီလတွင် စစ်အစိုးရက (ဝ)တပ်ဖွဲ့အပါအဝင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ အား နယ်ခြားစောင့် တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ကမ်းလှမ်းခဲ့ပြီး ဖိအားပေးနေစဉ် (ဝ)တပ်ဖွဲ့က ယခုလို ၎င်း တို့၏မူဝါဒများကို အောက်ခြေအဆင့်အထိ ချပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Most read this week