ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံရမူ တိုးတက်လာမူ မရှိသေး

ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံရမူ တိုးတက်လာမူ မရှိသေး
by -
မောင်အေး
ရခိုင်အမျိုးသမီးများ အပေါ် အကြမ်းဖက် ခံရမူမှာ ယခုအချိန်ထိ တိုးတက်လာမူ မရှိသေးကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး စောမာမာကျော်ဇောက ပြော ...

ရခိုင်အမျိုးသမီးများ အပေါ် အကြမ်းဖက် ခံရမူမှာ ယခုအချိန်ထိ တိုးတက်လာမူ မရှိသေးကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး စောမာမာကျော်ဇောက ပြောသည်။

“ ရခိုင်အမျိုးသမီးတွေဟာ နအဖ စစ်အာဏာရှင် လက်အောက်မှာ အစိတ်အပိုင်းနေရာ အတော်တော်များမှာ ခုချိန်ထိ အကြမ်းဖက်ခံနေရတုန်း ဖြစ်ပါတယ်။ အဲသလို အကြမ်းဖက်မူကနေ တိုးတက်မူတွေ ရှိလာသလားဆိုတော့ ခုချိန်ထိ တိုးတက်မူတွေ မရှိသေးဘူး။ အဲဒီအတွက်ကြောင့် ကျွန်မတို့ အနေနဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မူတွေ ပပျောက်လာအောင် တတ်နိုင်တဲ့ နေရာကနေပြီး အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပါတယ်။”

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ််းအနားကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဘင်္ဂလာဒေ့ချ်ဌာနခွဲမှ ဘင်္ဂလာဒေချ့် နိုင်ငံ ကော့ဘဇားမြို့တွင် နိုဝင်္ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည်။

“ ကျွန်မတို့ အနေနဲ့ ဒီလို အခမ်းအနားတွေကို ကျင်းပရတာဟာ ကမ္ဘာအနှံ့ အပြားမှာ အမျိုးသမီးတွေကို အကြမ်းဖက်မူတွေ ရှိနေတယ်။ ဒါကို မီးမောင်းထိုးပြလိုတဲ့အတွက် ခုလို အခမ်းအနားမျိုးတွေကို ကျင်းပရတာ ဖြစ်ပါတယ်။ ကျွန်မတို့ ရခိုင်အမျိုးသမီးထု တရပ်လုံးကိုလည်း ကျွန်မတို့နဲ့ အတူ အမျိုးသမီးတွေ အကြမ်းဖက်မူ ပပျောက်ရေးမှာ ပူးပေါင်း ပါဝင် လက်တွဲ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု သူမက ပြောသည်။

ရခိုင်ပြည်နယ်တွင် နအဖ စစ်အစိုးရ အာဏာရရှိလာသည့် အချိန်မှ စပြီး သက်ဆိုင်ရာ စစ်တပ်များမှ ရခိုင်အမျိုးသမီးများအပေါ် အကြမ်းဖက်မူများ ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဘင်္ဂလာဒေ့ချ် တာဝန်ခံ စောမီမီသန်းက “ ရခိုင်အမျိုးသမီးတွေ အပေါ် ဒေသအတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်တွေက အနိုင်ကျင့် စော်ကားတာတွေ၊ အတော်မတရား လုပ်တာတွေ၊ အာဏာကို ပြပြီး အတင်း လက်ထပ် ယူတာတွေဟာ ရခိုင်ပြည်နယ် နေရာအတော်များများ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို သက်ဆိုင်ရာ နအဖ အာဏာပိုင်တွေက ကာကွယ်ပေးတာတွေ မရှိသလို အမျိုးသမီး တန်းတူ အခွင့်အရေး ဆိုတာလည်း ခုချိန်ထိ စနစ်တကျ ဆောင်ရွက်ပေးဖို့ စီစဉ်ထားတာ မရှိသေးဘူး။ ခုရေးဆွဲထားတဲ့ နအဖ ဖွဲ့စည်းပုံထဲမှာလည်း အမျိုးသမီးတွေအတွက် ဘာမှ ထူးခြားတဲ့ အခွင့်အရေးတွေကို ထည့်သွင်းရေးဆွဲထားတာ မရှိပါဘူး” ဟု ပြောသည်။

အခမ်းအနားသို့ ရခိုင်အမျိုးသား အမျိုးသမီး ရဝ ခန့်တက်ရောက်ခဲ့ပြီး နွားရုံတောင် ကျေးရွာမှ ကျောင်းသူများက ငြိမ်းချမ်းရေး သီချင်းများ သီဆို ဖြေဖျော်ခဲ့ကြပြီး ကျပန်း စကားပြိုင်ပွဲကိုလည်း ပြုလုပ်ခဲ့သည်။

နိုဝင်္ဘာလ ၂၅ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနေ့အဖြစ် ၁၉၉၉ ခု ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင်ကျင်းပသည့် ကမ္ဘာ့ကုလ သမဂ္ဂ ၅၄ ကြိမ်မြောက် မျက်နှာစုံညီ ထွေထွေညီလာခံ၏ ၈၃ ကြိမ်မြောက် မျက်နှာစုံညီ အစည်းဝေးမှ သတ်မှတ်ခဲ့သည်။

Most read this week