ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော က ပြည်သူများ စည်းလုံးညီညွတ်ရန်နှင့် တပ်မတော်သားများ ပြည်သူ့မျက်နှာကို ကြည့်ရန် တိုက်တွန်း

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော က ပြည်သူများ စည်းလုံးညီညွတ်ရန်နှင့် တပ်မတော်သားများ ပြည်သူ့မျက်နှာကို ကြည့်ရန် တိုက်တွန်း
ယနေ့တွင် ကျရောက်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ အသက် (၉ဝ)နှစ်ပြည့် မွေးနေ့ တွင် ပြည်သူလူထု စည်းလုံးညီညွတ်ရန်နှင့် တပ်မတော်သားများ အနေဖြင့် ပြည်သူကို မျက်နာမူရန် ...

ယနေ့တွင် ကျရောက်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ အသက် (၉ဝ)နှစ်ပြည့် မွေးနေ့ တွင် ပြည်သူလူထု စည်းလုံးညီညွတ်ရန်နှင့် တပ်မတော်သားများ အနေဖြင့် ပြည်သူကို မျက်နာမူရန် ၄င်းက တိုက်တွန်း ပြောကြား လိုက်သည်။

“ကျွန်တော်တို့ပြည်သူတွေ မတရားမှု၊ ဖိနှိပ်မှု မျိုးစုံကို အလျှော့မပေးဘဲ တဗိုလ်ကျတဗိုလ်တက်၊ တ မျိုးဆက်ပြီး တမျိုးဆက် ဆက်လက်တိုက်ပွဲဝင်နေကြတာကို မပြတ်ကြားသိနေရတဲ့အတွက် အဲသလို ပြည်သူမျိုးအတွက်တော့ ကျွန်တော် အလွန်ဂုဏ်ယူပြီး အားရကျေနပ်မှုလည်း ရှိပါတယ်။ ဆက်လက် ပြီးတော့လည်း မလျှော့တမ်း ဇွဲနဲ့ ကြိုးစားအားထုတ်ကြပါလို့ အားပေး မှာကြားချင်ပါတယ်။ မိမိတို့ အ ချင်းချင်းကြားလည်း စည်းလုံးညီညွတ်ကြပါ။ သဘောထား ကြီးကြပါလို့ ပြောပါရစေ။” ဟု ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောက ပြောကြားလိုက်သည်။

တပ်မတော်နှင့်ပတ်သက်၍လည်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက-
“နအဖရဲ့ တပ်မတော်သားများကိုလည်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖပါ။ ပြည်သူ့မျက်နှာပဲကြည့် ပါ။ ပြည်သူကို ရန်သူလို သဘောမထားကြပါနဲ့လို့ မှာကြားလိုပါတယ်။” ဟု တိုက်တွန်း ပြောကြားခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို  ၁၉၁၉ ခုနှစ်၊ဒီဇင်ဘာ(၃)ရက်နေ့တွင် သာယာဝတီ ခရိုင်၊ သုံးဆယ်မြို့၊ ဆိုင်း စုရွာ၌ အဘ ဦးပန်း၊ အမိ ဒေါ်မယ်တင့် တို့က မွေးဖွားခဲ့ပြီး အမည်ရင်း ကိုရွှေဖြစ်ကာ မောင်နှမသားချင်း ခြောက် ဦးအနက် ဒုတိယမြောက် သားဖြစ်သည်။

နယ်ချဲ့ ဆန့်ကျင်ရေး(၁၃ဝဝ)ပြည့် အရေးတော်ပုံကြီးမမှ စတင်၍ နိုင်ငံရေးလှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့ပြီး တို့ဗမာ အစည်းရုံးဝင်ရောက်ကာ နောက်ပိုင်းတွင် ဂျပန်ပြည်သို့ လျှို့ဝှက် ထွက်ခွါကာ စစ်ပညာသင်ယူခဲ့သည့် ရဲဘော် သုံးကျိပ်ထဲမှ တယောက်အပါအဝင် ဖြစ်လာ ခဲ့သည်။

၁၉၄၉ ခုနှစ်နောက်ပိုင်း မြန်မာပြည်ထဲ ကျူးကျော်ဝင်ရောက်လာသည့် ကွန်မင်တန် တရုတ်ဖြူ များကို ဘုရင့် နောင် စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေးတို့ဖြင့်တိုက်ထုတ်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ပြီး  ၁၉၅၇ ခုနှစ်၊ ဧပြီလ အတွင်း  ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သည့် အကြောင်းပြချက်ဖြင့် တပ်မတော်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ၁၉၇၆ ခုနှစ်တွင်  တရုတ်-မြန်မာနယ်စပ်ရှိ ဗမာပြည် ကွန်မြူနစ်ပါတီ ဌာန ချုပ်သို့ တောခိုလာခဲ့ပြီး ၁၉၈၉ ခုနှစ် တိုင်းရင်းသားများက ဗကပကိုအာဏာသိမ်းပြီးနောက်ပိုင်း ယခုအခါ တရုတ် ပြည်တွင် နေထိုင်လျက်ရှိသည်။

Most read this week