စပါးထွက်နုန်း ကောင်းသော်လည်း စျေးမတက်၍ လယ်သမားများ မပျော်နိုင်

စပါးထွက်နုန်း ကောင်းသော်လည်း စျေးမတက်၍ လယ်သမားများ မပျော်နိုင်
ယခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း စပါး အထွက်နုန်းကောင်းခဲ့သော်လည်း စပါးစျေး မြင့်တက်လာခြင်း မရှိသဖြင့် ရခိုင် လယ်သမားများ အနေဖြင့် မပျော်ရွှင်နိုင်ဘဲ ဖြစ်နေသည်ဟု ရခို်င်တောင်သူ ဦးကြီး တဦးက ပြော ...

ယခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း စပါး အထွက်နုန်းကောင်းခဲ့သော်လည်း စပါးစျေး မြင့်တက်လာခြင်း မရှိသဖြင့် ရခိုင် လယ်သမားများ အနေဖြင့် မပျော်ရွှင်နိုင်ဘဲ ဖြစ်နေသည်ဟု ရခို်င်တောင်သူ ဦးကြီး တဦးက ပြောသည်။

“စပါးကတော့ ယခင်နှစ်ကနဲ့စာရင် ဒီနှစ်မှာ တော်တော် အထွက်နုန်းကောင်းပါတယ်။ ခက်တာက စပါးစျေးက မကောင်းတော့ လယ်သမားတွေ မပျော်နိုင် ဖြစ်နေတာပေါ့ဗျာ။”

ရခိုင်ပြည်နယ်တွင် ယခုနှစ် စပါးပေါက်စျေးမှာ တောင်း ၁၀၀ ကို ကျပ် တသိန်းခန့် ရှိသည်။

“စပါးစျေးကတော့ ငြိမ်နေပါတယ်။ ဆန်ကုန်သည်တွေက စပါးတောင်း ၁၀၀ ကို ကျပ် ကိုးသောင်းခွဲ ပေးပါတယ်။ စစ်တပ်ကတော့ ကျပ် တသိန်းတသောင်းခွဲပြီး ၀ယ်နေတာတွေ ရှိပါတယ်” ဟု သူက ပြောသည်။

စစ်တပ်မှ သက်ဆိုင်ရာ တပ်ရင်း ရိက္ခာအတွက် စပါးများကို ဒေသ ပေါက်စျေးထက် အနည်းငယ် မြင့်ကာ ၀ယ်ယူသော်လည်း များများစားစား ၀ယ်ယူမူ မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်ထွက် ဆန်စပါးများကို ဘင်္ဂလာဒေချ့်နိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိသဖြင့် ရခိုင်ထွက် ဆန်စပါးများကို စတင် တင်ပို့ရန် စီးပွားရေး သမားတချို့က စီစဉ် လုပ်ကိုင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင် တောင်သူလယ်သများ အနေဖြင့် စပါးအထွက်နုန်းတိုးသော်လည်း စပါးစျေး မတက်ပါက အမြတ်မရဘဲ ဖြစ်နေသဖြင့် စပါးစျေး တက်လာရန် မျှော်လင့်လျှက်ရှိကြောင်း သတင်းရရှိသည်။

Most read this week