သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲ နိုဝင်္ဘာလ ၂၅ ရက်နေ့မှ စတင် ကျင်းပမည်

သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲ နိုဝင်္ဘာလ ၂၅ ရက်နေ့မှ စတင် ကျင်းပမည်
ပေါက်တောမြို့နယ် အနောက်ဖရုံကာ (မြေငူ) ကျွန်းတွင် တည်ရှိသော သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲတော်ကို နိုဝင်္ဘာလ ၂၅ ရက်နေ့မှ ဒီဇင်္ဘာလ ၂ ရက်နေ့ထိ (၇) ရက် တိုင်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိ ...

ပေါက်တောမြို့နယ် အနောက်ဖရုံကာ (မြေငူ) ကျွန်းတွင် တည်ရှိသော သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲတော်ကို နိုဝင်္ဘာလ ၂၅ ရက်နေ့မှ ဒီဇင်္ဘာလ ၂ ရက်နေ့ထိ (၇) ရက် တိုင်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဆံတော်ရှင်ပွဲတော်မှာ ရခိုင်ပြည်နယ်တွင် အစည်ကားဆုံးသော ဘုရားပွဲတော် တခုဖြစ်ပြီး ရခိုင်ပြည်နယ် တဝန်းလုံးမှ ဘုရားဖူးသူများသာမက မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှလည်း ဘုရားပွဲတော်သို့ လာရောက်ကြသည်။

ဆံတော်ရှင် ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ချမ်းအေးလှသည့် နတ်တော်လ လဆန်းပိုင်းမှ စပြီး လပြည့်နေ့ထိ ကျင်းပလေ့ရှိပြီး ဘုရားဖူးသူများ အနေဖြင့် ဘုရားပွဲတော်သို့ ရေကြောင်းလမ်းကို အသုံးပြုပြီး လာရောက်ကြရသည်။

အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးသူများ အနေဖြင့် စက်လှေ မော်တော်ဘုတ်များဖြင့် ဆံတော်ရှင် ဘုရားတည်ရှိရာ မြေငူကျွန်းသို့ တိုက်ရိုက်လာရောက်ကြသလို အများစု ဘုရားဖူးသူများမှာ စစ်တွေမြို့မှ တဆင့် သင်္ဘောများ မော်တော်ဘုတ်များဖြင့်လည်း လာရောက်ကြသည်။

ဆံတော်ရှင် စေတီတော်အား ဘုရားရှင်၏ ဆံတော်ဖြင့် နဂါးမင်းများက စတင် တည်ဆောက်ခဲ့သည်ဟု သမိုင်းအထောက်များအရ သိရသည်။ ၎င်းနောက်ပိုင်း ရခိုင်ဘုရင်များက ပြုပြင် မွန်းမံ တည်ဆောက်ခဲ့သည်။

ဆံတော်ရှင် ဘုရားမှာ သာယာလှပသော မြေငူကျွန်း အဖျားတွင် တည်ရှိပြီး ပင်လယ်ပြင်ကို ဖြတ်၊ တောင်များကို ကျော်ပြီး ဘုရားဖူးသွားရသဖြင့် ဘုရားဖူးသူများအား စိတ်လက် ကြည်နူးမူ ပျော်ရွှင်မူကို ဖြစ်စေသော ထူးခြားသော ရခိုင်ပြည်နယ်ထဲမှ ဘုရားပွဲတော် တခု ဖြစ်ကြောင်း သိရှိရသည်။

Most read this week